Subscribe to our RSS Feed

မယ်စကြဝဠာ ဆု ဗင်နီဇွဲလား ရရှိ၊ People Choice ဆု ဖိလစ်ပိုင်ရရှိ၊ မိုးဆက်ဝိုင် လက်ဗလာဖြင့် အိမ်ပြန်မည်

From : ..voa

၂၀၁၃ ခုနှစ်ရဲ့ မယ်စကြဝဠာ ဗဲင်နီဇွဲလားအလှမယ် Gabriela Isler (အလယ်)

 
၆၂ ကြိမ်မြောက် မယ်စကြ၀ဠာ ရွေးချယ်ပွဲကိုတော့ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ နိုဝင်ဘာလ ၉ ရက်နေ့ ညချမ်းချိန် ခါမှာ ကျင်းပခဲ့တာမှာ ၂၀၁၃ ခုနှစ်အတွက် မယ်စကြ၀ဠာ သရဖူကို Miss Venezuela Maria Gabriela Isler က ရရှိသွားတာပါ။ ၂၀၁၂ ခုနှစ် မယ်စကြဝဠာသရဖူပိုင်ရှင် အမေရိကန်ပြည်ထောင်စုက Olivia Culpo မယ်စကြဝဠာ သရဖူကို ဆောင်းပေးခဲ့တာပါ။ ဒီမယ်စကြ၀ဠာ သရဖူဟာဆိုရင် ဗင်နီဇွဲလား နိုင်ငံအတွက် ၇ ကြိမ်မြောက် မယ်စကြ၀ဠာ ဆုလည်း ဖြစ်ပါတယ်။ ဒုတိယဆုကိုတော့ စပိန်မယ်၊ တတိယဆုကို အီကွေဒေါ မယ်၊ ဖိလစ်ပိုင်မယ်ကတော့ စတုတ္ထဆု ရခဲ့ပါတယ်။ ပဉ္စမဆုကတော့ ဘရာဇီးမယ်တို့က အသီးသီး ရရှိခဲ့ကြပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၈၆ နိုင်ငံက အလှမယ် ၈၆ ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါ။ မနေ့က နိုဝင်ဘာ ၉ ရက်နေ့ကတော့ ဒီပြိုင်ပွဲဝင် ၈၆ ဦးထဲက လက်ရွေးစင် ၁၆ ဦး ပထမဆုံး ရွေးချယ်လိုက်ပြီး ဒီကနေမှ အဆင့်ဆင့် ဆန်ခါတင် ၁၀ ဦး၊ နောက် ဆန်ခါတင် ၅ ဦးထိ ရွေးချယ်ခဲ့ပါတယ်။ ဆန်ခါတင် ၅ ဦး ရွေးချယ်ပြီးမှာတော့ တဦးချင်း ဒိုင်လူကြီးတွေရဲ့ မေးခွန်းတွေကို ဖြေကြားကြရပါတယ်။

ဗင်နီဇွဲလားမယ် မာရီယာ ဂဘရီလာ အစ်စ်လာကို ဒိုင်လူကြီးက ‘မင်း အကြောက်ဆုံး ကိစ္စက ဘာလဲ၊ ဒီဟာကိုရော ဘယ်လို ကျော်လွှားမလဲ’- လို့ မေးခဲ့တာပါ။ ဗင်နီဇွဲလားမယ် မာရီယာ ဂဘရီလာ အစ်စ်လာ က ‘ကျမတို့မှာ ရှိနေတဲ့ အကြောက်တရား အားလုံးကို ကျော်လွှားသင့်ပါတယ်။ ဒီလို လုပ်ရင်တော့ ကျမတို့ဟာ ပိုပြီး ကြံ့ခိုင်လာပါလိမ့်မယ်။ အကြောက်တရားကို ကျော်လွှားလိုက်နိုင်ပြီ ဆိုတာနဲ့ ကျမတို့ဟာ အရာရာကို ရင်ဆိုင်နိုင်သူတွေ ဖြစ်လာပါမယ်’- လို့ ဖြေခဲ့တာပါ။


မယ်စကြဝဠာပြိုင်ပွဲဝင် အလှမယ်များ။မယ်စကြဝဠာပြိုင်ပွဲဝင် အလှမယ်များ။


မယ်စကြ၀ဠာ ကျင်းပရေးအဖွဲ့ကြီးကို ပူးတွဲပိုင်ဆိုင်သူ ဘီလီယံနာ သူဌေးကြီး Donald Trump ကတော့ မယ်စကြ၀ဠာ တဦးအဖြစ်ကို ပိုင်ဆိုင်ရဖို့ အပြင်ပန်းလှရုံနဲ့တော့ဖြင့် မဟုတ်ပါဘူးလို့ ဆိုပါတယ်။

“ကျနော့် အယူအဆအရ ခမ်းနားတဲ့ဖွင့်ဆိုချက်ကတော့  အပြင်ပန်းအလှလည်း ရှိကိုရှိရမယ့်နည်းတူ နှလုံးသားလည်း လှရမယ်ပေါ့ဗျာ။ နှလုံးသားအလှ မရှိဘူးဆိုရင် ကျနော်တို့မှာဗျာ- အံ့ဖွယ်အလှကို ပိုင်ဆိုင်ကြတဲ့ အမျိုးသမီး တချို့ ရှိပါတယ်။ ဒါပေမယ့် သူတို့မှာက အသဲနှလုံး မရှိဘူးဗျာ။ အသဲနှလုံး မရှိဘဲနဲ့တော့ သိပ်ကြီးကျယ် ခမ်းနားတဲ့ အလှမျိုး မရှိနိုင်ပါဘူးဗျာ။”

မယ်စကြ၀ဠာ ပြိုင်ပွဲ ကျင်းပရေးအဖွဲ့ကြီးကို တွဲဖက်ပိုင်ဆိုင်သူ ဘီလီယံနာ သူဌေးကြီး ဒေါ်နယ်ထရမ့်က မယ်စကြ၀ဠာ တဦး ဖြစ်ဖို့ လိုအပ်ချက်တွေကို မယ်စကြ၀ဠာပြိုင်ပွဲ မစမီမှာ ပြောဆိုခဲ့တာပါ။

ဒီနှစ် ၂၀၁၃ ခုနှစ် မယ်စကြ၀ဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံကလည်း ၁၀ စုနှစ် ၅ ခုကျော် အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး မယ်စကြ၀ဠာ (မြန်မာ) မိုးစက်ဝိုင်လည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ မြန်မာမယ်ရဲ့ အခြေအနေ ဘယ်လိုရှိပါလဲ ဆိုတာကိုတော့ မော်စကိုမြို့တော် မယ်စကြ၀ဠာပြိုင်ပွဲကို ကိုယ်တိုင် ရောက်ရှိနေတဲ့ ဦးရော်နီညိမ်းက အခုလို ဆိုပါတယ်။

