Subscribe to our RSS Feed

ပြည်သူနှင့်ပြည်ခိုင်ဖြိုးပါတီကြား သွေးခွဲခြင်းလုပ်ဆောင်နေတဲ့ NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း

 ဒဏ္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း
 ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဦးနိုင်ငံလင်း အနိုင်ရရှိသွားသည့်အတွက် ၎င်းမြို့နယ်အတွင်းမှာ ကြံ့ခိုင်ရေးပါတီမှ ပြုလုပ်ပေးထားသော ရေတွင်းများကို ယမန်နေ့(၃-၄-၂၀၁၂)တွင် လိုက်လံ၍ ပြန်လည်ပိတ်ဆို့ခဲ့ကြောင်းသိရှိရသည်။ထိုသို့လုပ်ဆောင်ခြင်းကြောင့် ဒဏ္ခိဏသီရိမြို့နယ်အတွင်းရှိ ပြည်သူများမှာ ရေအတွက်အခက်အခဲများစွာရှိနေကြောင်းသိရှိရသည်။ဒဏ္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးနိုင်ငံလင်း အနေဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ပြုလုပ်ပေးထားသော ရေတွင်းများအား လိုက်လံပိတ်ဆို့ခဲ့သော်လည်း NLD ပါတီအနေဖြင့် နောက်ထပ်ရေတွင်းသစ်များ အား တူးဖော်ပေးနိုင်ခြင်းမရှိသေးကြောင်းလည်း သိရှိရသည်။မြို့နယ်နေ ပြည်သူတစ်ဦးက  "ကျွန်တော်တို့အနေနဲ့ အန်တီစု ဦးဆောင်တဲ့ NLD ပါတီကို မဲပေးခဲ့တာဟာ ပြည်သူအတွက်တကယ်အလုပ်လုပ်ပေးမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့မဲပေးခဲ့တာပါ။ဒါပေမယ့် ခု ဦးနိုင်ငံလင်းအနေနဲ့က အရင်ပြည်ခိုင်ဖြိုးပါတီက လုပ်ပေးခဲ့တဲ့ ရေတွင်းတွေကို လိုက်လံပိတ်ဆို့တာကတော့ မလုပ်သင့်ဘူးလို့ထင်တယ်။ဘာကြောင့်လည်းဆိုတော့ ပြည်ခိုင်ဖြိုးပါတီ ဆိုတာလည်း ပြည်သူတွေအတွက်ဘဲ အလုပ်လုပ်ပေးတာပါ။NLD ပါတီလည်း ပြည်သူတွေ အတွက် အလုပ်လုပ်ပေးဖို့ ခုကြားဖြတ်ရွေးကောက် ပွဲမှာ ၀င်ပြိုင်ခဲ့တာပါ။ဘာပြောပြော ခုလို NLD ပါတီအနေနဲ့ ပြည်ခိုင်ဖြိုးပါတီက လုပ်ပေးတဲ့ ရေတွင်းတွေကို လိုက်ပိတ်တာက ကျွန်တော့်အမြင်ပြောရရင် သွေးခွဲနေတာလိုလို၊သီးသန့် အုပ်ချုပ်ချင်နေတဲ့ ပုံစံဖြစ်နေတယ်။နောက်ပြီး ပြည်ခိုင်ဖြိုး ဆိုတာကလည်းကြားဖြတ် ရွေးကောက်ပွဲမှာ ရူံးသွားလို့ ပျက်ဆီးသွားတဲ့ အဖွဲ့အစည်းမှ မဟုတ်တာ..ပြည်ခိုင်ဖြိုးကလည်း ပြည်သူတွေ အတွက်ဘဲ ဆက်လက်လုပ်ဆောင်နေမှာပါ..အားလုံးပူးပေါင်းပြီး လုပ်တော့ ကျွန်တော်တို့ အတွက် အကောင်းဆုံးပေါ့ဗျာ။ဒီလိုလုပ်တာကတော့ လုံးဝ မဖြစ်သင့်ကြောင်း"  MEG မှ သတင်းထောက်တစ်ဦးအား ပြောကြားခဲ့သည်။NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း အနေဖြင့်လည်း နိုင်ငံတော်တိုးတက်အောင်ဆောင်ရွက်ရာမှာ အခုလို ပါတီစွဲ စိတ်ဓာတ်ဖြင့် ခွဲခြားလုပ်ဆောင်နေခြင်းဖြင့် တိုင်းပြည်က ဘယ်တော့မှ တိုးတက်တော့မည်မဟုတ်ဘဲ ဘယ်ပါတီက ဘဲလုပ်ဆောင်လုပ်ဆောင်၊လုပ်ဆောင်ထားသောအရာတွေကိုသာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသင့်ကြောင်းအကြံပြုတင်ပြလိုက်သည်။ 
Myanmar Express 
 

