Subscribe to our RSS Feed

မြန်မာ့သွင်းကုန် ပိတ်ဆို့မှု ဥပဒေသက်တမ်း တိုးဖို့ အမေရိကန် လွှတ်တော် ၂ ရပ် အတည်ပြု


၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံကနေ သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို အမေရိကန် အထက်နဲ့ အောက် လွှတ်တော် နှစ်ရပ်စလုံးကနေ မနေ့က သက်တမ်း တစ်နှစ် ထပ်တိုးလိုက်ပါ တယ်။ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေ အပေါ် အသိအမှတ်ပြုပေမဲ့ အပြောင်းအလဲတွေ ထပ်ဖြစ်လာဖို့ မျှော်လင့်ပြီး ဒီ ဥပဒေ ကြမ်းထဲမှာ အမေရိကန် သမ္မတရဲ့ လျှော့ပေါ့ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ထည့်သွင်းပေးထားတယ်လို့ ဒီ ဥပဒေ သက်တမ်းတိုးရေး အဆိုတင်သွင်းတဲ့ ဥပဒေပြု အမတ်တွေက ပြောပါတယ်။

အခုလို ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို လွှတ်တော် နှစ်ရပ်စလုံး သက်တမ်း တိုးလိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး အလေးပေးဆောင်ရွက်ကြတဲ့ လွှတ်တော် အမတ်တွေက ကြိုဆိုလိုက်ကြပါတယ်။ ဒီဥပဒေထဲမှာပဲ သမ္မတ အာဏာနဲ့ လျှော့ပေါ့ ပေးနိုင်တဲ့ လုပ်ပိုင်ခွင့် ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါကြောင့် အရေးယူမှု ဥပဒေ သက်တမ်း တိုးလိုက်တယ် ဆိုပေမယ့် မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ်တည်ပြီး အရေးယူမှုတွေကို လျှော့ပေါ့ပေးဦးမယ့် လက္ခဏာလည်း တွေ့ရပါတယ်။

ဒီ ဥပဒေ သက်တမ်းတိုးရေး အတွက် အောက် လွှတ်တော်မှာ အဓိက ကမ ကထ ဆောင်ရွက် သူ အောက်လွှတ်တော် အမတ် Joseph Crowley ကတော့ ဒီ ဥပဒေကို သက်တမ်းတိုးလိုက်တာဟာ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ လူ့အခွင့်အရေးအတွက် အလေးအနက် ရှိနေတယ် ဆိုတာကို ပြသတာ ဖြစ်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့ အမေရိကန်ဘက်က ကူညီဖို့ ပိုင်းဖြတ်ထားတယ်ဆိုတာကို ပြသတဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက မြန် မာနိုင်ငံကို ကျနော်ရောက်ခဲ့ပါတယ်။ ဒါဟာ ၁၂ နှစ်အတွင်း အောက်လွှတ်တော်ကနေ ပထမဆုံး သွားရောက်တဲ့ လွှတ်တော်အမတ်တဦးခရီးစဉ်ဖြစ်ခဲ့ပါတယ်။

ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတာကို ကျနော် မျက်မြင် တွေ့ခဲ့ပါတယ်။ လွတ်မြောက်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ မိသားစုဝင်တွေနဲ့ တွေ့ခဲ့ပါ တယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ တွေ့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပါတယ်။ ဒါကြောင့် အခု ပိတ်ဆို့လိုက်တာပါ”


ဒါကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်က သုံးနှစ်အရေးယူမှု သက်တမ်း ထပ်တိုးမယ် ဆိုပြီး ပြောဆိုနေတဲ့အချက်ဟာ မှားယွင်းတယ်လို့ အထက်လွှတ်တော်အမတ် မက်ကောနယ်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီ ဥပဒေကို လွှတ်တော်နှစ်ရပ်ကနေ တနှစ် ချင်း သက်တမ်းတိုးရမှာဖြစ်တယ်လို့ မစ္စတာ မက်ကောနယ်က ပြောပါတယ်။

