Subscribe to our RSS Feed

အန်တီစု ရဲ့ မျိုးချစ်စိတ် ကိုတော့ လေးစားမိတာ အမှန်ပါ

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လက်ထက် ပင်းတယ မြို့သူကြီး ဦးမြတ် ရဲ့ မျိုးဆက်၊ ပဲခူးနယ်တွင် အင်္ဂလိပ်ကို ရွတ်ရွတ်ချွံချွံ တော်လှန်ခဲ့သူ မျိုးချစ်သူရဲကောင်းကြီး ဦးဘိုးမြ၊ အင်္ဂလိပ်ကို တော်လှန်ခြင်းကြောင့် အင်္ဂလိပ်တို့ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံရသူ ဗိုလ်မင်းရောင် ရဲ့ မျိုးဆက်၊ အင်္ဂလိပ်ဆီက လွတ်လပ်ရေး ကို တိုက်ယူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ဟာ အမျိုးချစ်သူ တစ်ဦး ဖြစ်တယ် ဆိုတာကိုတော့ အားလုံးက လက်ခံနိုင်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုး နှစ် ပိုင်းရှိပြီး တစ်မျိုးမှာ မိဘ မောင်နှမ ဘက်မှ အမျိုးများ ဖြစ်ကာ၊ နောက်တမျိုးကတော့ ယောင်္ကျား ဘက်မှ အမျိုးတွေ ဖြစ်ပါတယ်။ ယောင်္ကျား နဲ့ ယောင်္ကျား ဘက် က အမျိုးတွေကတော့ အင်္ဂလိပ်လူမျိုးများ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိဘ ဘိုးဘွားကများကတော့ အင်္ဂလိပ် ကို တိုက်ခိုက်ရင်း အင်္ဂလိပ် သတ်လို့ သေဆုံး သွားကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဘိုးစဉ်ဘောင်ဆက် မြန်မာ များအားလုံးကို ၎င်း ၏ မျိုးရိုး အဖြစ်လုံးဝ သတ်မှတ်ခြင်း မသိပဲ သူမကိုယ်သူမ အဲရစ် မျိုးဆက် အဖြစ်ပဲ ခံယူထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဘက်က အမျိုးတွေကို စိမ်းကားပေမယ့်လည်း အင်္ဂလိပ်ဖက်က အမျိုးတွေ သာ မက အင်္ဂလိပ် လူမျိုး များကိုတော့ အလွန်အမင်း ခင်တွယ် တတ်တာ တွေ့ရပါတယ်။ လင်တော်မောင် မိုက်ကယ်အဲရဲ့ အမျိုးတွေ ဆိုပြီး အမြဲတမ်း အသားပေး ဆက်ဆံတဲ့အပြင် မြန်မာတွေထက်လည်း ဦးစားပေးဆက်ဆံတတ်သူ ဖြစ်ပါတယ်။

ပင်းတယ မြို့သူကြီး ဦးမြတ်၊ မျိုးချစ်သူရဲကောင်းကြီး ဦးဘိုးမြ နှင့် ဦးမင်ရောင် တို့၏
မျိုးဆက် သစ် မစ်စ် အဲရစ် (Mrs Aris) နှင့် ဆွေမျိုးပေါက်ဖော်များ

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးချစ်သူ တစ်ယောက် ဆိုပေမယ့်လည်း အမျိုးအားလုံးကိုတော့ မချစ်ခဲ့ပါဘူး။ မောင်နှမ အရင်းခြာတွေ ဖြစ်တဲ့ ဦးအောင်ဆန်းဦး တို့ မိသား စု ကို ရန်သူလို သဘောထားနေခဲ့ပြီး ယောင်္ကျားဖက်က အမျိုးတွေ ကိုတော့ ပလူးပလဲ ဖက်လဲ တကင်း နေတတ်သူ ဖြစ်ပါတယ်။

