Subscribe to our RSS Feed

သင်္ကြန်နှင့် မျက်စိကျန်းမာရေး


သင်္ကြန်တွင်းမှာ ဘယ်လို မျက်စိပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။


-သင်္ကြန်တွင်းမှာ မျက်စိကျန်းမာရေးနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးတော့ မရှိပါဘူး။ ပုံမှန်ရေပက်မယ်၊ ပုံမှန် ရေလောင်းကြမယ်ဆိုရင် ရေပက်ခံ မဏ္ဍပ်မှာပဲ နေနေ၊ ရေပက်ခံကားနဲ့ပဲ ထွက်ထွက် ဘာမှပြဿနာ မရှိပါဘူး။ ပက်တဲ့ရေက သန့်ရှင်းတဲ့ရေ ဖြစ်ရမယ်။ သန့်ရှင်းတဲ့ရေက မျက်စိထဲ ဝင်မယ်ဆိုရင် ဘာမှပြဿနာ မရှိပါဘူး။ မျက်စိကိုရေနဲ့ ဆေးကြောပေးတဲ့ သဘောမျိုးတောင် ဖြစ်ပါသေးတယ်။ တချို့ကျတော့မြစ်ထဲက ရေကို စုပ်ယူပြီး ပက်တတ်ကြတယ်။ အဲဒီလို သန့်ရှင်းတဲ့ရေ မဟုတ်ဘူးဆိုရင် မျက်စိထဲဝင်တဲ့အခါ မျက်စိမှာရောဂါပိုး ကျရောက်ပြီး မျက်ကြည်နာရောဂါ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက အင်အားနဲ့ ပက်တဲ့ရေကြောင့် မျက်စိထိခိုက်တာမျိုး ဖြစ်တတ်ပါတယ်။

သင်္ကြန်တွင်းမှာ မျက်ကြည်နာရောဂါရခဲ့ရင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။

- သင်္ကြန်တွင်းမှာ မျက်ကြည်နာရောဂါ ဖြစ်နေရင် ပြဿနာက ဆေးရုံ၊ ဆေးခန်းအများစုက ပိတ်ထားတတ်တော့ ပြသဖို့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတော် ဆေးရုံတွေမှာတော့ အရေးပေါ်ဌာန ရှိပါတယ်။ အဲဒီ အရေးပေါ်ဌာနကို သွားပြသင့်ပါတယ်။ မျက်စိဆေးရုံဆိုရင်လည်း မျက်စိကျန်းမာရေးအတွက် အရေးပေါ်ဌာနကို ၂၄ နာရီ ဖွင့်လှစ်ထားလို့ အရေးပေါ် အခြေအနေမှာ ပြသလို့ရပါတယ်။ တစ်ခုရှိတာက ပြသဖို့ ခက်နေတယ်။ ဆိုလိုတာက ဆေးရုံမှာ ဆရာဝန်ကလည်း ရှိတယ်၊ သူနာပြုကလည်း ရှိတယ်၊ ဆေးရုံတံခါးကလည်း ဖွင့်ထားပါတယ်။ ဒါပေမဲ့ ဝင်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ မျက်စိဆေးရုံရှေ့က စားသောက်ဆိုင်က ရေပက်ခံ မဏ္ဍပ်ဆောက်ထားတယ်။ ညာဘက်က ဟိုတယ်ကလည်း မဏ္ဍပ်ဆောက်ပြီး အကြီးအကျယ် သင်္ကြန်ပွဲလုပ်တယ်။ ဘယ်ဘက်က မအူကုန်း လမ်းဆုံကလည်း သင်္ကြန်ပွဲ ဆင်နွှဲတဲ့သူတွေနဲ့ ပြည့်နေတယ်။ အဲဒီတော့ အရေးပေါ် အခြေအနေမှာ မျက်စိဆေးရုံထဲ ဝင်ဖို့က သိပ်ခက်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ လူနာတွေ အနေနဲ့ မျက်ကြည်နာ ဖြစ်နေရင် တက်ထရာဆိုက်ကလင်း မျက်စဉ်းဆေးပဲဖြစ်ဖြစ် ပဋိဇီဝ ပိုးသတ်ဆေးတစ်မျိုးကို တစ်နေ့ လေးကြိမ်-ငါးကြိမ်လောက် ထည့်လို့ရပါတယ်။

သင်္ကြန်တွင်းမှာ အင်အား (Force) သုံးပြီး ပက်တဲ့ရေကြောင့် မျက်စိမှာ ဘယ်လိုထိခိုက်မှုတွေ ဖြစ်တတ်ပါသလဲ ဆရာ။

- ရေပက်တဲ့အခါ ခွက်နဲ့ အားရပါးရ အင်အား (Force) ကိုသုံးပြီး ပက်လိုက်ရင် ကျောကုန်းတွေ ဘာတွေတောင် တအားနာတတ်တယ်။ တကယ်လို့ အခန့်မသင့်လို့မျက်စိကို အင်အားနဲ့ အားရပါးရပက်မိရင် လက်သီးနဲ့ထိုးလိုက်သလို မျက်စိက တအား နာသွားတတ်ပါတယ်။ မျက်စိနာသွားရင်လည်း ပြဿနာ မရှိသေးပါဘူး။ တစ်ခါတလေကျရင် အင်အား (Force) ကြောင့် မျက်စိမှာ ဒဏ်ရာရသွားတတ်ပါတယ်။ မီးသတ်ပိုက်လို ပိုက်လုံးကြီးတွေနဲ့ပက်ရင် ဖြစ်နိုင်သလို ခွက်စောင်းခုတ်ပက်ရင်လည်း ဖြစ်နိုင်ပါတယ်။ အခုတော့ မီးသတ်ပိုက်လုံးတွေနဲ့ ပက်တာကို ခွင့်မပြုတော့ပါဘူး။ ဒါပေမဲ့ တချို့ပိုက်တွေက အဝေးကို ရေကျရောက်အောင် အင်အား (Force) ကို တင်ထားပါတယ်။ အဲဒီလို တင်ထားတဲ့အခါ သူရဲ့ ရေလုံးလေးက သေးသေးစူးစူးလေးဖြစ်ပြီး မျက်ကြည်လွှာပေါ်ကို ကျရောက်တဲ့ပုံစံက လှံသွားတစ်ခုလို ဖြစ်သွားပါတယ်။ အဲဒီအခါကျရင် မျက်စိထဲမှာ သက်ရောက်တဲ့အားက နှစ်ခုