Subscribe to our RSS Feed

စီးပွားရေးပြုပြင်ပြောင်းလဲမှု အလုပ်ရုံဆွေးနွေးပွဲ သမ္မတ ဦးဆောင်ကျင်းပမည်


From : ခေတ်လူငယ်

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတော် သမ္မတ ဦးစီး၍ နေပြည်တော်၌ ကျင်းပရန် စီစဉ်ထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။ ယင်းအစည်းအဝေးပွဲ ကျင်းပနိုင်ရန် အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထု၏ တင်ပြချက် အကြံဥာဏ်များကို ရယူနိုင်ရန် ကဏ္ဍအလိုက် တာဝန်ယူထားသည့် ဝန်ကြီးများက ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄) ခုတွင် တွေ့ဆုံပွဲများ ကျင်းပရန် စီစဉ်ထားသည်။ ယင်းတွေ့ဆုံပွဲများမှ ရရှိလာသည့် ရလဒ်ကို နေပြည်တော် တွေ့ဆုံပွဲတွင် ထပ်မံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ “ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ ထင်မြင်ချက်တွေရဖို့ သမ္မတကြီးက ဝန်ကြီးတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့သွားဖို့ လမ်းညွှန်ထားခဲ့တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဆိုသည်။ လက်ရှိ နိုင်ငံတော်အစိုးရကို လွှတ်တော်၊ မီဒီယာ၊ ပညာရှင်များ၊ ပြည်ပမှ ရောက်ရှိလာသည့် အဖွဲ့များ စသဖြင့် အဖွဲ့အစည်း အသီးသီးမှ အကြံပြုချက်များ ပေးလျက်ရှိသည်။ ယင်းအကြံပြုချက်များကို အကောင်အထည်ဖော်ဖို့ရာတွင် ငါးပွက်ရာ ငါးစာချသကဲ့သို့ ဖြစ်မည်ကို စိုးရိမ်နေသည်။ ယင်းကြောင့် ယခုကဲ့သို့ အခြေအနေမှန်ကို သိရှိရန် တွေ့ဆုံပွဲများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar
Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်