From : http://www.kachindailynews.com/2013/02/kia_2.html
www.MyanmarExpress.net
KIA အောက်ခံ လမိုင်ယန်တိုက်နယ်မှ KIA လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဟာ
ရွှေကူမြို့နယ် ပေါက်ကုန်းရွာ၊ မိုးစစ်ကျေးရွာ၊ သင်္ဘောအင်းကျေးရွာနှင့် ကျွန်းတော်ကျေးရွာ
စတဲ့ရွားတွေမှ ဒေသခံရွာသားများထံကနေ အိမ်ထောင်စုတစ်စုကို ငွေကျပ် (၆၀၀၀) ကောက်ခံပြီး
KIA ကိုပေးရမယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးထံကို လူကြုံလွှတ်ပြီးပြောကြားခဲ့ပါတယ်လို့
ဒေသခံ ရွာသားတစ်ယောက်က ပြောပြပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့
သူတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တဲ့အတွက် မြို့ပေါ်က သက်ဆိုင်ရာဌာနတွေကို အကြောင်းမကြားရဲဘဲ
ကျေးရွာမှာနေထိုင်နေတဲ့ အိမ်ထောင်စုဝင်များကို တပေါင်းလတွင်ပြုလုပ်ကျင်းပမည့် ကျွန်းတောကျေးရွာရှိ
ဇေယျဘုမ္မိရွှေပေါ်ကျွန်းဘုရားပွဲမှာ မြို့ပေါ်မှ
သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းကုသိုလ်ထည့်ဝင်ရန်ဆိုပြီး
နှစ်စဉ်ကောက်ခံနေကျ အိမ်ထောင်တစ်စုကို တစ်သောင်းကျပ်နှင့်အတူ လမိုင်ယန်တိုက်နယ်ရုံးရှိ
KIA တပ်ဖွဲ့မှကောက်ခိုင်းတဲ့ငွေ ခြောက်ထောင်ကိုပါပေါင်းပြီးတော့ ၁၆၀၀၀ ကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်။
KIA တွေဟာ အစိုးရတပ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာ အုပ်ချုပ်ထောက်ပံမှူအတွက်
လိုအပ်တဲ့ ငွေတွေကို နည်းမျိုးစုံနှင့် ပြည်သူတွေဆီကိနေ ကောက်ခံနေတယ်လို့သိရပါတယ်။
မိုးညှင်းမြို့နယ်
နမ့်မချီကျောက်မှော်ဒေသမှာလှုပ်ရှားနေတဲ့ KIA တပ်ဖွဲ့တွေကို အဲဒီဒေသမှာလုပ်ကိုင်နေတဲ့
ကုမ္ပဏီက ကုမ္ပဏီပိုင် ယာဉ်ယန္တရားတွေ ပျက်စီးမှာစိုးတဲ့အတွက် တောင်းပန်ခဲ့လို့ သူတို့လိုအပ်တဲ့ငွေတွေကောက်ခံပြီး
အရပ်ဝတ်များဖြင့် ထွက်ခွာသွားခဲ့တယ်လို ဒေသခံ တွေဆီကနေ သိရပါတယ်

.jpg)

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်