ဒါ့အပြင် ဒီ ဥပဒေ သက်တမ်းတိုးတာကြောင့် အမေရိကန်အစိုးရကနေ ဒီနှစ်အစောပိုင်းတုန်းက ရင်းနှီး မြှုပ်နှံမှုနဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပိတ်ပင်ထားတာကို လျှော့ပေါ့ပေးခဲ့တာအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူးလို့လည်း ထောက်ပြပါတယ်။ ဒီ ဥပဒေပါ လိုလား သတ်မှတ် ချက်တွေ ပြည့်စုံမှုရှိလာတာနဲ့ ဒီ တားမြစ်မှု ဥပဒေကို လျှော့ပေါ့ပေးနိုင်တဲ့ အခွင့်အာဏာကိုလည်း ထည့်သွင်းထားပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို အမေရိကန်အစိုးရပိုင်းက လုပ်ပိုင်ခွင့်အရ အရေးယူမှုတွေ လျှော့ပေါ့ပေးမယ်လို့ စဉ်းစားတဲ့အခါမှာလည်း မြန်မာနိုင်ငံထဲက အပြောင်းအလဲတွေကိုတင် ထည့်သွင်းစဉ်းစား တာမဟုတ်ဘဲ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါ နီးနီးကပ်ကပ် တိုင်ပင်ညှိနှိုင်းဖို့ အထက် လွှတ်တော်အမတ် မက်ကောနယ်က အမေရိကန်အစိုးရကို အလေးအနက် တိုက်တွန်းထားပါတယ်။

Myanmar Express

5 comments:

Free Trade through the eyes of Yanks ! ! ! ! !

Does anyone believe Yanks hypocrite sound and tone of Free Trade?

U.S becoming world most corrupted hypocrite nation, flip-flooping rule of law that personified him as a liar, historic father of lies.

FTP (1) Obama: U.S. can do business in Myanmar.
http://content.usatoday.com/communities/theoval/post/2012/07/obama-us-can-do-business-in-burma/1

FTP (2) US extends Myanmar import ban despite reform.
http://thestar.com.my/news/story.asp?file=/2012/8/3/reutersworld/1208030717-us-extends-myanmar-import-ban-despite-r&sec=reutersworld

This is what fcukin Yank Government says Free Trade in WTO, let alone protectionism.

Yanks Giant Corporations against toddler Myanmar local businesses in the square ring where toddlers’ hands are tied, legs are latched, noses are blocked and mouths are sealed up.
These are the conditions Yanks to show the world that so-called Free Trade what American Government loves to do. euh!

Weren’t these Yanks saying “love you mum” for “fcuk you mum” as they just bedded own mums instead.

China is not only being crowned in Olympic, but also in economy in the sense that Chinese technically aren’t dependent consumers anymore but Chinese develop into independent designers and producers of the world, being proud stakeholder of Americans debts which yanks owe to payback.

Not dependent consumers but independent designers and producers, China. What a phenomenon.

Absolutely, you will hear again ( KaBa Sa-Yar-Gyi = Guru Of World ) Yanks’ Free Trade Vomits in coming WTO. What an inspiring Yanks? Gee! Gee! Gee!

(MSG to post my article under Pay-Sarr Letter section)

To MEG,

You should post my article anywhere appropriate in Myanmar Express. Regards

I also posted this in soc.culture.burma

Link:
https://groups.google.com/forum/?fromgroups#!topic/soc.culture.burma/YL_2e9d8M0E


+++++++++++++++++++++++++++++++++++++++++++++

Yanks' Free Trade ! ! ! ! ! What a shame ! ! ! ! !

Free Trade through the eyes of Yanks ! ! ! ! !

Does anyone believe Yanks hypocrite sound and tone of Free Trade?

U.S becoming world most corrupted hypocrite nation, flip-flooping rule of law that personified him as a liar, historic father of lies.

FTP (1) Obama: U.S. can do business in Myanmar.
http://content.usatoday.com/communities/theoval/post/2012/07/obama-us-can-do-business-in-burma/1

FTP (2) US extends Myanmar import ban despite reform.
http://thestar.com.my/news/story.asp?file=/2012/8/3/reutersworld/1208030717-us-extends-myanmar-import-ban-despite-r&sec=reutersworld

This is what fcukin Yank Government says Free Trade in WTO, let alone protectionism.

