Subscribe to our RSS Feed

ဖုန်းကတ် ဈေးကျတော့မယ်လို့ သမ္မတ အာမခံ

From :http://shwenaingan.blogspot.com/2013/03/blog-post_1.html

ဖုန်းကတ် ဈေးကျတော့မယ်လို့ သမ္မတ အာမခံ

1.3.2013

ရှေ့လထဲ မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေပြီလို့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ထုတ်လွှင့်တဲ့ သူ့ရဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

"မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်းချပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်"

"သက်သာတဲ့ ဈေးနှုန်း" က ဘယ်လောက်လဲ ဆိုတာ သမ္မတ မိန့်ခွန်းထဲမှာ ထည့်မပြောသွားပါဘူး။

ရန်ကုန်မှာ GSM ဆင်မ်ကတ် တခု ပေါက်ဈေးက နှစ်သိန်း ဖြစ်ပါတယ်။

နှစ်သောင်းနဲ့ရောင်းမယ်လို့ သတင်းထွက်နေကြောင်း တချို့က ဆိုပါတယ်။ အဲဒါဆိုရင် ဈေး ဆယ်ဆ ကျသွားတဲ့ သဘောပါ။

ဆင်မ်ကတ် တခု နှစ်သောင်း ဆိုတာ ၀ယ်ချင်သူတွေဘက်က လတ်တလော ပေးချင်တဲ့ဈေးလည်း ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကတ်တခု ငါးထောင်နဲ့ရောင်းဖို့ စီစဉ်မယ်လို့ ကုမ္ပဏီတခုက အော်ချက် ထုတ်ဖူးပါတယ်။ ခုချိန်ထိတော့ ဖုန်းကတ်ဈေး ငါးထောင်အထိ ချပေးဖို့တော့ အရိပ်အယောင် မမြင်ရသေးပါ။

သို့သော်လည်း ဆက်သွယ်ရေးအတွက် ကြိုးစားနေပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

"ဆက်သွယ်ရေးကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီအမံများ ထားရှိပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ... ဒီစီမံကိန်းတွေဟာ လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်" လို့ ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်း ထုတ်လွှင့်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီအစိုးရက ၂ နှစ်အတွင်း ဆင်မ်ကတ်ဈေး ကျပ်ထောင်ဂဏန်းဖြစ်အောင် လုပ်ပေးမယ် ဆိုရင် ကြံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများအပြားရမယ်လို့ ယူဆရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆင်မ်ကတ် တခု ပေါက်ဈေးက ကျပ် တထောင်ထက် မပိုပါ။

ဆင်မ်ကတ် အခမဲ့ ဝေငှတာမျိုးကိုလည်း မကြာခဏ တွေ့ရပါတယ်။


အေးချမ်းမွန်မှ  ဧရာဝတီ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
ရှေ့လထဲ မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေပြီလို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ထုတ်လွှင့်တဲ့ သူ့ရဲ့ ရေဒီယို မိန့်ခွန်း ထဲမှာ ပြော သွားပါတယ်။

"မကြာခင်ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်း ချပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်"

"သက်သာတဲ့ ဈေးနှုန်း" က ဘယ်လောက်လဲ ဆိုတာ သမ္မတ မိန့်ခွန်းထဲမှာ ထည့်မပြောသွားပါဘူး။

ရန်ကုန်မှာ GSM ဆင်မ်ကတ် တခု ပေါက်ဈေးက နှစ်သိန်း ဖြစ်ပါတယ်။

နှစ်သောင်းနဲ့ရောင်းမယ်လို့ သတင်းထွက်နေကြောင်း တချို့က ဆိုပါတယ်။ အဲဒါဆိုရင် ဈေး ဆယ်ဆ ကျသွားတဲ့ သဘောပါ။

ဆင်မ်ကတ် တခု နှစ်သောင်း ဆိုတာ ၀ယ်ချင်သူတွေဘက်က လတ်တလော ပေးချင်တဲ့ဈေး လည်း ဖြစ်နိုင် ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကတ်တခု ငါးထောင်နဲ့ရောင်းဖို့ စီစဉ်မယ်လို့ ကုမ္ပဏီတခုက အော်ချက် ထုတ်ဖူးပါတယ်။ ခုချိန်ထိတော့ ဖုန်းကတ်ဈေး ငါးထောင်အထိ ချပေးဖို့တော့ အရိပ်အယောင် မမြင်ရသေးပါ။

သို့သော်လည်း ဆက်သွယ်ရေးအတွက် ကြိုးစားနေပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

"ဆက်သွယ်ရေးကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီ အမံများ ထားရှိပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ... ဒီစီမံကိန်းတွေဟာ လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်" လို့ ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်း ထုတ်လွှင့် ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီအစိုးရက ၂ နှစ်အတွင်း ဆင်မ်ကတ်ဈေး ကျပ်ထောင်ဂဏန်းဖြစ်အောင် လုပ်ပေးမယ် ဆိုရင် ကြံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများအပြားရမယ်လို့ ယူဆရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆင်မ်ကတ် တခု ပေါက်ဈေးက ကျပ် တထောင်ထက် မပိုပါ။

ဆင်မ်ကတ် အခမဲ့ ဝေငှတာမျိုးကိုလည်း မကြာခဏ တွေ့ရပါတယ်။


 www.MyanmarExpress.net
 

6 comments:

သုံးလေးသောင်းဆိုရင်အတော်အဆင်ပြေမှာပါ။

က္ဈန်တော်တို့ကတော့ (15) သိန်းတန် GSM ကိုင်ခဲ့တာပါ ပဲ။ ဒါပေမယ့် ဝမ်းမနည်း ပါဘူးဗျာ။ လွတ်တဲ့ငါးလည်း ကြီးမနေ တော့ပါဘူး။ အများပြည်သူတွေ ဈေးနူန်းချိုသာ စွာနဲ့ လူတိုင်းနီးပါး ဖုန်းကိုင်နိုင်မယ့် အရေးမို့ အားပေးပါ တယ်။ မုဒိတာစိတ်လည်း ထားနိုင်ပါတယ်။ ဖုန်းဆိုတာ သာရေးနာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး...စတဲ့ ကိစ္စအဝဝ အတွက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ဆက်သွယ်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်ခုမို့ ဒီသတင်း ကြားရတာ ဝမ်းသာ ပါတယ်ဗျာ။ ရှေ့လျောက် ပြည်သုတွေရဲ့ လိုအပ်ချက် မှန်သမျှကို အခုလိုပဲ အတတ် နိုင်ဆုံး ဖြည့်ဆည်းပေးနိုင် ပါစေလို့ သမ္မတကြီးအား ဆုတောင်းမေတ္တာ ပို့သပါတယ် ခင်ဗျာ။

ကျုပ်က အခြေခံ လူတန်းစားဆိုတော့ ဘာပဲဈေးကျဈေးကျ ဝမ်းသာပါတယ်။ လစာတိုးပြီး ပစ္စည်တွေ ဈေးတက်လာတာနဲ့ စာရင် လစာမတိုးဘဲ ပစ္စည်းတွေ ဈေးကျတာက အခြေခံလူတန်းစားများ အတွက် ပိုကောင်းပါတယ်ဗျာ။ ကျုပ်တို့က နိုင်ငံတော် ဝန်ထမ်း မဟုတ်တော့ လစာတိုးတာရဲ့ ကောင်းကျိုးကိုတော့ မခံစားရဘူးဗျ။ လစာတိုးလို ဈေးတက်လာတဲ ကုန်ဈေးနှုန်းလား ဒါမှမဟုတ် ငွေကြေး ဖောင်းပွလာလို့ ဈေးတက်လာတဲ့ ကုန်ဈေးနှုန်းလားတော့ မသိဘူး အဲ့ဒါရဲ့ ဆိုးကျိုးကိုတော့ ခံစားရတယ်ဗျာ။ အခုလို ဈေးချပေးတာက လစာတိုးပေးလို့ မရတဲ့ ကျုပ်တို့လို အခြေခံလူတန်းစား အတွက်ရော နိုင်ငံတော် ဝန်ထမ်းများအတွက်ပါ တန်းတူ အခွင့်ရေး ရစေပါတယ်ဗျာ။ အခုလို အခြေခံ လူတန်းစားများအပေါ် တန်းတူ အခွင့်အရေး ရအောင် တွေးခေါ် ဆောင်ရွက် ပေးနေတဲ့ သမ္မတကြီး ဦးသိန်းစိန် ကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ဖုံးကတ်ဈေးနှစ်သောင်းဖြစ်ဖြစ် ငါးထောင်ဖြစ်ဖြစ် ကြိုဆိုပါတယ် အရေးကြီးတာက ဖုံးပြောခ အနည်းဆုံး တစ်ဆယ်ကျပ်လောက်အထိ လျော့ ချပေးသင့်ပါတယ် ဖုံးအသုံးပြုသူများရင်များလာသလို ဖုံးခေါ်ဆိုခကို လျော့လျော့ပေးသွားသင့်ပါတယ် ဖုံးဆင်ကဒ်က တစ်ခါပဲ ရင်းရတာပါ ဖုံးပြောခက နေ့ တိုင်းပြောတိုင်း ခံစားကြရမှာပါ

ဖုံးကဒ်ဈေး နှစ်သောင်းဖြစ်စေ ငါးထောင်ဖြစ်စေ ကြိုဆိုလျက်ပါ ဖုံးဆင်ကဒ်က တစ်ခါပဲရင်းရတာပါ အမြဲခံစားရမှာက ဖုံးပြောခပါ အိမ်တစ်အိမ်မှာ ဖုံးသုံးလုံးရှိရင် တစ်လဖုံးပြောခ အနည်းဆုံး တစ်သိန်းခန့်ကုန်ပါလိမ့်မယ် သမ္မတကြီးကို အထူးတောင်းဆိုလိုတာက ဖုံးပြောခကို ငါးကျပ် သို့မဟုတ် တစ်ဆယ်ကျပ်အထိ လျော့ချပေးစေချင်ပါတယ် သမ္မတကြီးခင်ဗျား ကျေးဇူးတင်ပ်ါတယ်

သမ္မတကြီး မြန်မြန်အကောင်အထည်ဖော်ပေးပါ အားကိုးပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်