Subscribe to our RSS Feed

အင်္ဂလိပ်ကို တိုက်ထုတ်ခဲ့သည့် ၉၃ နှစ်အရွယ် သခင်လှကြိုင် ပဲခူးတံတားပေါ်တွင် တောင်းစားနေ

ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး။
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေတဲ့ အဖိုးကြီးတစ်ယောက်
ကိုအင်တာသွားဗျူးတာလေး တင်ပေးလိုက်ပါတယ်။

မေး။ ။အဘနံမည်ဘယ်လို ခေါ်ပါသလဲ?အသက်ဘယ်လောက်ရှိပြီလဲ ?
ဖြေ။ ။သခင်လှကြိုင်ပါ။အသက်က ၉၃ နှစ်ကွဲ့။

မေး။ ။အဘကစစ်မှု့ထမ်းဟောင်းလား?
ဖြေ။ ။တော်လှန်ရေးရဲဘော်ပါ။ဗိုလ်ရန်နိုင်ရဲ့ တစ်ပည့်ပါ။

မေး။ ။ဘယ်မှာနေလဲ ?ဘယ်သူနဲ့နေလဲ?
ဖြေ။ ။အိုးလေးစုထဲမှာနေတယ်။မုဆိုးမသမီးနဲ့ မြေးနဲ့နေပါတယ်။

မေး။ ။ဘာလို့ပိုက်ဆံတောင်းတာလဲ?ဘယ်လောက်ကြာပြီလဲ?
ဖြေ။ ။အဆင်မပြေလို့ပါ။ တစ်နှစ်လောက်ရှိပြီ။

မေး။ ။နိုင်ငံတော်က မထောက်ပံဘူးလား?။မော်ကွန်းဝင်လက်မှတ်တွေ
ဘာတွေ မရှိဘူးလား?
ဖြေ။ ။မထောက်ပံပါဘူး။ဦးနေ၀င်း ပေးခဲ့တဲ့ ဂုဏ်ပြုလွှာတော့ရှိပါတယ်။

မေး။ ။မျက်စီတစ်လုံးက ဘာဖြစ်တာလဲ?။
ဖြေ။ ။မမြင်ရတော့ဘူး။

မေး။ ။တစ်နေ့ဘယ်လောက်ရလဲ?။
ဖြေ။ ။သုံးထောင်လောက်ရပါတယ်ကွယ်။

( သခင်လှကြိုင်၏ နေအိမ်နှင့် သူ့ပုံများ )