“လက်တင်အမေရိက နိုင်ငံ တနိုင်ငံဖြစ်တဲ့ ဗဲန်နီဇွဲလား၊ နဂိုရ်ကတည်းကလည်း သတင်းပြေးနေတယ်လေ။ သူပဲ ရသွားပါတယ်။ ဒီ နောက်ဆုံး ၁၆ ယောက်မှာလည်း ကျနော်တို့ မိုးစက်ဝိုင်ကတော့ ပါမလာခဲ့ဘူးပေါ့နော်။ ကျနော်တို့ အင်တာနက်ပေါ်မှာ voting က ပါမယ်လို့ ထင်ရပေမဲ့ တကယ်တန်းကတော့ ဖိလစ်ပိုင်က ပါသွားတယ်။ ဒါကြောင့်မို့လို့ People Choice လူထုရဲ့အကြိုက် မဲပေးတယ်ဆိုတဲ့ ရွေးချယ် တဲ့နည်းနဲ့ ရွေးချယ်တဲ့ တစ်ယောက်မှာလည်း ဖိလစ်ပိုင်ကပဲ ဖြစ်သွားပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက မိုးစက်ဝိုင်ကတော့ ဒီနှစ်မှာ မရဘူးပေါ့နော်။”

မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်တဲ့ မယ်စကြ၀ဠာ (မြန်မာ) မိုးစက်ဝိုင်ကို အင်တာနက်ကနေ မဲပေးရွေးချယ်တဲ့ People Choice Award အများပြည်သူ အကြိုက်ဆုံး ဆု မှန်းခဲ့ပေမယ့် ဖိလစ်ပိုင်မယ် Ariella Arida က ရရှိသွားပါတယ်ရှင်။ 

30 comments:

1-WELCOME HOME MOE SET Y.
2-YOU HAVE DONE YOUR BEST JOB FOR THE
COUNTRY.
3-WINNING OR NOT WINNING IS PURELY
DEPEND UPON THE POLICY OF JUDGES.
4-YOU ARE SO BEAUTIFUL AND ALL CONTESTANTS ARE ALSO BEAUTIFUL.
5-WE AS AN ORDINARY CITIZEN CANNOT
CHOOSE THE BEST BEAUTIFUL AND
GENERAL QUALIFICATION PERSON
BECAUSE ALL ARE SO BEAUTIFUL.
6-YOU HAVE DONE GOOD PERFORMANCE
AND SHOW AND PROVED THE WORLD
VIEWERS;
WE MYANMAR WOMEN ARE ALSO VERY
BEAUTIFUL LIKE OTHER NATIONALITIES.
7-GOOD LUCK AND ENJOY YOUR LIFE.

ဲမန်မာ့အမျိုးဆောင်..မြန်မာ လူယုတ်မာ များက ..မိုးစက်ဝိုင်မဲ တွေဟာ မတရားပါဘူးဆိုပြီး Report လှမ်းလုပ်လိုက်လို့..မဲတွေ အများကြီး ပြန်ဖြုတ်ချခံလိုက်ရတယ်လို့ သိရပါတယ်။ ၀မ်းနည်းဖို့ အင်မတန်ကောင်းပါတယ်။ အသားထဲကလောက်တွေ ပါ။ မိုးစက်ဝိုင်ကို ဆဲနေတဲ့ခွန်ဒီယမ်း ရီပို့လုပ်တာဖြစ်နိုင်တယ်လို့လေဲ အွန်လိုင်းမှာပြောနေကြကြောင်းသိရပါတယ်။

ဘာမှ့ မ၇တော့ ဘာမှ့ သယ်လာစရာ မလိုဘူးလေ .. လေး တာတောင် သက်သားသေးတယ်
မိုးစက်

ဟုတ်တယ်ဗျာ ကိုယ့်မြန်မာအချင်းချင်းတော်တော်အကျင့်ယုတ်လွင်းတယ် အွန်လိုင်းပေါ်မှာ အကျင့်ယုတ်တဲ့သူတွေတွေ့ရတယ် မိုးစက်ကိုအားမပေးနဲ့ ဖိလစ်ပိုင်ကိုအားပေးဆိုပြီးလိုက်အော်နေတာတွေ့တယ် ဒါပေမဲ့ မြန်မာလူမျိုးစစ်စစ် မြန်မာမျိုးချစ်တွေက မိုးစက်ကိုတခဲနက်မဲပေးကြတယ် ဖားမထက် အမှတ်အများကြီးသာပါတယ် အဲဒါကို အမျိုးယုတ်ပုဆိန်ရိုးတွေ ကောက်ကျစ်တဲ့စိတ်နဲ့ လုပ်တာ ပထမအဆင့် မအောင်မြင်လို့ နောက်ဆုံး မိုးစက်ကမြန်မာမဟုတ် တရုတ်ပါဆိုပြီး ယုတ်မာတဲ့ သစ္စာဖောက်တွေ ကန့်ကွက်စာတွေပို့လို့ မိုးစက်အပါယ်ခံလိုက်ရတာပါ ကိုယ့်လူမျိုးအချင်းချင်း တော်တော်ရက်စက်ကြတယ်

ဟ ဟ မရတာကောင်းတယ်

Moe Set Y is so stupid.She isn't Myanmar. Myanmar's people don't proud for her. We are so happy. She will be come back home without prize.

but anyway she can do something for myanmar. myanmar express ,, i like ur site ,, i always read,,but i dont like this news title,, she is myanmar citizen,, not related with white monkey,,

ရှက်​ဖို့​တောင်​ ​ကောင်းတယ်​ ငါတို့က​တော့အား​ပေး လိုက်​ရတာ ​ကောင်​မ ဘာဆုမှလည်းမရဘူး ရမလား
စသွားကတည်းက ဖားသလို ယားသလိုနဲ့ ​ဘောင်​မဝင်​တာ​တွေ ​ပြောတာကိုး ဒါလား စစ်​သားတစ်​​ယောက်​ လို
ကြိုးစားမယ်​ဆိုတဲ့ ​ကောင်​မ ဖိုးလပြည့်​နဲ့ ခံဖို့​တောင်​မတန်​ဘူး စစ်​တပ်​ထဲသာ ဖင်​သွားခံလိုက်​​တော့ ဖင်​မရှိ ရင်​မရှိ နဲ့
စစ်​သား​တွေ​တောင်​ နင့်​ရုပ်​ကို သုံးမှာ မဟုက်​ဘူး ဝဲစားမ

နင်​ တို့ဟာမက ကြက်​ရုပ်​ကြီးနဲ့ ပုံမှမလာ တာ
အင်​တာနက်​ ဆု​တောင်​ မရမှ​တော့ ဘာသွားသုံးစား မလဲ ဘယ်​သူ ဘာ​ပြော​ပြော
အရည်​အချင်း ရှိမှဖြစ်​ မှာ ​လေ ပြန်​လာရင်​ ကြက်​မလုပ်​ခိုင်းလိုက်