ဗမာပြည်သည် ဒို့ပြည်
ဗမာစာ သည် ဒို့စာ
ဗမာစကား သည် ဒို့စကား

ဆိုတဲ့ ကြွေးကြော်သံနဲ့ အတူ သခင် အမည်ခံခဲ့ တဲ့ ဒို့ဗမာ အစည်းအရုံးဝင် သခင်အောင်ဆန်းရဲ့ သမီးအရင်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံထက် အင်္ဂလန် နိုင်ငံကို မှ ကိုယ့်နိုင်ငံထင်ပြီး အသက် ၄၃ နှစ် ထိ သွားရောက်နေထိုင်ခဲ့ပါတယ်။ အခုချိန်ထိ မြန်မာ စာလုံးပေါင်းကို မှန်အောင် လှလှပပ မရေးတတ်သလို မြန်မာစကား ထက် အင်္ဂလိပ်စကားကို မှ ကိုယ့် စာ ထင်ပြီး မြန်မာနိုင်ငံ အတွင်းမှာ မြန်မာ တွေနားထောင်နေတဲ့ အချိန်မှာတောင် မြန်မာလို မပြောပဲ အင်္ဂလိပ်လို့ မိန့်ခွန်း ပြောတတ်သူ ဖြစ်ပါတယ်။

အင်္ဂလိပ် လူမျိုး မိုက်ကယ် အဲရစ် နဲ့ ရတဲ့ သား အရင်း နှစ်ယောက်ကိုလည်း မြန်မာစာ လုံးဝ သင်ပေးထားခြင်းမရှိသလို မြန်မာစကား ပြောဖို့လည်း လုံးဝ အားမပေးခဲ့ပါဘူး။


အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ် အတွက် ကလေးမွေးပေးသည့် ဗိုလ်ချုပ်အောင်ဆန်း သမီး


မြန်မာစကား မပြောတတ်တဲ့ မိသားစုနှင့် တွေ့ရသော သခင်အောင်ဆန်း၏ သမီး


ဦးအောင်ဇေယျ လက်ထက် ပင်းတယ မြို့သူကြီး ဦးမြတ် ရဲ့ မျိုးဆက်သစ်မလေး မစုကြည်



ဒေါ်အောင်ဆန်းစုကြည်ဟာ လင်တော်မောင် မိုက်ကယ်အဲရစ် ရဲ့ အမျိုး အင်္ဂလန်သား တွေကို အမျိုးချစ် စိတ်ဓာတ် ရှိရှိ ဆက်ဆံ ကာ အိမ်မှာ ခေါ်ပြီး ပါတီပေးတာတွေ လုပ်နေပေမယ့် မြန်မာဘက် က အမျိုးအရင်းတွေ ကိုတော့ လမ်းတွေ့ရင်တောင် မမြင်ချင်ဟန် ဆောင်နေကြောင်း သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ ဒီကနေ့ခေတ်မှာ နိုင်ငံတနိုင်ငံကို သိမ်းပိုက်ဖို့အတွက် နိုင်ငံကြီးများက ၎င်း တို့ရဲ့ သြဇာခံသူ၊ အဆင်ပြေ သူတွေကို အစိုးရတင်ပြီး လူမျိုးရေး ဝါးမြိုကာ သိမ်းပိုက်တဲ့ နည်းကို သုံးနေကြကြောင်း ပြီးခဲ့တဲ့ တပ်မတော်နေ့ မိန့်ခွန်းမှာ သတိပေး ပြောကြားသွားပါတယ်။

Myanmar Express

10 comments:

ကောင်းကွာ.. မြန်မာပြည် ဘယ်တော့ ရောင်းစားခံရမလဲ ကြည့်ရအုံးမယ်..

I support her. 0129364653

She is going to destroy not only our country but also all of our people from the root.

စုကြည်က မိန်းမယုတ်ပါ

အောင်ဆန်းစုကြည်က ကြီးမှ မျိုးချစ်စိတ်တွေ အရမ်းထက်သန်သွားတာနဲ့တူတယ် ...
ငယ်တုန်းကတော့ .. .?