Posted by Kyi Linn
 
နယ်ချဲ့ကိုတိုက်ထုတ် ခဲ့တာ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်း မဟုတ်ပါဘူး။ လွတ်လပ်ရေးရခဲ့တာ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်း လုပ်ခဲ့လို့မဟုတ်ပါဘူး။ မြန်မာ့မျိုးချစ် တော်လှန်ရေးသမားတွေ အများအပြား အသက်ပေါင်းများစွာ ပေးဆပ်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့လို့ပါ။   ဒါပေမယ့် အခု လွတ်လပ်ရေးရချိန်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ လူတစ်စုကိုသာ အသိအမှတ်ပြုခံရပြီး အသက်မရှိတဲ့လူတွေကိုတော့ ငွေကုန်ခံ ပန်းခွေတွေချ၊ ဗိမ္မာန်တွေလုပ်ထားကြပါတယ်။ တစ်ချိန်က တိုက်ပွဲဝင်ခဲ့ပြီး အသက်မသေပဲ ကျန်ခဲ့တဲ့ တော်လှန်ရေးသမားတွေကတော့ တောင်းစားနေရပါတယ်။ သခင်အောင်ဆန်း အရှိန်နဲ့ သမီးစုကြည် ကို လူတွေက သမ္မတလုပ်ခိုင်းနေကြပြီး သခင်လှကြိုင်တို့တောင်းစား တာကိုတော့ ကြည့်နေကြပါတယ်။ လျှပ်စစ်မီးမရှိလို့ တီဗွီမကြည့်ရ၊ ပန်ကာမဖွင့်ရတဲ့ လူတွေအတွက် ၅ ယောက်တစ်ဖွဲ့ ဖွဲ့ထားတဲ့ ခေါင်းစဉ်မျိုးစုံ အဖွဲ့ပေါင်းစုံက လက်တွေ ဖယောင်းရည်အပူခံပြီး ဆန္ဒပြကြပါတယ်။ သူများနိုင်ငံတွေလိုတော့ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒမပြရဲကြပါဘူး။ လစာ ၆ သိန်းလိုချင်ပြီး လွတ်လပ်ရေး ဘယ်လိုရခဲ့လဲ့ မသိဘဲ မနေ့တနေ့ ကမှ ဒီမိုကရေစီထအော်တဲ့ လွှတ်တော်အမတ်တွေက လျှပ်စစ်မီးအတွက် တင် သွင်းကြ၊ ဆွေးနွေးကြပါတယ်။ မိမိတို့ကို လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ခဲ့တဲ့ သခင်လှကြိုင် တောင်းစားနေ တာကိုတော့ လစ်လျူရှုထားကြပါတယ်။ လွှတ်တော်အမတ်များ၊ ဆန္ဒပြအဖွဲ့များ နဲ့ ပြည်သူများအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက်တည်းကို အာဇာနည်သူရဲကောင်းလို့ မထင်ကြပါနဲ့၊ ရန်ကုန်လူထု တစ်ခုတည်းကို မြန်မာလူထုလို့ မထင်ကြပါနဲ့ တောင်းစားနေသူ၊ ဆင်းရဲမွဲတေနေသူ လွတ်လပ်ရေးတိုက်ပွဲဝင် သက်ရှိ အာဇာနည်များကို ဦးစားပေး ကြပါ။ လျှပ်စစ်မီးဆိုတာ လုံးဝမမြင်ဖူးသေးတဲ့ မြို့ငယ်များ၊ ကျေးရွာများ ကို ဦးစားပေးကြပါ။ သေသွားတဲ့ လူတွေအတွက် ကုန်ကျမယ့် ပန်းခွေတွေ၊ အထိမ်းအမှတ်ပွဲတွေ အစား သက်ရှိ ဆင်းရဲသူများကို ပေးကြပါ။ မိမိတို့ ပိုပေးလိုက်ရတဲ့ အလှူငွေကြောင့် မှောင်မဲနေတဲ့ ရွာတွေမှာ မီးချောင်း တစ်ချောင်း၊ နှစ်ချောင်း လင်းသွားတယ်ဆိုတာ ပီတိဖြစ်စရာပါ။ ပုံမှန် ၃ ချောင်း ထွန်းထားတာကို တစ်ချောင်းပိတ်လိုက်ပြီး မလင်းသေးတဲ့နေရာတွေကို တစ်ချောင်းပေးထွန်းလိုက်ပါ။ သူတို့တွေ ကျေးဇူးတင်နေကြပါလိမ့်မယ်။

.. www.MyanmarExpress.net
 
34 comments:

even goverment not supply those people, don't blame people. this is goverment duty. one day cost of minister's wife can cover more than 10families of those kind of pepole. don't look other false,know yourself.

1-REGRET TO READ THIS NEWS.
2-OUR GOVERNMENT SHOULD HAVE
PLAN AND LAWS TO SAVE AND PROTECT
WOMEN,INFANTS AND CHILDREN
AND OLD AGED PEOPLE.
3-GOVERNMENT NEED TO COLLECT
TAX AND SUPPORT THE WOMEN,INFANTS
CHILDREN AND OLD AGED PEOPLE.
4-NEED SPECIAL SOCIAL WELFARE BY
NGO.
5-HOPING TO SEE NEW LAWS AND
PROGRAM SOONEST POSSIBLE.

သခင်လှကြိုင်လိုတော်လှန်ရေးသမားတစ်
ယောက်ကဒီနိုင်ငံမှာတောင်းစားနေရတယ်
ဆိုတော့ဒီနိုင်ငံဟာကျုပ်ထင်တာထင်တောင်
မွဲနေပါလားနိုင်ငံတင်မွဲတာမဟုတ်ဘူးစေတနာပါ
မွဲကြတာကိုးတစ်ကယ်တော့ဒီလိုပုဂ္ဂိုလ်တွေဆို
တာပစ်မထားကောင်းပါဘူးစောင့်ရှောက်ထား
သင့်ပါတယ်

ဆောင်းပါးကို ထောကခံပါတယ်းးးးးး

အင်း- ဟုတ်တော့ ဟုတ်သလိုပဲ
ဒါပေမယ့်
နည်းနည်းလေးတော့ လွဲနေတယ်ကွ
သေချာလေ့လာဦး
-
-

အ မှန် လွတ် လပ် ရေး ရ အောင် ဗိုလ် ချုပ် အောင် ဆန်း တစ် ဦး တည်း တစ် ယောက် ထဲ တိုက် လို့ မှ မ ရ တာ ပေါ် က လူ ကို သာ မြင် ပြီး အောက် က အ သေ ခံ တိုက် ခဲ့ တဲ့ သူ တွေ ကို မ မြင် ကျ ဘူး အော် ကောင်း တိုင်း အော် နေ ကြ တာ ပြည် ပ က လူ တွေ က သူ တို့ ချယ် လှယ် သ မျှ လုပ် ပေး မဲ့ နိုင် ငံ ရောင်း စား ချင် တဲ့ သူ ကို အား ပေး အား မြှောက် လုပ် နေ တာ ကို ဒီ က အာ ဏာ ချစ် ဒေါ် လာ ချစ် ဒေါ် စု က နည်း မျိုး စုံ နဲ့ ကို လုပ် ကြံ ယူ နေ တာ တိုင်း ပြည် ကို တစ် ကယ် ချစ် တာ လား ပြန် စဉ်း စား ပါ ငါ မှာ လုပ် ပိုင် ခွင် မ ရှိ လို့ သာမ လုပ် ရ တာ လာ မ ပြော နဲ့ ဆင်း ရဲ သား သူ တောင်း စား လာ တဲ့ အ ချိန် ကိုယ် လက် ထဲ မှာ လူ စ ရာ ပိုက် ဆံ မ ပါ လို့ မ လူ လိုက် ရ ဘူ ဘယ် လောက် ပေး ချင် တာ မ ပါ လို့ မ ပေး လိုက် ရ ဘူ မ ပြော နဲ့ နောက် ဆုံး ဖိ နပ် ချွတ် လူ ဒီ လို မ လုပ် ဘဲ နဲ့ မ ဖြစ် နိုင် တာ မျှော် ပြီး မ လုပ် နဲ့ လုံး ဝ လုံး ဝ မ ယုံ ဘူး ဒီ လောက် အ ရှေ အ နောက် တောင် မြှောက် သွား ခဲ့ တာ နိုင် ငံ အ တွက် ဘာ ပါ သ လဲ စု အ တွ က် စု ဘဲ စု သိ သ လောက် ခြောက် လ ပိုင်း မွေး ပြီး နှာ ခေါင်း မှာ မှည့် ပါ ရင် မ ဟန် ဘူး စိတ် ထား ကောင်း ကောင်း ထား ပါ ဒေါ် စု

မှန် ပါ တယ်။ ဒီ လို စိတ် မျိုး မွေး မြူ ကြ စို့  လား။

အားပေး ကူ ညီ ချင်ပါသည်။ နိုင်ငံရေး ခု တုန်း လုပ် ဆု တွေ လှည့် ယူသူ ကို မီဒီ ယာ မှာ ဖော်ပြ မယ့် အစား ခု လို သတင်းမျိုး မရှာဖွေ မတင် ပြ ကြ တာ တော်တော်ညံ့ တဲ့ မီဒီယာတွေ။

ဒီနိုင်ငံရဲ့ဝန်ထမ်းလစာ ၊အငြိမ်စားယူရင် ရမဲ့လစာနဲ့ကတော့ဒီလိုဘဲတောင်းစားကြရမှာဘဲ

"TO STAND ON OUR OWN FEET AND STAY
INDEPENDENT"

1-WE ALL ARE FACING HARD TIME.
2-SO MANY FACTORS CONTROLLING
US BEYOND OUR CONTROL.
3-ONE MAIN KEY ISSUE IS WE MUST
SAVE MONEY AND PROPERTIES AS
MUCH AS WE CAN.
4-WE SHOULD CHOOSE OUR CAREERS
AS BUSINESSMEN/WOMEN INSTEAD OF
SALARY EARNERS.
5-WE MUST SAVE AND BUILD WEALTH
AS PER TEACHING OF OUR LORD BUDDHA.
6-WE SHOULD ONLY SPEND 25 PERCENT
OF ALL EARNING FOR LIVING,AND
25 PERCENT FOR EMERGENCY CASH
RESERVE AND 25 PERCENT FOR SHORT
TERMS INVESTMENT AND 25 PERCENT FOR
LONG TERMS INVESTMENT.
7-ALL LONG TERMS INVESTMENT INCLUDE
REAL ESTATE,GOLD AND SAVING
CERTIFICATES.
8-REAL ESTATE AND GOLD ALWAYS PRICE
GOING UP AND MORE RELIABLE
INVESTMENTS.
9-WE ALL BETTER TEACH OUR CHILDREN
OPENLY ABOUT THE FIVE DUTY OF PARENTS
AND THE FIVE DUTY OF CHILDREN TOWARDS
PARENT.
10-NEED TO MAKE SURE NOW CHILDREN NEED
PARENT HELP AND LATER DAYS (OLD AGED)
PARENT NEED CHILDREN HELP.
11-THIS IS THE NATURAL LAID DOWN RULES
ONE GENERATION TAKING CARE AND ANOTHER
GENERATION RETURN TAKING CARE TO OLD
AGED PARENTS.
12-WE MYANMAR FOLLOW THE TRADITION
AND TAKING CARE PARENT AND RELATIVE
SO THAT WE HAVE NO HOMELESS AND
HELPLESS PERSONS IN OUR FAMILY.
13-BUT NOTICED GRADUALLY MORE
GROWNUP CHILDREN ARE NEGLECTING
THEIR PARENTS.
14-WE NEED TO TRAIN THEM AT ALL SCHOOLS
INCLUDING COLLEGES AND PROFESSIONAL
SCHOOLS.
15-WE NEED LAWS ALL CHILDREN MUST
TAKING CARE THE OWN FAMILY AND
SEVERE PUNISHABLE FOR THOSE BREAK
THE LAWS.

ရပ်မိရပ်ဘတစ်ယောက်က သေချာထောက်ခံပြီး ဘိုးဘွားရိပ်သာ ကိုကျကျနန ပို့ပေးပြီး..ဘာဝနာပွားများပါစေဗျာ။ ပစ်မထားကြပါနဲ့ ရငထဲစို့လာလို့ပါ။ ဘိုးဘွားရိပ်သာတွေကလဲ လာပို့တိုင်းလက်မခံဘူး ဘာညာ အာမနပ ပြောတာ ကြားဖူးပေမဲ့..ဒီလိုပုတ်ဂိုမျိုးကိုလက်မခံရင်ရိပ်သာပိတ်လိုက်တော့ရှင်

မသိချင်ယောင်ဆောင် နေတာလား၊တကယ်ပဲမသိကြတာလား
အရင်ကမသိခဲ့ဖူးဆိုရင်လဲ အခုသိရပြီ ဘယ်လိုကူညီစောင့်ရှောက်
ကြမယ်လို့ စဉ်းစားထားပါသလဲ ဒီလိုပုဂ္ဂိုလ်မျိုးတွေ မြန်မာပြည်
ဘယ်နေရာတွေမှာ ဘယ်နှယောက်ရှိသေးသလဲ
သူတို့တွေ သက်စွန့်စံဖျားကြိုးပမ်းခဲ့သမျှတွေရဲ့ အကျိုးခံစား
ခွင့်က ဒီလောက်ပဲလား စိတ်ထဲမကောင်းဘူးဗျာ
နိုင်ငံကောင်းဖို့ တကယ်အလုပ်လုပ်ခဲ့ကြတာ သူတို့တွေပါဗျာ
ဖအေ့ပါဝါနဲ့တန်ခိုးကြွနေတဲ့ လူကိုချီးမြှောက်နေတာထက်စာရင်
သခင်လှကြိုင်လို လူမျိုးကိုကူညီစောင့်ရှောက်ရတာက အဓိပ္ပါယ်ပိုရှိလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်

တကယ်ပဲမသိကြတာလား မသိချင်ယောင်ဆောင်နေကြတာလား
ကဲ....အခုသိရပြီ ဘာလုပ်ပေးကြမလဲ
သူတို့တွေ သက်စွန့်ဆံဖျား ကြိုးပမ်းခဲ့သမျှရဲ့ရလဒ်က ဒါပဲလား
ဒီလိုပုဂ္ဂိုလ်မျိုးတွေ မြန်မာပြည်ရဲ့ဘယ်နေရာမှာ ဘယ်နှယောက်ရှိနေဦးမလဲ သူတို့တွေဟာနိုင်ငံအတွက်တကယ်အလုပ်လုပ်
ခဲ့တဲ့သူတွေပါ ကူညီစောင့်ရှောက်သင့်ပါတယ် စိတ်ထဲမကောင်းဘူးဗျာ
နိုင်ငံတကာလှည့်ပြီး နိုင်ငံအတွက်ဘာမှမပါလာတဲ့ လူကိုလက်ခုပ်တီးအားပေးနေတာထက်စာရင် သခင်လှကြိုင်လိုပုဂ္ဂိုလ်မျိုး
ကို ကူညီစောင့်ရှောက်ပေးတာက အဓိပ္ပါယ်ပိုရှိလိမ့်လို့ ကျွန်တော်ယူဆတယ်

ထူးတော့မထူးပါဘူးမင်းကိုနိုင်တို့NLDတို့လဲပေးစာကမ်းစာလေးနဲ့တောင်းစားနေကြတာပဲ။ခွိခွိ

Really sad to read the news like this! What a shame to all of us living in Myanmar and we should contribute our kindness and support to this poor old veteran.

အင်း လူ့ ဘဝ ဆို တာ တို တို လေး ရယ် ပါ

ဘဝ ကို တိုင်း ပြည် အ တွက် ပေး ဆပ် ခဲ့ ရ ပေမဲ့ မ သေ လို့ အ သက် ရှင် ကျန် ခဲ့ ပေ မဲ့ ဒုက္ခိ တ ဘဝ ရောက် ခဲ့ ပါ တယ် ဒါ ပေ မဲ့ နိုသ် ငံ တော် အစိုး ရ က ပစ် ထား ပြည် သူ က မျက် ကွယ် ပြု ထား တော့ အိုစာ မင်း စာ က မ ရှိ ဘဝ အာ မ ခံ ချက် ဗ လာ နတ္ထိ

ဝမ်း တ ထွာ အ တွက် က မ နေ နိုင် တော့

အ သက် ကြိး တော့ အ လုပ် က မ လု ပ် နိုင်
မ လုပ် နိုင် တော့ သူ တောင်း စား ဖြစ် ရ တော့ တာ ပေါ့

အေါ် သံ ဝေ ဂ ရ စ ရာ အ ချက် က လေး ပါ TT

ကျွန်တော်အဖေက တနေ့  ရန်ကုန်လာလည်တော့ ဧည့်စာရင်းတိုင်မယ်ဆိုပြီး အနောက်ကြိုကုန်း ဘူတာ နား အုပ်စုရုံးကိုသွာ်းခဲ့တယ်၊ ရုံးမဖွင့်သေးတော့  သံလမ်းတွေကြည့်ပြီးမျက်ရည်လည်လာတယ်၊ ပြီးတော့ ဟိုဘက် လမ်းလျှောက်မယ်ဆိုပြီး အင်စိန်ဘူတာအထိလမ်းလျှောက်ပေးလိုက်တယ်၊ အင်းစိန်ဘူတာရောက်တော့ သူ တပ်ထဲမှာနေတုန်းက တိုက်ပွဲတွေအကြောင်း စပြောတော့တယ် ၊ အင်းစိန်တိုက်ပွဲ ၊ ညောင်လေးပင်တိုက်ပွဲ ၊ ဒိုက်ဦးတိုက်ပွဲတွေ မှာသူဘယ်လိုတိုက်ခဲ့တဲ့အကြောင်း၊ ရန်သူဘက်က ရန်ကုန် အစိုးရလို့ အခေါ်ခံလောက် အောင် တိုက်နိုင်တဲ့အကြောင်းတွေ အများကြီးပြောသွားတယ် မင်းဓမ္မကုန်းမှာ ( ယခု ကျောက်တော်ကြီး ဘုရား ) မှာ သူ့ သူငယ်ချင်းတွေ ရာနဲ့ ချီတိုင်းပြည်အ တွက်အသက်ပေးသွားတဲ့အ ကြောင်းပြောသွားတယ် ။၊ စကားပြောတာ ကောင်းနေတော့ ၊ ဧည့်စာရင်း တိုင်ဖို့ နောက်ကျပြီဆိုပြီး အုပ်စုရုံးဘက်ပြန်သွားတော့ ည ၉း၃၀ မှာ ရုံးပိတ်ပြီတဲ့။ ရတယ် နောက်နေ့ မှတိုင်ပါ ဆိုလို့  စိတ်ချလက်ချအိမ်ပြန်သွားလိုက်တော့ ည ၁၁း၃၀ မှာ ဧည့်စာရင်းလာစစ်တယ် ၊ဧည့်စာရင်းမတိုင်မဖြစ် တဲ့အကြောင်း ဘာညာရှင်းပြတယ်၊ မရဘူးလို့ ပြောမှ၊ ဖေဖေ က သူစစ်မှူထမ်းဟောင်းတယောက်ဖြစ်တဲ့အကြောင်း င်္ဒီနေရာတွေ မှာ တချိန်ကသူကိုယ်တိုင်သေလုနီးပါးဖြစ် ခဲ့တဲ့ အကြောင်း ၊ မဆလခေတ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးခေါ်၊ ကောင် စီဥက္ထဠလုပ်ပြီး ပင်စင်စား နေပြီဖြစ် ကြောင်းပြောသေးတယ်၊ စကားပြောတာ ၊ရှင်းပြတာ မရတော့ ဧည့်စာရင်း စစ်အဖွဲ့ ထဲမှာပါလာတဲ့ စစ်သား တယောက်က၊ ဦးလေးတို့ ခေတ်ကုန်သွားပြီ၊ ကျွန်တော်ခေတ်ဖြစ် နေတော့ ဒါမျိုး မရဘူးဆိုပြီး ခေါ်သွားတယ်၊ ဘယ်လို ပြောပြောမရတော့ ကျွန်တော်လည်းငယ်သေးတော့ ၊ဘာလို့ ရ မှန်းမသိဘူး၊ အဖေ က တညနှင့် နောက်နေ့ တ နေကုန်၊ အချုပ်ခန်းနှင့် တရားရုံးမှာ နေလိုက်ရတယ် ။ အဲဒီနောက်ပိုင်း ဖေဖေက ရန်ကုန်မ လာချင်တော့ ဘူးသေတဲ့ အထိပါဘဲ ။ ၁၉၉၃ ခုနှစ်ဖြစ်ရပ်မှန်ကိုယ်တွေ့ ပါ။

အပေါ်ကကောင် မဟုတ်တာတွေ ဇာတ်လမ်းလုပ်ပြီး လာအပုတ်ချမနေနဲ့ကွ။ အဲ့လောက်ဘယ်သူမှမလုပ်ဘူး။ သစ္စာဖောက်လောက်ကောင်။ လူလိမ်

လူ တော် တော် များ များ လူ ကို လူ လို့ မ မြင် ဘူး ဒီ လူ ဒီ အ ချိန် မှာ ပါ ဝါ အာ ဏာ ဒါ မှ မ ဟုတ် ငွေ မှ မ ရှိ ရင် သူ တို့ လုပ် ချင် သ လို လုပ် တာ ပြော ချင် သ လို ပြော တာ ပါ ဝါ ရှိ တဲ့ အ ချိန် တုန်း ဆ ရာ ဆ ရာ တစ် ဆ ရာ တည်း ဆ ရာ နေ တဲ့ ဟာ တွေ အဲ့ ဒီ လူ မှာ ဘာ မှ လည်း မ ရှိ ရော ကြက် ပျောက် ငှက် ပျောက် ပျောက် ကုန် ရော Milun လို ဘဲ ခံ စား ခဲ့ ရ ဘူး လို့ ကိုယ် ချင်း စာ ပါ တယ်

ဘဘ သခင်လှကြိုင် ကို ကြည့်ပြီး တ၇ား ၇မိတယ်။ စိတ်လည်း မကောင်း ပါ။

စုကြည် (၈၈) ကျောင်းသား ပြည်ပကဒီမိုလုပ်စား တွေ တိုင်းပြည်ကိုေ၇ာင်းစားပီး ဆုတံဆိပ်တွေ ဆုငွေတွေ အများကြီး ၇နေတယ်သာဆိုတာ ပဲခူးမြို့မှာ သခင်လှကြိုင် (၉၂)နှစ် လို တိုင်းပြည်အကျိုးဆောင်ခဲ့သူတွေ တောင်းစားတဲ့အဖြစ်ဆိုးမျိုး ကြုံနေ၇တာကို ကူညီ၇ကောင်းမှန်းမသိကြဘူး

တကယ်တန်းကျတော့ သခင်လှကြိုင်ကို တပ်မတော်အသိုင်းအဝိုင်းကဘဲ့ စောင့်ေ၇ှာက်တာပါ

တကယ့်ကိုယ်ဘဲ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အစိုးရ မင်းများသာ ဆောင်ရွက်ရမဲ့ အရာမျိုးပါ။ ပြည်သူထဲကလည်း တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုရင် အကောင်းဆုံးပေါ့။

သခင်လှကြိုင်ကိုဒေါ်ဆုကလည်းမသိဘူး ဦးသိန်းစိန်လည်းမတွေ့ဖူးဘူးသူတို့မသိတာကိုနေရာအနှံ့လိုက်လျှောက်ပီးကြည့်ရမှာလားဦးလှကြိုင်ကိုမသနားလို့မဟုတ်ဘူး ဟိုးအပေါ်ကလူတွေကိုလိုက်ပုတ်ခတ်တာတော့မကောင်းပါဘူး ဒေါ်စုတို့ဦးသိန်းစိန်တို့ရပ်ကွက်မှာဦးလှကြိုင်သွားတောင်းနေတာမှမဟုတ်တာပဲလေ သခင်လှကြိုင်ဆိုတာလည်းအင်တာဗျူးတဲ့သူတောင်အိမ်တိုင်ရာရောက်မေးမှသိတာမဟုတ်ရင်ဒီတိုင်းသူတောင်းစားတယောက်ပဲဆိုပီးဘယ်သူမှသိမှာတောင်မဟုတ်ဘူး

သ ခင် လှ ကြိုင် ကို ဒေါ်ဆု တို့ ဦး သိန်း စိန် တို့ က မှ မ သိ ပဲ အင် တာ ဗျူး တောင် အိမ် တိုင် ရာ ရောက် သွား မေး လို့ သိ ခဲ့ တာ လေ ဒါ ကို ဟိုးးး အ ပေါ် က လူ တွေ ကို လိုက် ဝေ ဖန် မ နေ ပါ နဲ့ သူ တို့ လည်း အ လ ကား အိပ် လိုက် စား လိုက် လုပ် နေ တာ မှ မ ဟုတ် တာ ပဲ လေ ဦး လှ ကြိုင် ကို မ သ နား လို့ မ ဟုတ် ပါ ဘူး ဦး လှ ကြိုင် မှန်း မ သိ တဲ့ လူ တွေ ကို လိုက် ဝေ ဖန် နေ တာ တော့ မ ကောင်း ဘူး ထင် လို့ ပါ