7 comments:

Myint Myint Khin Pe
Yesterday
ဒီနေ့ဘဲ NLDက လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းကို မဲပေးလို့ဆိုပြီး ဒဏ္ခိဏသီရိမြို့နယ် မှာရှိတဲ့ အိမ်ခြေ ၂၀၀၀ရှိ ချိုင်းရွာမှာ ယခင်ကြံ့ခိုင်ဖွံ့ဖြိုးရေးက တူးပေးထားတဲ့ ရေတုံကင်များကို ရွာသားများ
အသုံးပြုခွင့်ကို ပိတ်ပင်လိုက်တဲ့ အကြောင်း ဦးနိုင်ငံလင်း နာရေးကူညီမှုအသင်းကို လာရောက် အကြောင်းကြားတဲ့အတွက် အသင်းက ရေတုံကင်၃ခုအတွက်ငွေ ၄သိန်းလှူဒါန်းလိုက်ပါတယ်။ တကယ်တော့ နာရေးကူညီမှုအသင်းက အ၀ီစိတွင်း လှူဒါန်းလိုပေမဲ့ ရွာခံတွေက သူတို့ဟာအဲဒီနေရာက ဘယ်တော့ပြောင်းရမလဲလို့ အမြဲစိုးရိမ်နေရတဲ့ အခြေအနေမို့ ရေတုံကင်ဘဲလိုချင်ပါတယ်ဆိုလို့ ဒါဘဲလှူလိုက်ရတာပါ။
100

အခုမှ လွှတ်တော်အမတ်လေး ဖြစ်ရုံရှိသေးတယ် လုပ်နေကြပြီလား .. အစိုးရအဖွဲ့ဝင်တွေသာဖြစ်သွားလို့ကတော့ မတွေးဝံ့စရာပဲ .. ဒီလိုပုံမျိုးနဲ့ဆို လင်းစရာ နောက်မီးပဲရှိမယ်

people understand who has good mind and who has bad mind.

ဇာတိကပြလာပြီ။
ဒီလိုပါပဲ ရေခံမြေခံကောင်းမှာပေါက်ဖွားလာတာမှမဟုတ်တာ။
နောင် ဒီထက်ဆိုးမယ်။
ပြည်သူနဲ့ ပြည်ခိုင်ဖြိုး သတိကြီးကြီးထားမှတော်ကာကျပါမယ်။

ဒါပဲလေ.. ဒီလိုပဲ ဖြစ်ရမှာပေါ့.. ဒါအမှန်တရားတွေလေ...

ဒီကောင်ပုံစံကိုက(နိုင်ငံလင်း)ညစ်ကျယ်ကျယ်နဲ့
ဒို့ပါတီအာဏာရတဲ့တစ်နေ့ NLD အရိုးတောင်လိုပုံအောင်သတ်မယ် ။

Worrr. Harrrrr Harrrr Harrrr... World funniest website!!!!
Reverse news... Can do only like this forever??? What you all can do more than this??? Harrrr. Harrrr worrr Harrr Harrr

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်