Subscribe to our RSS Feed

ရန်ကုန်တိုင်းဒေသကြီး ညဘက်မီးအပြည့်အဝ ပြန်ရမည်



ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် များကို ဧပြီလ၂ရက်နေ့မှစတင်ကာ မြိုနယ်တစ်ခုလျှင် အုပ်စုအေ၊ ဘီ၊စီ ဟူ၍ ၆ နာရီခြားတစ်ခါ အလှည့်ကျမီးပေးခဲ့ရာမှ ယခုလ၆ရက်နေ့မှ စတင်ပြီး ညလုံးပေါက် မီးအပြည့်အဝ ပြန်လည် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ယနေ့ ညနေ ၃ နာရီတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ထုတ်လုပ်မှုညီမျှလုံလောက်မှုမရှိခြင်းကြောင့် ယခုကဲ့သို့သော အလှည့်ကျမီးပေးစနစ်ကို အသုံးပြုခဲ့ရသော်လည်း ယနေ့(ဧပြီလ ၆ ရက်နေ့) မှ စတင်ကာ နယ်စပ်ဒေသများရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်များကို အပြည့်အဝပြန်တိုးမြင့်ထုတ်လုပ်စေကာ ယင်းကဲ့သို့ ပြန်လည်ဓာတ်အားဖြန့်ဖြူးခြင်းဖြစ်ကြောင်း ၄င်း ကဆက်လက်ရှင်းပြသည်။

“ အခုရက်ပိုင်း လျှပ်စစ်မီးက အလှည့်ကျပေးတော့ စက်မှုဇုန်တွေမှာ ကုန်လုပ်စွမ်းအားတွေပြန်ကျနေ တယ်။ ဒါပေမဲ့ သူတို့ ပေးတဲ့အတိုင်းပဲ ကျေနပ်ရမှာပါ “ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုအသင်းချုပ်မှ အထွေထွေအတွင်ရေးမှူးဦးမျိုးသက်က ပြောကြားသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓါတ်အား သုံးစွဲမှု ထက်ဝက်ကျော်ရှိသော ရန်ကုန်မြို့ တော်တွင် ဧပြီလ ၂ ရက်နေ့မှ စတင်ကာ အချိန်ပိုင်း စနစ်ဖြင့်သာ လျှပ်စစ်ဓါတ်အား ဖြန့်ဝေနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က ယနေ့ မတ်လ ၂၉ မွန်းလွှဲ ၂ နာရီခန့်တွင် ၎င်း၏ ရုံးခန်း၌ The Voice Weekly သို့ အတည်ပြု ပြောကြားသည်။

လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု မှာ မြင့်တက်လာခြင်းမရှိဘဲ သုံစွဲမှုမှာ သိသိသာသာ တိုးတက်လာခြင်းကြောင်း ယခုကဲ့သို့အချိန်ပိုင်းဖြင့်သာ မီးပေးရကြောင်း ၎င်းက ဆက်ပြောသည်။

ရေအားလျှပ်စစ်ကိုသာ အဓိက ထုတ်ယူသုံးစွဲနေရသော မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လျှပ်စစ်ဓါတ်အားရရှိမှုမှာ ၁၀၇၀ ဒသမ ၆ မဂ္ဂဝပ် ရှိပြီး၊ ရန်ကုန်မြို့ တွင် သုံးစွဲသော မဂ္ဂဝပ်စုစုပေါင်းမှာ ၅၂၉ ဒသမ ၄ ရှိကြောင်း ရန်ကုန်မြို့ တော် လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။


Myanmar Express 

5 comments:

u zaw min said elecitricity is exceeded than usage in country. That is why, they must sell it.

နေပြည်တော်မှာကော အချိန်ပိုင်းနဲ့ပဲ ပေးတာလား...

သူကရူးနေလို့ပြောတာပါဗျာ

သူကရူးနေလို့ ပြောတာပါဗျာ
အဲ့စကားပြောတာကိုက
ထမင်းမှန်း ချီးမှန်းတောင် မသိတော့လို့ နေမှာပါ

သူကရူးနေလို့ပြောတာပါဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်