Subscribe to our RSS Feed

မီးလုံးဝမရသေးတဲ့ နယ်မြို့များ မီးပေးမည့်အစီအစဉ်ကို မီးအမြဲရနေတဲ့ ရန်ကုန်သားများ ဆန္ဒပြ



မီးလုံးဝမရသေးတဲ့ နယ်မြို့များ မီးပေးမည့်အစီအစဉ်ကို မီးအမြဲရနေတဲ့ ရန်ကုန်သား ၁၅၀ ကျော်က ဆန္ဒပြမှု ဆက်လက်ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၇ ရက်၊ ညနေ ၆ နာရီကျော်က ရန်ကုန်မြို့၊ မြေနီကုန်းမှ စတင်ကာ အလုံ လျှပ်စစ်ဓာတ်အားပေးရေး ရုံးအထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ယင်းသို့ ဆန္ဒပြရာတွင် လျှပ်စစ်မီတာခ လျှော့ချရေး၊ လျှပ်စစ်မီတာတက်၍ ကုန်ဈေးနှုန်း ကြီးလာနိုင်ခြင်း၊ ပြည်သူများ ကြုံတွေ့ရမည့် ဆင်းရဲဒုက္ခများ ပိုမိုမဖြစ်ပွားစေရေး စသည်တို့ကို ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ အနေနဲ့ မီတာခကို ပုံမှန်အတိုင်း မသတ်မှတ်သရွေ့ နေ့တိုင်း လမ်းလျှောက်ဆန္ဒပြသွားမှာပါ" ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ကိုတင်မောင်ကြည်က ပြောပါသည်။
 

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးလုံးဝမရရှိသေးသည့် မြို့နယ်၊ ကျေးရွာအများအပြားရှိပြီး ပြည်သူ ၇၀ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိရန်အတွက် လျှပ်စစ်ဝန်ကြီးဌာနမှ စတင်အကောင်အထည်ဖော်လျှက်ရှိရာ လျှပ်စစ်မီး အမြဲရနေသည့် တစ်ကိုယ်ကောင်းဆန်သော ရန်ကုန်သားများက နယ်မြို့နေ ပြည်သူများ လျှပ်စစ်မီးရရှိရေးကို ကန့်ကွက် ဆန္ဒပြနေကြခြင်း ဖြစ်သည်။

 .. www.MyanmarExpress.net
 

8 comments:

တက်တော့လဲ ပေးရတာပါဘဲ။မီတာခတက်တာ
ပြည်သူတွေအတွက် မထိခိုက်ပါဘူးဆိုတဲ့ ညံ့ဖျင်း
စုတ်ပြတ် နိမ့်ကျတဲ့အ တွေးနဲ့တော့ မပြောပါနဲ့။
ခုလည်းစုတ်ပဲ့တဲ့ စိတ်ဓါတ်နဲ့ ပြည်သူအချင်းချင်း
ရန်တိုက်ပေးနေပြန်ပြီ။ အောက်တန်းကျလိုက်တာနော် ။

we love our country and our people.
we also like the new democratic government.
please see clear why people are protesting.

the protesters are right.
everybody knew yangon not getting
electricity 24 hours and nothing
to argue about.
the whole country suppose to get
electricity long long time ago.
if other very small country without
own natural resources in asean
can get 24 hours electricity why
we cannot get it.
of course people will protest if they
suffer unnecessarily.
people are waiting too long.
authority always using power
to increase price without reason.
the people are protesting not for
their right and not objection to share
with other townships.
authority failed to do the duty.
we do not like to comment like this
because we also love our country
and our people but we expect authority
view the root cause of the problem
and correct from his part.

Our ancestors had lived without electricity for centuries. Yangon had no electricity in the 19th. Century. We lived without electricity during 1942 and 1945. Our ancestors never complained about it. I have never come across any fool demanding it. Instead, they tried hard to get it by themselves.