၂၀၁၅ ရွေးကောက်ပွဲကို NLD မှတ်ပုံမတင်ပဲ နေသင့်သည်

ဒေါ်စု နိုင်ငံခြားအပြီးထွက်ပြီး အဝေးရောက် ညွန့်ပေါင်း အစိုးရ ဖွဲ့သင့်သည်

လောလောဆယ် ဖွဲ့စည်းပုံမပြင်ပဲ ကျင်းပထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲနိုင် NLD အမတ်များနှုတ်ထွက် သင့်သည်

အမျိုးသားညီလာခံပြန်ကျင်းပခိုင်းဖို့ ဦးသန်းရွှေကို ခဏပြန်ခေါ် အုပ်ချုပ်သင့်သည်

အခြေခံဥပဒေ အတွက် ဆန္ဒပြအရေးအခင်းတစ်ခုလုပ်ပြီး အာဏာပြန်သိမ်းအောင် လုပ်သင့်သည်

တော်ပါတော့.. အခြေခံဥပဒေမပြင်ပဲ ပြည်သူ့အကျိုး လုပ်လို့ရတာတွေ အရင်လုပ်ကြပါ

* ဦးသန်းရွှေကို ခဏပြန်အုပ်ချုပ်ဖို့ Vote ပေးသူတွေ စောက်ရူးတွေ ပါ Vote ကို ရေး ထားတဲ့သူလည်းကျပ်ပြည့် ပုံ မပေါ်ပါ

မြင် ရ တာ စိတ် မကောင်း လိုက် တာ

ဗိုလ်ချုပ်ကိုဘဲလူတွေကအကောင်း ပြော ကြတယ် ဗိုလ်ချုပ်အောင်ဆန်းတယောက်ထဲတိုက်ကြည့်ပါ ဒီလွတ်လပ်ရေးရစရာအကြောင်းမရှိဘူး လွမ်းသူ့ပန်းခွေတဲ့
ဘာလဲသေမှ ပေးတာလား ဂုဏ်ပြုခံချင်တဲ့သူကသေမှရတာလား မြန်မာဆိုတာကျေးဇူးသိတတ်မှုနဲ့စတင်တာပါ ကျွန်တော်တို့ဒုတိယနှစ်မှာမြန်မာစာစတာကျေးဇူးသိတတ်မှုနဲ့ပါ အမေစုမှစလို့အားလုံးကိုပြောချင်တာကကျွန်တော်တို့တွေ သူရဲကောင်းတွေအသက်ရှင်နေသေးရင် ဂုဏ်ပြုပေးစေချင်ပါတယ်

ကျွန်တော်သူ့ကို ခဏခဏ တွေ့ ဘူးပါတယ်။ ဒါပေမဲ့သခင်တယောက် ဆိုတာသိရတဲ့အတွက် စိတ်မကောင်းပါဘူး။

သခင်လှကြိုင်လိုလူမျိုးတွေအများကြီးရှိနိုင်သေးတယ်သတင်းထောက်များဧနေရာတွေမှာစုံစမ်းပါ။ ၁၊နွှားထိုးကြီး။သတာလူရွှာ၊ဆေးခင်းကြီးရွှာ၊၂။မကွေး၊စလင်း၊စကု။၃၊တောင်ငူ၊အုတ်တွင်း၊တောင်ရာအလုပ် လုပ်နေ(၁၉၉၂)ခုနှစ်ရူမောင်(ခ)နေ၀င်းကိုဗှိလ်ချုပ်အောင်ဆန်းသတိစွဲပြီးအပြစ်ပေးတာကစပြောနိုင်တယ်ရှဖွေလေတွေ့ ရှိလေ

မြင်ရတာရင်ထဲကိုတကယ်မကောင်းပါဘူးဗျာ

မြင်ရတာစိတ်ထဲကိုတကယ်မကာင်းဘူးဗျာ...

မြင်ရတာစိတ်ထဲကို တကယ်မကောင်းဘူးဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်