လာပြီးနှစ်​သိမ့်​​နေနဲ့ စိတ်​ညစ်​တယ်​ ပြန်​လာရင်
အစ်​ကို ဖိုးလပြည့်​ ကိုပဲ​ကျွေးလိုက်​​တော့မယ်
ဟင့်​ ဟင့်​ ​မော်​စကိုကဝယ်​လာ တဲ့ စမူဆာပြားပြား​လေး​လေ အဟိ

ဟုက်​ကဲ့ရှင့်​ ​လေးလွန်းလို့ ပါရင်းပစ်​စည်း​လေး​တွေ​တောင်​ဖြုတ်​ထား ခဲ့ရင်​​ကောင်းမလားလို့
သြော်​ စိတ်​ညစ်​ပါတယ်​ ဖင်​မ​ပေါ်ရုံတမည်​ ​လျှောက်​ပြရပြီး ဘာမှလည်း ရဘူး မီးမီး ရှက်​ရှက်

ကောင်းပါတယ်

မင်းကောင်ကလေထွားတာကို ငါတို့ကပေးမလို့ဟာ

အပေါ်က အောက်တန်းစားတွေအစား ရှက်မိတယ်။ တရုတ်မ ဘဲ ထား..မြန်မာနိုင်ငံအတွက် ကိုယ်စားပြု ဆောင်ရွက်ပေးခဲ့တာပါ။ ဒါကို ၀ိုင်းသမတယ်။ မြန်မာစစ်စစ်တွေက မြန်မာပြည်ကိုမချစ်တာကိုပြသတာဘဲ။ အဲ့လိုစိတ်ဓါတ်ရှိတဲ့ လူတွေအတွက် စစ်အစိုးရကသာလျှင်အသင့်တော်ဆုံးဘဲ။ ဘာဒီမိုကရေစီမှမတ်ဘူးဘဲ။

No prize , no problem. Myanmar is always proud of you. This Miss universe is also first time for Myanmar . Miss Universe is also biased because first three are fall Spanish girls.

မြန်​မာပြည်​ ကိုချစ်​လို့မြန်​မာမ​လေး ​တွေအစား​ဒေါသ ဖြစ်​​နေတာ​ပေါ့ တရုတ်​မလွှတ်​​တော့ နိုင်​ငံတကာက မြန်​မာမ​တွေထဲ မှာ အ​ချောအလှ
ဒီ​လောက်​ရှား ​နေလားထင်​မှာ စိုးရတယ်
ခု​တော့ တရုတ်​မက မြန်​မာစစ်​စစ်​ ခ​ရေချစ်​သည်
ဆိုတဲ့ အထာကြီး နဲ့ ရွံ လိုက်​တာ ​ဝေါ့ ......

ခုမှ​တော့ ဒီလိုပဲ ​ပြောရ​တော့ မှာ​ပေါ့ တရားနဲ့သာ​ဖြေကြ ​တော့ကွယ်

မရတာဘဲ​ကောင်​တယ်​ ရလာရင်​​ဆောက်​ကြီးကျယ်​​ဟြေ​နေဦးမှာ


ဘယ်သူတွေ ဘာပြောပြော မြန်မာပြည်ကိုယ်စားပြု သွားပြိုင်တဲ့ မိုးစက်ဝိုင် ကိုအားပေးပါတယ် ဆက်ကြိုစားပါခင်ဗျာ အောင်မြင်မှုလမ်းများ ဆက်လက် လျှောက်လှမ်းနိုင်ပါစေ
ခွန်ဖြိုးသူအောင်(နေပြည်တော်)

ဘယ်သူတွေ ဘာပြောပြော မြန်မာပြည်ကိုယ်စားပြု သွားပြိုင်တဲ့ မိုးစက်ဝိုင် ကိုအားပေးပါတယ် ဆက်ကြိုစားပါခင်ဗျာ အောင်မြင်မှုလမ်းများ ဆက်လက် လျှောက်လှမ်းနိုင်ပါစေ
ခွန်ဖြိုးသူအောင်(နေပြည်တော်)

ဘယ်သူတွေ ဘာပြောပြော မြန်မာပြည်ကိုယ်စားပြု သွားပြိုင်တဲ့ မိုးစက်ဝိုင် ကိုအားပေးပါတယ် ဆက်ကြိုစားပါခင်ဗျာ အောင်မြင်မှုလမ်းများ ဆက်လက် လျှောက်လှမ်းနိုင်ပါစေ
ခွန်ဖြိုးသူအောင်(နေပြည်တော်)

မရခဲ့လဲစိတ်မညစ်နဲ့ဆက်ကြိုးစားပါ။အစ်မတို့
အားပေးတယ်။နိုင်ငံအတွက်အကောင်း
လူပ်ပေးခဲ့တာပဲ။

အောင်​မြင်​မှု ဘာလုပ်​ဖို့လဲ
ခရိုနီ ​တွေဆီက စပွန်​ဆာရဖို့ အဓိကရှင့်


"မိုးစက်ဝိုင်အား လုပ်ကြံမှု"

Myanmar Daily Star
18:45

မိတ်ဆွေတို့ရေ

အရင်ဦးဆုံးပြောလိုတာက သူတစ်ပါးက ကိုယ့်အပေါ် အမှားကျူးတာကို ခံလိုက်ရလို့ ပြန်လက်စားချေတယ် ဆိုတာ မကောင်းပါဘူး တတ်နိုင်ရင် မလုပ်ကြပါနဲ့။
မိတ်ဆွေတို့ကို ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်စရာ စိတ်မကောင်းစရာ တစ်ခုပြောပြစရာရှိလို့ပါ။
မနေ့ည က ကိုယ့်နိုင်ငံက မယ်လေး TV မှာ သိပ်တောင် မပါလိုက်ရှာတာ အရမ်းသနားသွားလို့ စိတ်ညစ်ညစ်နဲ့ သူငယ်ချင်းတွေ နဲ့ စရင်းနောက်ရင်း စိတ်သက်သာရာရပြီး အိပ်ရာဝင်ခါနီးကြမှ ညီမ တစ်ယောက်က လှမ်းပြောပြပါတယ်။


https://www.facebook.com/kyiwahhtun

ကြည်ဝါထွန်း (ခ) သိုးခလေးဖေ့ဘွတ် မှာသွားကြည့်ပါတဲ့

အဲ့ဒိကနေ တဆင့် မိတ်ဆွေတွေကနေတဆင့်ဆီ ဆက်စပ်ပြီး ကျွန်တော်လုံးဝ မထင်ထားခဲ့တာတွေအများကြီးထပ်ပြီး အံ့အားတကြီး သိခဲ့ရပါတယ်။

အဲ့ဒါက ...