ဗို လ် ချုပ် ချိန် ထား တဲ့ ဓါး က သူ့  သ မီးကို သ တ် ဖို့ လုပ် နေ တာ ဖြစ် မယ်

http://myanmarmyalways.wordpress.com
“ပထွေး အဖေခေါ်ချင်သူများအတွက်”

အခုနက်ပေါ်မှာ ခေတ်ထလာတာ မြန်မာလား၊ ဘားမားလားတဲ့။ ဒါနဲ့ပတ်သက်လို့ ကျနော်ရေးခဲ့တဲ့ မှတ်ချက်ကိုပဲ ဒီမှာ ဖော်ပြလိုက်ပါတယ်။ ဖတ်ကြည့်ပါ။

“အံ့သြလို့မဆုံးဘူးဗျာ။ ဒီနိုင်ငံကို ကျနော်တို့ကော ကျနော်တို့ဖိုးဖွားတွေပါ ဘယ်လိုခေါ်ခဲ့တယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိပါတယ်ဗျာ။ ဒါကို စစ်အစိုးရကို မုန်းတာတစ်ခုတည်းနဲ့ အကုန် အဖြူကို အမဲလုပ်ပစ်မယ်ဆိုရင် ခင်ဗျားတို့အားလုံးဟာ ဖိုးဖွားအမွေနဲ့ လုံးလုံးမထိုက်တန်ဘူးဆိုတာလောက်တော့ သဘောပေါက်ကြပါ။

အရင်းစစ်ရင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာလို့မခေါ်နိုင်လို့ ဖားယားပြီး ဘားမားနေကြတာအပြင် ဒီလူတွေမှာ ဘာအတွေးအခေါ်မှ မရှိကြဘူး၊ ပါးစပ်အငှား ခေါင်းအငှားနဲ့ တိုင်းပြည်ကို ရောင်းစားချင်သူတွေချည်းပါပဲ။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာလို့ခေါ်ကြည့်လိုက်စမ်းပါ၊ အကုန်ဝိုင်းမြန်မာ မြန်မာနဲ့ တစာစာလုပ်ပြမဲ့သူတွေချည်းပါပဲ။

ဘာလို့များ ကိုလိုနီအရှင်သခင်ကပေးခဲ့တဲ့နာမည်ကို ဒီလောက်စွဲလန်းနေကြသလဲ မတွေးတတ်ဘူးဗျာ။ အံ့သြတာတော့ ကမ်းကုန်ပါပဲ။ တစ်ခုတော့ပြောစရာ (ဒါကလဲ တကယ်ကို ရှိနေလို့) ရှိတာပေါ့ဗျာ၊ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယောက်ျားက ကိုလိုနီအရှင်သခင်မျိုး၊ သားတွေ မြေးတွေက ကိုလိုနီအရှင်သခင်သွေးတွေလေ၊ ခုတော့ ဆွေမျိုးရင်း ရွှေမျိုးရင်းတွေ ဖြစ်ကုန်ပြန်ပြီလေ။

ကျနော်ကတော့ ရှင်းရှင်းနဲ့ဘွင်းဘွင်းပဲ၊ ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ် ထောက်ခံသင့်တာကို ထောက်ခံမယ်။ ကန့်ကွက်စရာတွေ့ရင် ကန့်ကွက်မယ်။ ကိုယ့်အသိ ကိုယ့်ဥဏှောက်နဲ့ စဉ်းစားဆုံးဖြတ်မယ်၊ သူများယောင်တိုင်း မယောင်ဘူး။

မြန်မာပြည်မှာ ခေါင်းဆောင်ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုး အရှင်သခင်တွေပေးသွားတဲ့ နာမည်တွေ မြန်မာလို ပြောင်းထားတာ အများကြီးရှိတယ်။ ဘယ် ပြည်သူ့ဆန္ဒမှ ခံယူပြီး ပြောင်းထားတာမဟုတ်ဘူး။ ခေါင်းဆောင်တွေက ပြောင်းသင့်တယ်ထင်လို့ပြောင်းထားတာ၊ ဗိုလ်ချုပ်အောင်ဆန်းဈေး တဲ့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း တဲ့၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံတဲ့ စုံနေတာပဲ။ အဲဒါတွေတော့ ပြန်ပြီးပြောင်းဖို့ မတောင်းဆိုလောက်ကောင်းလောက်ဘူး၊ခုလို ဆန္ဒခံယူတာ မလုပ်လောက်ဘူးလို့ ထင်မိပါတယ်။ ဒီအထိ လုပ်လာရင်တော့ အဲဒီလူတွေဟာ ထမင်းမစားထိုက်တော့ဘူး၊ ဟိုဟာသာ စားကြပေတော့လို့ ထောပနာလိုက်ပါတယ်။”

ကိုယ့်သမိုင်း ကိုယ့်ရာဇဝင်ကို အထင်သေးတဲ့ လူတွေထဲမှာ ဘာအနှစ်အသားမှမရှိတဲ့ ခေါင်းဆောင်ရူးရူးတဲ့လူတွေရဲ့ အူကြောင်ကြောင် ဆင်ခြေတွေ ဖတ်ရတာတော့ အကျိုးရှိတယ်ဗျာ။ နဂိုက နည်းနည်းတော့ ဟုတ်မလားထင်တဲ့ လူတွေရဲ့အတွေးအခေါ်တွေ ထွက်ကျလာတယ်လေ။ အမူးသမားရဲ့ အန်ဖတ်တွေလို ချဉ်စုပ်စုပ် မစင်နဲ့ မခြား။

အိန္ဒိယက မြို့နာမည်တွေ အများကြီးပြောင်းပစ်တယ်။ စီလုံလို့အင်္ဂလိပ်ခေါ်ခဲ့တဲ့နိုင်ငံက မူလနာမည်ဖြစ်တဲ့ သီရိလင်္ကာလို့ ပြောင်းတယ်။ အခုဆို အသားကျလို့ ဘယ်ပြည်သူတွေကမှ အထွန့်မတက်ဘူး။ ဒီလိုပြောင်းနေကြတာ ကမ္ဘာနဲ့အဝှန်းဗျ။ ပျက်အစဉ် ပြင်ခန တဲ့၊ တစ်စချုပ် အစုပ်သက်သာ တဲ့။

ဦးသိန်းစိန်အစိုးရက ဘာလိုချင်လို့ ဘယ်အထိလျှော့ပေးနေတယ်ဆိုတာတော့ သူတို့မှပဲသိမယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်တာ ပါတီမှတ်ပုံတင်တာကိုက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သဘောတူပါတယ်လို့ လက်မှတ်ထိုးထားခဲ့ရတာဖြစ်တယ်။ သူကိုယ်တိုင်လဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုက်နာပါ့မယ်၊ လေးစားပါ့မယ်လို့ အခါခါ ရှင်းခဲ့ပြီးဖြစ်တယ်။ သူကိုယ်တိုင် စကားမတည်ဘူး၊ မလိုက်နာဘူး။ အထက်က အချိန်မရွေး အဲဒါနဲ့ကိုင်နိုင်တယ်ဆိုတာ သဘောပေါက်ပါ။

ဒါပေမဲ့၊ တကယ်က ဒီလိုကိုင်ကိုင် မကိုင်ကိုင် ကိုယ့်ပြည်သူပြည်သားတွေ ကိုယ့်တိုင်းပြည်ကိုခေါ်သလို အပြင်ကလူတွေကို ခေါ်ခိုင်းတာ ဘာမှကန့်ကွက်စရာမဟုတ်ဘူး။ ဒါ နာမည်ပြောင်းတာ အသစ်မှည့်တာ မဟုတ်ဘူး။ သူများခေါ်ချင်သလို ခေါ်ခဲ့တဲ့နာမည်ကို ကျုပ်တို့က ပြောင်းတာသာဖြစ်တယ်၊ အမှားကို အမှန်နဲ့အစားထိုးတာသာဖြစ်တယ်။

လာလာသေးတယ်ဗျာ၊ ဘားမားကို ဘားမိစ်လို့ ခေါ်တော့ အိုကေ၊ မြန်မာကို မြန်းမိစ် (ဆရာဦးသာနိုး အစု) မြန်မာရိစ် (အစိုးရနဲ့ အင်္ဂလိပ်စာတတ်၊ ဘာသာဗေဒတတ်တဲ့ ကမ္ဘာအစု) ဒါကျတော့ ထောင့်သလေး အောင့်သလေး ဆိုတာမျိုး။ မြန်မာကို အာရ်နဲ့ပေါင်းရင် မြန်မာရိစ်ဖြစ်မှာပဲ၊ အာရ်ဖြုတ်ရင် မြန်မာပဲ ကျန်မလား၊ ဥိးသာနိုးသဘောကျတဲ့ မြန်းမိစ်ပဲဖြစ်မလား ဒါကတော့ ပညာရှင်တွေရဲ့အလုပ်ပဲဖြစ်တယ်။ ဟိုအရင်က အင်္ဂလိပ် အမေရိကန်တွေကိုတိုင် အစပိုင်းမှာ ဘားမားကို အဆုံးမှာ အိပ်ခ်ျနဲ့သတ်တာရှိဘူးတယ်။ ခုကျနော်တို့ မြန်မာကို အာရ်နဲ့မသတ်ပဲ အိပ်ခ်ျနဲ့သတ်ရင် တခါတခါ အင်္ဂလိပ်စာမှာ အိပ်ခ်ျကိုလဲ သရအနေနဲ့ယူတော့ကာ သရ ၂ လုံးနဲ့ဆုံးရင် မြန်မာစာ မြန်မာစကား အစစ ထိုင်းလိုပဲ ပြောင်းစရာမလိုဘူးဖြစ်ချင်ဖြစ်မယ်။ ပညာရှင် ဘာသဗေဒကျွမ်းကျင်သူတွေ စဉ်းစားကြည့်ဖို့ အခန့်သင့်လို့ အကြံပြုလိုက်ပါတယ်။ ဒါလဲ အကျုံးမဝင်ဘူးဆိုရင်တော့ ကျနော့်တစ်ကိုယ်ခြင်းအနေနဲ့ မြန်မာရိစ်ကိုပဲ ယူချင်ပါတယ်။ မြန်းမိစ်ကတော့ မာ မပါလာလို့ပါ။

မြန်မာ အိပ်စပက် က စုကြည် နိုင်ငံခြားသားယူပြီး၊ အင်္ဂလိပ် ကလေးတွေ မွေးတဲ့ အကြောင်း က ဆိုဒ်တစ်ခုလုံးရဲ့ ၄၅ ရာခိုင်နှုန်းရှိနေတယ်......ဓာတ်ပုံသုံးထားတာတွေလဲ ဂျာအေးကို သူ့အမေ ရိုက်နေတယ်.....ဒီအချိန်မှာ ညီလေးတို့လုပ်သင့်တာက စုကြည် ကို နောက်လင်တစ်ယောက် မြန်မြန်ရပါစေ လို့ဆုတောင်းထား
ဒါမှ အိပ်စပက် ကြီးက မှတ်တိုင် အသစ်တွေကို ထပ်ဆိုက်လို့ ရမှာပါ..

The country name BURMA came from BAMAR National, that was British Colonial tricks of the Colonialism and they wanted to divide all MYANMAR Nationals in the country. BURMA or BAMA was only representative for BAMAR National, MYANMAR is representative for all Nationals who were born and living together in the country. Actually that was no BURMESE, British just made copy as Chinese, Japanese and Vietnamese, they added the last words "ESE", why don't we call them "Britishese or Englishese and Americanese". That was British's dirty trick, tell the British that MYANMAR people are not a fool.

Fuck the brits and american. Fuck them all.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်