Yanks Giant Corporations against toddler Myanmar local businesses in the square ring where toddlers’ hands are tied, legs are latched, noses are blocked and mouths are sealed up.
These are the conditions Yanks to show the world that so-called Free Trade what American Government loves to do. euh!

Weren’t these Yanks saying “love you mum” for “fcuk you mum” as they just bedded own mums instead.

China is not only being crowned in Olympic, but also in economy in the sense that Chinese technically aren’t dependent consumers anymore but Chinese develop into independent designers and producers of the world, being proud stakeholder of Americans debts which yanks owe to payback.

Not dependent consumers but independent designers and producers, China. What a phenomenon.

Absolutely, you will hear again ( KaBa Sa-Yar-Gyi = Guru Of World ) Yanks’ Free Trade Vomits in coming WTO. What an inspiring Yanks? Gee! Gee! Gee!

စီးပွားရေးပိတ်ဆို့ခြင်းကို တကယ်ခံစားရတာက ပြည်သူတွေ
ပါ။ ပြည်သူတွေမျက်နှာကိုမထောက်ထားပဲ၊ ပြည်သူတွေအ
ကျိုးကိုမကြည့်ဘဲ၊ ငါတကောကောပြီး ကိုယ့်အတ္တအတွက် စီးပွားရေးပိတ်ဆို့ခိုင်းတာကတော့ လူသားမဆန်ပါ။ ဒီလို
ပိတ်ဆို့တာရော ကျွန်တော်တို့လူမျိုးတွေရဲ့ လူ့အခွင့်အရေး ကို ချိုးဖောက်နေတာမဟုတ်ဘူးလား။ ဒါကြောင့် လူ့အခွင့်
အရေးဆိုတာ အသံကောင်းဟစ်ဖို့၊ ရမယ်ရှာဖို့ လက်နက်
တစ်ခုထက်မပိုပါ။ တကယ့်လူ့အခွင့်အရေးဆိုတာ ကမ္ဘာပေါ်
မှာရှိတဲ့ လူသားအားလုံး တစ်ဦးကိုတစ်ဦး ရိုးသားမှုကိုအခြေခံတဲ့ အပြန်အလှန်
လေးစားမှု၊ နားလည်မှု တွေရှိလာမှ လူ့အခွင့်အရေး အစစ်အမှန်ရလာမှာပါ။ လောကမှာ တရားမျှတမှုမရှိ
တာတွေက အမှန်တရားလိုဖြစ်နေပြီလား၊ (ဥပမာ- နယူးကလီးယားလက်နက်မပြန့်ပွားရေးဆိုပြီး နိုင်ငံကြီး
တွေပိုင်ဆိုင်တာတွေကိုတော့ မပြောကြဘဲ၊ နိုင်ငံငယ်
တွေပိုင်ဆိုင်လာမှာကိုဘဲ တားဆီးနေတာမျိုးကိုပြော
တာပါ။ တကယ်ကတော့ ကမ္ဘာပေါ်မှာ ဘယ်သူမှ နယူး
ကလီးယာလက်နက်မပိုင်ရင်၊ ဒီနည်းပညာတွေကို မြေမြှုပ်ပစ်လိုက်ရင် ရှင်းသွားပြီပေါ့)
ဒါကြောင့် ဒီလိုတစ်ဖက်သတ်စီးပွားရေးပိတ်ဆို့တာဟာ
လူသားမဆန်တဲ့။ သူတပါးလူ့အခွင့်အရေးကို ချိုးဖောက် တဲ့ လုပ်ရပ်တစ်ခုပါဘဲ။

အစိမ်းရောင်နဲ့ ၁ ယောက်က ဘာဖြစ်နေတာလဲ... တည်တည် တန့်တန့် ကို မ၇ှိဘူး

အစိမ်းရောင်နဲ့ ၁ ယောက်က ဘာဖြစ်နေတာလဲ... တည်တည် တန့်တန့် ကို မ၇ှိဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်