ဝန်ကြီးဌာနများစီမံခန့်ခွဲမှုမကောင်းလျင် နစ်နာသူမှာပြည်သူသာ

ငွေလိုရင် ပြည်သူတွေကို အစုရှယ်ယာရောင်းပါ၊ ဆက်သွယ်ရေးလိုတော့မလုပ်ပါနဲ့။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ပြည်သူ ၇၀ ရခိုင်နှုံးမီးရရှိရေး နှင့်
နယ်မြို့များ မီးရရှိရေး အတွက် အောက်တိုဘာလ နောက်ဆုံးပတ်တွင်
ရုတ်တရက် လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်တာမကောင်းပါဘူး။
ပြီးတော့ တစ်လနှစ်လ နဲ့ လုပ်လို့ ပြီးမယ့်ကိစ္စမဟုတ်ဘူး၊
ရေရှည်ပေးဆောင်နေရမယ့်ကိစ္စဆိုတော့ ပြည်သူတွေ နစ်နာတာပေါ့။
ဒီတော့ ငွေလိုရင် ပြည်သူတွေကို အစုရှယ်ယာရောင်းပါ။ တစ်ရှယ်ယာတန်ဖိုးကို
ပြည်သူတွေတတ်နိုင်လောက်တဲ့ အနည်းဆုံးတန်ဖိုးသတ်မှတ်ပေးပြီးရောင်းပါ၊
ဝန်ကြီးဌာနအတွက်လဲ အကျိုးရှိမယ်၊ ပြည်သူတွေ ၁၀၀ နှုန်းပြည့်လျှပ်စစမီးရရှိမယ်၊၊
နိုင်ငံတော်ရော၊ ပြည်သူတွေပါ အကျိုးအမြတ်ခံစားရမယ်။
နောက်တစ်ခု မီးခိုးသုံးတာ ထိထိရောက်ရောက်အရေးယူရမယ်။
လျှပ်စစ်ဝန်ထမ်းတွေ ကိုယ်တိုင်လုပ်နေတဲ့ကိစ္စဖြစ်တယ်၊
သူတို့ကြောင်း ယူနစ်ပျောက်တယ်၊ ယူနစ်ပျောက်တော့ဌာနအရှုံးပေါ်တယ်။

ဆက်သွယ်ရေးလိုတော့ မလုပ်ပါနဲ့။ အခြေခံအဆောက်အဦးမရှိလို့၊
ရင်းနှီးမတည်မယ့်ငွေမရှိလို့ ကျပ် ၁၅၀၀ တန်တဲ့ GSM SIM Card ကို
တစ်ဆယ့်ငါးသိန်းနဲ့ ငှားရမ်း(ရောင်း)ခဲ့ရတယ်လို့ဆိုပြီး
ဆက်သွယ်ရေးဝန်ကြီးဌာနကဖြေရှင်းချက်ပေးတယ် ။
အခြေခံအဆောက်အဦးရရှိပြီး Mobile ဖုန်း အလုံးပေါင်း သန်းချီရောင်းချနေပါပြီ။
သန်းချီရောင်းချလို့ မီနစ်တိုင်းဝင်ငွေ (တစ် မီနစ် ကျပ် သန်းငါးဆယ်)လောက်ဝင်နေပါပြီ ။
ဒါပေမယ့်လဲ နစ်နာနေတဲ့ ပြည်သူတွေကိုပြန်အမ်းပေးတာမရှိသေးဘူး။
ပြည်သူ့ငွေကို ပြည်သူ့ဆီပြန်ပေးပါ။ ကျပ် တစ်ဆယ့်ငါးသိန်းတန် Mobile ဖုန်းက
မူလစရောင်းတဲ့ဈေးနှုန်း ကျပ် ငါးသိန်း ဖြစ်တယ်။
ကျပ် တစ်ဆယ့်ငါးသိန်းတန် ကိုလဲ ကျပ်ငါးသိန်းနှုန်း သတ်မှတ်ပေးစေချင်တယ်။

ကျပ် တစ်ဆယ့်ငါးသိန်းနဲ့ ငှားရမ်းအသုံးပြုခဲ့တဲ့ ပြည်သူ့ဝန်ထမ်း
အရာရှိငယ်တစ်ယောက်ဆိုရင် သူပင်စင်ရတဲ့ ပင်စင်ဆုငွေနဲ့မကာမိဘူး၊
ဖုန်းတစ်လုံးရဲ့တန်ဖိုးက သူရခဲ့တဲ့ ၀န်ထမ်းပင်ဆုငွေရဲ့ ၂ လောက်ပေးခဲ့ရလို့ဖြစ်တယ်။
ဒါတွေဟာ အစိုးရလုပ်တာမဟုတ်ဘူး ၊ ၀န်ကြီးဌာနက ၀န်ကြီးတွေကို
သူတို့နေရာရရှိဖို့အတွက် ဒီလို့လုပ်သွားတာဖြစ်တယ်။
သူတို့ကြောင်း ပြည်သူတွေပဲ နစ်နာနေရတာပါ။

ငါ တို့ တိုင်း ပြည်မှာ ၄၅၀ ကျတယ်

ဘယ်သူမှအတင်းထိုးမရောင်းပါဘူး ကိုယ်လိုချင်လို့ မရ ရအောင်အတင်းဝယ်ပြီးမှ ပြည်သူနာတယ် ဘာညာလုပ်မနေနဲ့ မီတာခလည်း ငါတို့ဆီလာနေကြည့်ပါ တစ်ယူနစ် ၆၀၀ ကျပ်ပေးသုံးနေရတာ မင်းတို့ရန်ကုန်မီတာခ တိုးတာလောက်တော့ ငါတို့ဆို ကပြီးပေးလိုက်အုံးမယ် အနေအစားချောင်ချင်လို့ ဘယ်သူမှ ရိုက်မခေါ်ပဲ ရန်ကုန်သွားနေတဲ့ကောင်တွေ ၅၀ လောက်တက်တာများ ခွေးလိုအူ နေကြတယ် တင်မောင်ကြည်ဆိုတဲ့ ကောင်က အလုပ်မရှိတဲ့ သူတောင်းစား ရန်ကုန်မှာ အခွင့်အရေးတွေ အချောင်ယူနေကြပြီး အော်မနေကြနဲ့ တစ်နိုင်ငံလုံးက လူတွေအကုန် တိုင်းရင်းသားတွေပဲ

1-THE ABOVE COMMENT IS NOT RIGHT.
2-EVERYBODY KNOW WE ALL ARE LIVING
WITHOUT ELECTRICITY FOR MANY CENTURY;
MAY BE OVER MILLION YEARS.
3-PLEASE DO NOT FORGET NOW WE ALL
LIVING IN THE MODERN AGE.
4-WE NEED ELECTRICITY IN OUR DAILY LIFE.
5-IF WE CANNOT PRODUCE SUFFICIENT
POWER SUPPLY OF ELECTRICITY MEANS
WE ALL ARE MANY YEARS BEHIND THE
OTHER COUNTRIES.
6-PLEASE UNDERSTAND NOW A DAY
ELECTRICITY POWER IS NECESSARY
IN OUR DAILY LIFE.
7-WE ALL GONE THROUGH WITHOUT MONEY,
WITHOUT COOKING OIL,WITHOUT SALT,
WITHOUT SOAP,WITHOUT COFFEE AND TEA,
WITHOUT MEDICINES,WITHOUT HOSPITAL,
WITHOUT DOCTORS AND NURSES,WITHOUT
CLOCKS AND WATCHES,WITHOUT SUGAR,
WITHOUT WHITE CLEAN CLOTHS,WITHOUT
LEGAL PROTECTION BUT WE ALL WERE
HIDING FROM BOMBING FROM AEROPLANE
DURING WORLD WAR 2 AND DURING WHOLE
COUNTRY UNDER THE VARIOUS TYPE OF
VERY CRUEL INSURGENTS.
ON THOSE DAYS MEDIAS CALLED YANGON GOVERNMENT.
8-DO ANYBODY LIKE TO LIVE LIKE ON THOSE
DAYS? OF COURSE NO BODY NOT.
9-OUR MYANMAR NAING GAN DAW AND OUR
PEOPLE MUST WORK HARD,FAST MOVE
FORWARDS AND UPWARDS TO CATCH UP
THE OTHER COUNTRIES.

ဓာတ်အားခအရှုံးပေါ်မှာပေါ့မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းတွေအကျင့်ပျက်ခြစားပြီးလိုင်းဝင်ထားတဲ့ရေခဲစက်တွေနဲ့မီးအသုံးများတဲ့စက်ရုံတွေကိုမီးခိုးပေးနေတော့ယူနစ်ပျောက်တွေကတအားများနေတာကိုးသူတို့ခိုးလို့အရှုံးပေါ်တိုင်းသာဈေးတက်နေရင်ပြည်သူတွေသေရချည်ရဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်