မိုးစက်ဝိုင် က မြန်မာတွေဝိုင်းပေးကြတဲ့ မဲ တွေ တရားဝင်နိုင်နေခဲ့ရဲ့သားနဲ့ ပြည်ပနိုင်ငံရေးသမားပါဆိုတဲ့ လွန်စွာစိတ်ထားမြင့်မြတ်တဲ့ မြန်မာတစ်စုက မယ်စကြာဝဠာ အင်တာနက် မဲစီစစ်ရေး ဌာနထိဆက်သွယ်ပြီး မြန်မာတွေက မတရားနည်းနဲ့ အကောင့်အတုတွေ နည်းပညာတွေနဲ့ မိုးစက်ဝိုင်ကို မဲပေးနေကြပါတယ် ဆိုပြီး လူများစွာဝိုင်းပြီး တရားဝင်တိုင်ကြားခဲ့ပါတယ်တဲ့။ဒါကြောင့် ခေါင်းစဉ် တစ်ချို့မှာ မဲ အရေအတွက် ရှေ့က သိသိသာသာ ကျော်နေတဲ့ မိုးစက်ဝိုင်က စကာတင် ၁၆ ယောက်ထဲမှာ ပါပြီးမှ ပြန်အဖြုတ်ခံရတာပါလို့ ခိုင်လုံစွာ သိရပါတယ်။

တစ်ကယ်တမ်းက ဖီလစ်ပိုင်တွေ ထိုင်းတွေအားလုံးလဲ သူတို့နည်းသူတို့ဟန်နဲ့ သူတို့ မယ်ကို ရတဲ့နည်းမျိုးစုံနဲ့လုပ်နေကြတာပါ။သူတို့နိုင်ငံတွေက ကျွန်တော်တို့ မြန်မာတွေထက် အင်တာနက်သုံးစွဲသူဦးရေ အဆပေါင်းများစွာပိုများသလို အင်တာနက် အမြန်နှုန်းကလဲ မိုး နဲ့ မြေလောက်ကွာတာလဲ သိကြမှာပါ။

ဒီလိုလုပ်ရပ်ကို ကိုယ့်လူမျိုးအချင်းချင်း ကောက်ကျစ်စွာ လုပ်ကြံခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းက ဘာလို့လဲ ဆိုတော့ .....

အင်တာနက်မှာ ပြန့်နေတဲ့ နေရွှေသွေးအောင် က ကားတံခါး ဖွင့်ပေးနေတဲ့ ဓါတ်ပုံတစ်ပုံကြောင့် မိုးစက်ဝိုင်ကို သန်းရွှေမြေး နဲ့ ပါတ်သက်ရမလားဆိုပြီး ဆန်ကာတင် ၁၆ ယောက်ထဲ မပါသွားအောင် အုပ်စုဖွဲ့ပြီး တမင်ဝိုင်းလုပ်တာပါတဲ့.....

အဲ့ဒိပုံ နဲ့ ပါတ်သက်ပြီး ကျွန်တော်စုံစမ်းကြည့်လို့ရသလောက်က မိုးစက်ဝိုင်ကလဲ ဘယ်တုန်းကမှ နေရွှေသွေးအောင် နဲ့ လဲ မပေါင်းမိရပါဘူး။မျက်မြင်သက်သေတွေ သတင်းသမားမိတ်ဆွေတွေ အားလုံးဆီက ပြန်ကြားသိထားတဲ့ ဖြစ်စဉ်မှန် အတိအကျ က တစ်ကယ့်ကို ရိုးရိုး ရှင်းရှင်း လေးပါ။


မေး (၁) = နေရွှေသွေးအောင် တို့ အသင်းပွဲကို ဘာလို့လာသလဲ?

ဖြေ (၁) = ဒီ ဘော်လုံးအသင်းပွဲမှာ သူ့ကို ခေါ်ပြီး Promotion လုပ်ပေးဖို့ ဖိတ်တော့ Publicity အရ သူလာပေးတယ်။

ဒါ နေရွှေသွေးအောင်တွေ ဘာတွေ အတွက် သီးသန့် မဟုတ်ဘူး။သူ့ အတွက်လဲ ပါတယ်။သူ့ လက်ရှိအနေအထားမှာ သန့်ရှင်းရိုးသားတဲ့ လူမှုရေး Publicity မှန်သမျှ အကုန်လုပ်ရမယ်။မယ်ဆိုတာ အဲ့လိုဘဲ လူထု နဲ့ ပါတ်သက်ဆက်ဆံမှုတွေ လုပ်ကိုလုပ်ပေးရမယ်။ဒီနေရာမှာ နန်းခင်ဇေယျာ ကိုဖိတ်လဲ သူလုပ်ပေးရမှာဘဲ။ဒါ ကိုယ်တုံးလုံးချွတ်ပြရတာမဟုတ်ဘူး။ဘယ်ယောကျာ်းရဲ့ အထိအကိုင်မှ ခံရတာမဟုတ်ဘူး။ဘယ် ဗိုက်ပူကြီးတွေရဲ့ ပေါင်ပေါ်မှာလဲမထိုင်ရဘူး။ ဘယ် ဘိုးတော်အိုကြီးတွေနဲ့မှလဲ အိပ်ရတာ မဟုတ်ဘူး။


*****

မေး (၂) = ဓါတ်ပုံထဲမှာ နေေ၇ွှသွေးအောင် တံခါးဖွင့်ကြိုနေတဲ့ ကားထဲက ဘာလို့ ထွက်လာတာလဲ?

ဖြေ (၂) = အဲ့ဒိနေ့က ဘော်လုံး ဖွင့်ပွဲနေ့မှာ သူဌေးသား ဆရာဝန်ကောင်လေးတစ်ယောက်က မိုးစက်ဝိုင်ကို ကွင်းပြင် ထောင့်တစ်နေရာကနေ သူ့ကိုယ်ပိုင် Lamborghini နဲ့ တင်ခေါ်လာပြီး နေ့ခင်းကြောင်တောင်ကြီး ဘေးမှာ လူတွေ ရာနဲ့ချီနေတဲ့ အချိန် လူမြင်ကွင်းမှာ ဘော်လုံးကွင်းတစ်ပါတ် ပါတ်စီးလာတယ်။

ပြီးတော့ စင်ရှေ့တည့်တည့် လျှောက်လမ်းရှေ့မှာ ရပ်လိုက်ပြီး အနောက်တိုင်းယဉ်ကျေးမှု အခမ်းအနား ပုံသေနည်းအရ အခမ်းအနားဖွင့်လှစ်ပေးမယ့် အထူးဧည့်သည်တော် မိုးစက်ဝိုင် ကားပေါ်က ဆင်းတော့ အပြင်မှာ အသင့်ရပ်စောင့်နေတဲ့ အခမ်းအနားရဲ့ အဓိက တာဝန်ရှိသူ အသင်းဥက္ကဌဖြစ်တဲ့ နေရွှေသွေးအောင်က ကားတံခါးဖွင့်ပေးပြီး ကြိုဆိုပေးခဲ့တယ်။

တစ်ကယ့်ဖြစ်စဉ်အပြည့်အစုံက ဒါပါဘဲ။ နေရွှေသွေးအောင် ပိုင်တဲ့ကားစီးလာတာလဲ မဟုတ်သလို နေရွှေသွေးအောင်မောင်းတဲ့ကားစီးလာတာလဲမဟုတ်ဘူး

ပြောမယ့်သာပြောနေရတာပါ တစ်ကယ်လို့ နှစ်ခုလုံး ဟုတ်နေခဲ့တယ်ဆိုရင်တောင် သူ့မှာ ဘာအပြစ်မှကိုမရှိပါဘူး

အဲ့ဒါကို မိုးစက်ဝိုင်ကားပေါ်ကဆင်းတုန်း နေရွှေသွေးအောင်တံခါးဖွင့်ပေးနေတာလေးဘဲ ပါတဲ့ သတင်းဓါတ်ပုံလေး နှစ်ပုံကနေ

"မိုးစက်ဝိုင် နဲ့ နေရွှေသွေးအောင်နဲ့ ညားကြလေသတည်း" ... ဆိုတာကို ဘယ်လို ဆက်စပ်ယူလိုက်တယ်ဆိုတာကတော့ဖြင့် ...

ပြည်ပနိုင်ငံရေးသမားဆိုသူတွေရဲ့ ထူးခြားစွာ တူညီကြသော စိတ်နယ်လွန်စွမ်းပကားတွေဖြစ်တဲ့ ...

သာမန်လူ လိုက်မမှီနိုင်သော မြေလျှိုးမိုးပျံ ဆင်ခြင်ဆက်စပ်တွေးခေါ်နှိုင်စွမ်းရည် (ခ) (IQ) ...

ဘာမဆို ကိုယ့်စိတ်နဲ့ နှိုင်းပြီး အစွမ်းကုန်ရိုင်းတတ်တဲ့ နဲ့ စာရိတ္တ ...

ကျောင်းသားဆိုတာ ရွာဦးကျောင်းဘုန်းဘုန်း လက်ထွက်တွေလားလို့ ရင်သပ်ရှုမောဖြစ်ရင်း ဘုန်းကြီးပါမဆီမဆိုင် ကျိန်ဆဲခံရတဲ့ ပညာအဆင့်အတန်း ...

၎င်းတို့ဖြတ်သန်းလာခဲ့တဲ့ ကျောက်ခတ်ယဉ်ကျေးမှု ဓလေ့ထုံးစံ ...

၎င်းတို့ ပေါင်းသင်းဆက်ဆံခဲ့ရတဲ့ မဟာစရိုက် အသိုင်းအဝိုင်း ...

၎င်းတို့တစ်သက်လုံး ကြီးပြင်းယဉ်ပါး ဆည်းပူးလာခဲ့တဲ့ မာဂဓ ဘာသာဝင် မိဘဆွေမျိုးများ ......

အစရှိတဲ့ ......

ကုန်အောင် ဖေါ်ပြဖို့တောင် မတတ်နိုင်တော့လို့ ကျန်းဂန်တွေထဲမှာတောင် ချန်လှပ်ထားခဲ့ရတဲ့ ရာဇဝင်မျိုး နဲ့ လူသားတွေဆိုတာ ထင်ရှားထိုင်မာစွာ မှတ်ကျောက်တင် သက်သေပြပြီးဖြစ်နေပါတယ်။

မိုးစက်ဝိုင်ဟာ နေရွှေသွေးအောင် နဲ့ အရင်ကလဲ ပါတ်သက်တာမကြားဖူးသလို အဲ့ဒိ ပွဲ နောက်ပိုင်းမှာလဲ ဘာမှ ပါတ်သက်တာမကြားခဲ့ရတဲ့အပြင် သူမ ကိုယ်တိုင်ကလဲ နေရွှေသွေးအောင် နဲ့ ဘာမှ ဘယ်တုန်းကမှ မပါတ်သက်ပါဘူးဆိုတာ စာနယ်ဇင်း နဲ့ မီဒီယာတွေအားလုံးကို အတိအလင်း လဲ ပြောခဲ့ပြီးသားပါ။


ဒါတွေထက် မြန်မာချင်းချင်း ပိုနားလည်ထားသင့်တာတွေက 1988 May 20th မှာမှ မွေးတဲ့ မိုးစက်ဝိုင်ဟာ ၈၈ နဲ့ လဲ ဘာမှ မဆိုင်ဘူး ဦးသန့် ဆိုရင် သူ တော်တော်ကြီးတဲ့ထိတောင် ကြားဖူးခဲ့မှာလဲ မဟုတ်ပါဘူးမိတ်ဆွေတို့ ကျွန်တော်တို့ ဖြတ်သန်းဖူးတဲ့ ၈၈ ရဲ့ အတွေ့အကြုံမျိုး ၈၈ ကြောင့် ပါတ်သက်ပြီး အစိုးရ အပေါ်ထားတဲ့ ခံယူချက်မျိုး ၈၈ လွန် နှစ်တွေမှာ မွေးခဲ့တဲ့ ကလေးတွေ မှာ ဘယ်တော့မှလဲ ရှိမှာ မဟုတ်ဘူး။

ဒါကို မယောင်ရာဆီလူးပြီး ကိုယ့်လူမျိုးချင်း သမီးအရွယ် မြေးအရွယ် ကလေးတစ်ယောက်ကို အငြိုးတစ်ကြီး အုပ်စုဖွဲ့ဝိုင်းလုပ်ကြံကြတဲ့သူတွေမိန်းကလေးတစ်ယောက်ကို နောက်ကျောဓါးနဲ့ထိုးခဲ့တဲ့ မိုးစက်ဝိုင်ကို လုပ်ကြံခဲ့တဲ့သူတွေနိုင်ငံရေးပုဝါနက်ကို မျက်လုံးပေါ်ရုံလေးခေါင်းမြီးခြုံထားတဲ့ မိစ္ဆာဒိဌိ အုပ်စုတွေကို ဘာပြန်လုပ်ပါလို့ ကျွန်တော် မပြောလိုပါဘူး။

ကျွန်တော် ပြောချင်တာက အဲ့ဒိလူတွေဟာ တဖြေးဖြေးနဲ့ ပြည်တွင်း ပြည်ပ မြန်မာတွေအားလုံးရဲ့ ယုံကြည်လေးစားမှုနယ်နိမိတ်ပြင်ပမှာ ရောက်ရှိမှန်းမသိ ရောက်ရှိလာတာကြာခဲ့ပါပြီ။

သိပ်မကြာခင်မှာ အမှိုက်ဟောင်းတွေလို လွင့်သွားတော့မှာ မလွဲပါဘူး

အဲ့ဒိ လို လုပ်တတ်တဲ့သူတွေကိုလဲ သူတို့ စေတနာက ပြန်အကျိုးပေးမှာ မယုံမရှိပါနဲ့

ပိုဆိုးတာက အဲ့ဒိလူတွေမှာ မရှိချို့တဲ့ခဲ့တဲ့

ရုပ်ဆင်းအင်္ဂါ ပညာသုတ ဥစ္စာစည်းစိမ် ဆွေမျိုးဂုဏ်အင် ဆိုတာတွေဟာ ၄င်းတို့ ခုလိုဘဲ သူတစ်ပါးအပေါ် ယ္ခင်ဘဝတွေမှာ အကောက်ကြံ မှားယွင်း လွန်ကျူးမိခဲ့လို့ဆိုတာကို ခုချိန်ထိလဲ နားမလည်သေးဘဲ သံသရာမိုက်တွင်းထဲ ဆက်ဆင်းနေကြတယ်ဆိုတာပါဘဲ။

ဒီတော့ ပြောချင်တာက ခု ဖြစ်စဉ်မှာ မိုးစက်ဝိုင် ကို သူတို့ နိုင်သွားတယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။

တစ်ကယ်တမ်းကတော့

ကိုယ့်နိုင်ငံနဲ့ လူမျိုးအတွက် သန့်စင်တဲ့စေတနာစစ်စစ်နဲ့ ယှဉ်ပြိုင်အားထုတ်ပေးနေတဲ့ ဘာအပြစ်မှ မရှိတဲ့ မိန်းကလေးတစ်ယောက်ကို ကိုယ့် အစွန်းရောက်ယုံကြည်မှုတွေအတွက် အုပ်စုဖွဲ့ပြီး ကောက်ကျစ်နိမ့်ကျစွာ နှောက်ယှက်ပျက်စီးစေခြင်းဆိုတဲ့ သိပ်ကြီးမားတဲ့အကုသိုလ်ကိုပြုမိတဲ့ ၄င်းတို့ အားလုံး ရှက်ကြောက်စရာကောင်းလွန်းအောင်ကို ရှုံးနိမ့်သွားတာ သူတို့ ကိုယ်တိုင်သိကြပုံမပေါ်ပါဘူး။

စိတ်မကောင်းမဖြစ်နဲ့ မိုးစက်ဝိုင်ရေ။
မင်း နဲ့ တူတူ ငါတို့ အမြဲရှိနေမယ်။
ငါ့ တိုင်းပြည် နဲ့ လူမျိုးအတွက်
ရိုးသားတဲ့သူတွေအတွက်
အမှန်တရားအတွက်
ငါ အမြဲရှိနေမယ်။

မျိုးချစ်မြန်မာ

*****************************************
သီတင်းကို တခြားနေရာကနေ ဖတ်ပြီးသားသူတွေက သီတင်းက ဒီထက်မကဘူးဆိုတာကို ပိုသိမှာပါ... ပေ့ဂ်ျအနေနဲ့ သာ တဘက်က မိုးစက်ကို မလိုသူ တချို့ ကိုဘယ်လို လက်စားချေဖို့ မလိုသလို တကယ်လိုသာလက်စားချေချင်ရင် လည်း ဘယ်လိုနည်းတွေရှိတယ်ဆိုတာကိုတော့ အက်ဒမင် တယောက်ရဲ့  စည်းစောင့်သောအနေနဲ မတင်ပေးတော့ပါဘူးနော်...

ပြိုင်ကားနဲ့ ပါတ်သတ်တဲ့သီတင်း တကယ်မဟုတ်ပါဘူးဆိုတာကတော့ အဲ့ ပြိုင်ပွဲတုန်းက video လေးကြည့်ဘူးမယ်ဆိုရင် သိမှာပါ...


အားလုံးပဲ စိတ်တွေ အေးချမ်းနိုင်ပါစေ ဆုတောင်းရင်း...

From:Myo Chit Myanmar

www.mmdailystar.com


Myo Chit Myanmar ကျွန်တော် ပြန်ကြားသမျှကတော့
တိုင်တဲ့ မြန်မာတွေအုပ်စုဟာ ၄င်းတို့ကိုယ်တိုင် မြန်မာတွေပါလို့ အသိပေးပြီးတော့
ငါလဲ မြန်မာပါဘဲ မတရားတာကို လက်မခံနိုင်လို့ပါ ဆိုတဲ့ ပုံစံမျိုးတွေနဲ့ ဗဟိုကော်မတီကို တိုက်ရိုက်စာများစွာရေးပြီးရော
ဖီလစ်ပိုင် လူမျိုးတွေကို ဖိလစ်ပိုင်လို နဲ့ အင်္ဂလိပ်လိုပါ စာတွေပို့ တိုက်တွန်းမြှောက်ပင့်ပေးပြီးတော့ရော မြန်မာတွေက ခုလိုခုလိုတွေ လုပ်နေပါတယ် လို့ အရင်ဆုံးစတိုင်ခဲ့ပါတယ်တဲ့

အသားအရောင်ခွဲခြားတဲ့စကားလုံးတွေ နဲ့ သူတို့ကို စော်ကားနေပါတယ် ဆိုတာတွေကို လူအယောက်ပေါင်းများစွာ email မျိုးစုံနဲ့ ရော Screenshots တွေ နဲ့ပါ တိုင်ထားကြတယ်လို့ ကြားပါတယ်။

ကျွန်တော့်မှာ 100% Solid Prove ရှိလားဆိုရင်တော့ မရှိပါဘူး

တဆင့်ပြောပြတဲ့သူကလဲ အမည်မဖေါ်စေလိုတာကြောင့်ပါ။
ဘာလို့လဲဆိုတော့ တိုင်တဲ့ အုပ်စုထဲမှာ သူ့ လူတွေ အများစုပါနေလို့ပါတဲ့။

ဒါပေမယ့် Hmone Shwe Yi ပြောသလိုတော့ ဒီပွဲမှ မဟုတ်ပါဘူး ဘယ်ပွဲက ဒိုင်တွေ တာဝန်ရှိသူတွေက မှ လူနည်းစု ကနေ တစ်ချို့ကို မကျေနပ်လို့ တိုင်တာနဲ့တော့ မယ်တစ်ယောက်ကို မဖြုတ်လိုက်ဘူးဆိုတာ အားလုံးနားလည်ပါတယ်။

ကျွန်တော်လဲ အဲ့ဒိလောက် ဘယ်သူ့စကားကိုမှ မတွေးမခေါ်ဘဲ မယုံကြည်ပါဘူး

ဒါပေမယ့် မိတ်ဆွေ နားလည်ထားရမှာက International ပွဲတွေမှာ ခုလို လူမျိုးချင်း ဖဲ့ကြတယ်ဆိုတာ အရင်ကလဲ ရှိဖူးပေမယ့် အင်မတန် နည်းပါတယ်။

မြန်မာပါလာတဲ့ နှစ် ကျမှ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆဲကြ ဆိုကြတာတွေ အရမ်းကြမ်းသွားတာက လူသိရှင်ကြားဖြစ်သွားပါတယ်။

ဒီတော့ တိုင်လိုက်တဲ့ အဖွဲ့က အဲ့ဒါကို ထောက်ပြပြီး မြန်မာတွေဟာ အသားအရောင်ခွဲစော်ကားနေတယ်

Racial Discrimination လုပ်နေပါတယ်လို့ အများကြီးကဝိုင်းတိုင်ကြမှာသေချာပါတယ်။

Olympic လို International Contest တွေအားလုံးမှာ အရမ်းကြီးတဲ့ စည်းကမ်းတစ်ချက်က အသားအရောင် လူမျိုး နဲ့ ဘာသာတွေကို လုံးဝ စော်ကားဆဲရေးခွင့် လှောင်ပြောင်ခွင့် ပျက်ရယ်ပြုခွင့် မရှိရဘူးဆိုတာ တင်းကျပ်စွာ တားမြစ်ထားပါတယ်။

ဒီတော့ သူတို့ကိုတိုင်တဲ့ ဖိလစ်ပိုင်တွေကလဲ အရမ်းများနေတယ်
တစ်ချို့ မြန်မာတွေကိုယ်တိုင်ကိုက သူတို့လူမျိုးချင်းမကောင်းပါဘူးဆိုပြီး သူတို့ဆီကို တိုင်ထားကြတယ် ဆိုရင်

ဘယ်တော့မဆို ကိုယ့်လူမျိုးချင်းတောင် ပြန်တိုင်တယ်ဆိုတာဟာ ၉၀ ရာခိုင်နှုန်း မှန်နေပြီလို့ ယူဆပြီး မိုးစက်ဝိုင်ကို ပြဿနာရဲ့ တရားခံအဖြစ် ခေါင်းခံရစရာ ဖြစ်သွားနိုင်တယ်ဆိုတာ လုံးဝ သံသယဖြစ်စရာမရှိပါဘူး။

မိတ်ဆွေတို့ စဉ်းစားကြည့်ပါ။

ဘယ်စိတ်မှန်တဲ့ လူ မှ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ အလုပ်မလုပ်ပါဘူး။
တစ်ယောက်တစ်လေ လုပ်ရင် အဲ့ဒိသူ ရူးနေလို့ လို့ ၅၀/၅၀ သတ်မှတ်နိုင်ပါတယ်။
ဒါပေမယ့် လူတစ်ရာလောက်က ဝိုင်းပြောနေရင်တော့ ဒီပြဿနာဟာ သံသယရေမှတ်ကို ပိုမြင့်မားလာစေမှာဖြစ်ပါတယ်။
လူ၅၀၀ နဲ့ တစ်ထောင်လောက်က ဝိုင်းပြောရင် တော်တော်ယုံကြည်စရာဖြစ်နေပါပြီ
လူ ထောင်ကျော်လောက်က ဝိုင်းပြောနေရင် မိတ်ဆွေ ယုံကိုယုံရတော့မှာပါ။

နောက်ပြီး မြန်မာလူမျိုးတွေဟာ ရိုဟင်ဂျာတွေကြောင့် ကမ္ဘာ့အလယ်မှာ လူမျိုးရေးမုန်းတီးမှု ကြီးမားသူတွေ အဖြစ် နာမည်ထွက်ထားတာ မီးခိုးတောင် မတိတ်သေးတာကို ထည့်မတွက်လို့မရပါဘူး။

ဒါ သိပ်ထူးဆန်းပြီး ပညာသားပါတဲ့ တန်ခိုးမျက်လှည့်တွေ မဟုတ်ပါဘူး

အခြေခံ စိတ်ပညာ သဘောတရားပါဘဲ။

From:Myo Chit Myanmar

စိတ်မကောင်းပါဘူး မိုးစက်ရယ် ဒို့ ထင်ထားတာက
မိုးစက်ကို တခြားဟာတွေလည်း တို့ သိပ်နားမလည်ပါ
ဘူး ဒါပေမဲ့ internet ဆုကိုတော့ ဒို့မြန်မာက ရရမယ်
လို့ကို မျှော်လင့် ယုံကြည်ထားမိတယ် ကိုယ့်စိတ်ခံစား
မှုသက်သက်နဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ အရှက်နဲ့
ဂုဏ်သိက္ခာကို လုံးလုံး မစဉ်းစားဘဲနဲ့ ကမ္ဘာ့အလယ်
မှာ မြန်မာဆိုတာ ပြလိုက်တာ ထင်ပါရဲ့ သူတို့ရဲ့ မျိုးချစ်
စိတ် ဆိုတာ ကိုယ်ပြောရရင် ကိုယ်တိုင် ရရုံသက်
သက် မျိုးချစ်စိတ်ကြီးပါ သူ့ကိုဒေါက်ဖြုတ်ချင်တယ်
ထားဦး ဒီပြိုင်ပွဲက သူ့အတွက်ပြိုင် နေတာဆိုရင်
တော့ မပြောလိုပါဘူး ဒါပေမဲ့ ဒီပွဲမှာ သူဟာကိုယ့်နိုင် ငါ
အတွက်ပြိုင် ပေးနေတာ ဆိုတဲ့ အသိစိတ်လေးဝင်ပြီး
ဒီလို အရှက်မခွဲသင့်ပါဘူး ကိုယ့်နိုင်ငံကိုပြန်ပြီး
သိက္ခာချတာတော့ အရမ်းရှက်စရာကောင်းတဲ့လုပ်ရပ်
တခုပါ မိုးစက်နဲ့ ဘာပါတ်သက်လို့ပြောရလဲ မထင်
ပါနဲ့ မိုးစက်ကို အပြင် မပြောနဲ့ tv ကနေ miss
myanmar ပြိုင်ပွဲလာလို့ miss myanmar
မိုးစက်ဝိုင် ဟာ သူပါ လို့ပြောမှ စ မြင်ဘူးတာပါ
ပြောချင်တာက သူနဲ့ပါတ်သက်လို့ပြောနေတာ မ
ဟုတ်ပါဘူး မြန်မာနိုင်ငံသားအနေနဲ့ ကိုယ့်နိုင်ငံ
ကိုယ့်လူမျိုးတွေက ဒီလိုစိတ်ထားမျိုးတွေ ရှိကြတယ်
လို့ ကမ္ဘာ့အလယ်မှာပြသလိုက်တာကို အရမ်းရှက်မိ
လို့ ရေးရချင်းဖြစ်ပါတယ် မြန်မာတွေက တော်ရင်
ဂျောင် ထိုးချင်တယ် ဆိုတာ အခုတော့ ယုံလိုက်ပါပြီ
သူတို့ကတော့ ကိုယ့်ကိုကိုယ် အဟုတ်ကြီး ထင်နေ
ကြမှာပေါ့ ဘာတက်နိုင်လဲ ဆိုပြီးတော့ပေါ့ ဒါပေမဲ့
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာ ဘယ်လောက်
ကျဆင်းသွားတယ် ဆိုတာ မူကြိုကလေး မေးတောင်
သိပါတယ် အရမ်းရှက်ဖို့ ကောင်းပါတယ် ဒါကြောင့်
လည်းမြန်မာပြည်ကြီး မတိုးတက် မပြောင်းလဲသေး
တာ ထင်ပါတယ် မြန်မာနိုင်ငံမှာ အဲလိုစိတ် ရှိတဲ့သူ
တွေကို အရင်ဆုံးပြောင်းလဲရမှာပါ တွေးမိတိုင်း
ခံပြင်းတယ် ရှက်လည်း ရှက်မိတယ် ပထမဆုံးဝင် ပြိုင်
တဲ့ပွဲမှာ ပထမဆုံး လုပ်ကြံခံရတယ် သိပ်ရှက်ဖို့
ကောင်းလှပါတယ် အပြစ်မြင်ကြတဲ့သူတွေလည်း
ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်ပါ ဒါဟာ ရှက်ဖို့ ကောင်း
လား ပျော်ဖို့ကောင်းလားလို့ပေါ့ ကိုယ့်နိုင်ငံကို တကယ်
ချစ်တယ် ဆိုရင် နောက် ဒါမျိုးတွေ မလုပ်ဖို့ အမြင့်ကို
ရောက်တော့မဲ့ဆဲဆဲမှာ အောက်ကိုပြန်ကျရတဲ့အဖြစ်မျိုး
နောက်မလုပ်ပါနဲ့လို့ အနုးအညွတ် တောင်းပန်အပ်ပါ
တယ် ကိုယ်လုပ်မယ် ကြံတိုင်းနိုင်ငံနဲ့လူမျိုးကို စဉ်းစား
ပေးပါလို့ပြောချင်ပါတယ် မိုးစက်ကိုလည်း အားမငယ်
ပါနဲ့လို့ပြောချင်ပါတယ် ကိုယ်ကြိုးစားလို့အောင် မြင်
ရက်နဲ့ ခါထုတ်ခံရတာလောက် ဆိုးတာ မရှိဘူး ဆိုတာ
သိပါတယ် ဒါပေမဲ့ ဆက်ကြိုးစားပါ အဓိက က ရိုးသား
ကြိုးစားခြင်းပါဘဲ အောင်မြင် တဲ့သူတိုင်းဟာလေ
တိုက်တာကိုလည်း ခံရတယ် ခံနိုင်ရည် ရှိအောင်
လည်း ကြိုးစားရတယ် ဘာဘဲဖြစ်ဖြစ် ဒီပွဲမှာ မိုးစက်
ဘာဆုတွေရမယ် ဆိုတာ ပရိတ်သက်တွေ မျိုးချစ်စိတ်
ရှိတဲ့သူတွေ သိလည်း သိတယ် ပေးလည်း ပေးပါတယ်
ဒါကြောင့် မိုးစက် ဆုတွေ အများကြီး ရခဲ့ပါတယ်
ဆက်လက် ကြိုးစားပါ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ
ကိုယ်ထံ ပြန်၍ လာလိမ့်မည် တဲ့ ကြိုးစားပါ အောင်မြင်
ပါစေနော် အဆိုးရှိရင် အကောင်းလည်း ရှိရမှာပေါ့

မယ်စကြာဝဠာ အင်တာနက် မဲစီစစ်ရေး ဌာနထိ
ဆက်သွယ်ပြီး မြန်မာတွေက မတရားနည်းနဲ့
အကောင့်အတုတွေ နည်းပညာတွေနဲ့
မိုးစက်ဝိုင်ကို မဲပေးနေကြပါတယ် ဆိုပြီး
တိုင်ကြားခဲ့တဲ့ ပြည်ပနိုင်ငံရေးသမားပါ ဆိုတဲ့
မြန်မာတစ်စုက ရှက်ဖို့ကောင်းပါတယ်
သူတို့မို့ လုပ်ရက်တယ်
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးမှ သတိမရ မချစ်တတ်ဘူး
စိတ်သာရာနောက်ကို လိုက်ကြတယ်
တွေးကြည့်ရင် သိပ် ရှက်ဖို့ကောင်းပါတယ်
သူတို့မို့ ပျော်ရက်နိုင်တယ်

ဟာ
ဘာတွေလည်းကွာ။

တရုတ်​မ လွှတ်​​တော့ နိုင်​ငံတကာက မြန်​မာမ​တွေထဲမှာ အချောအလှ ဒီ​လောက်​ရှား ​နေလား ထင်​မှာ စိုး မနေနဲ့။

နိုင်​ငံတကာက မင်းလို တော မကျဘူး။
နိုင်​ငံတကာက မင်းလို ကျောက်ခေတ်အတွေးအခေါ်မျိုးနဲ့ မတွေးဘူး။


လူဖြူနိုင်ငံတွေက ကိုယ်စားပြုမယ်တွေက
လူဖြူတွေသက်သက် မဟုတ်တော့ပဲ
တချို့လူဖြူနိုင်ငံ ကိုယ်စားပြုမယ်တွေက
လူမဲမတွေ၊ လူဝါမတွေ ပါလာတာ ကြာနေပီကွ။

ငါတို့ဗမာတွေက ဗဟုသုတလဲမရှိ
အတွေးအခေါ်ကလဲ ကျောက်ခေတ်အတွေးအခေါ်
ဒီမိုကေ၇စီနဲ့ လူ့အခွင့်အေ၇းကို အော်နေပီး
ဒီမိုကေ၇စီနဲ့ လူ့အခွင့်အေ၇းကိုလဲ သေချာမသိ
နိုင်ငံသားအခွင့်အေ၇းကိုလဲ လုံးဝနားမလည်
အစိုး၇ကိုတိုက်ခိုက်ချင်တာနဲ့
မိုးစက်ဝိုင်က တ၇ုတ်မ ဆိုတာကို ခုတုံးလုပ်ပီး
တ၇ုတ်မ ကို မရွေးသင့်ဘူးလို့ အော်နေတာ။
မယ်စကြာဝဠာေ၇ွးပွဲကော်မတီကိုတောင်
မိုးစက်ဝိုင်က တ၇ုတ်မ ဖြစ်နေလို့ ပယ်သင့်တယ် ဆိုပီး
ကန့်ကွက်မယ် ဆိုပီး ၇ူးပီး အော်သေးတယ်။
မယ်စကြာဝဠာေ၇ွးပွဲကော်မတီက ဟားတိုက်ပီး ၇ီမှာပေါ့။
လူဖြူနိုင်ငံ ကိုယ်စားပြုမယ်တွေက
လူမဲမတွေ၊ လူဝါမတွေ ဖြစ်နေတာမျိုးက ၇ိုးနေပီကိုး။


မိုးစက်​ဝိုင် သူ့ဘာသာ တရုတ်ဖြစ်ဖြစ်ပေါ့။
မွတ်စလင်ကုလားမ မဖြစ်ရင် ပြီးရော
ဘိုကြက်ချေး ခရစ်ယန်မ မဖြစ်ရင် ပြီးရော
တရုတ်က ဗုဒ္ဒဘာသာဝင်ကွ။
မြန်မာနိုင်ငံမှာ မွေးတယ်။
ဗမာစကားပြောတတ်တယ်၊
မြန်မာထမင်းစားတယ်။
မြန်မာ့ယဉ်ကျေးမှုလိုက်နာတယ် ဆို
ပြီးရော။
လျှောက်ပြီး အာချောင်
ချီးထုတ် ပစ်မနေနဲ့။

( ဒဲ့ကြီး )

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်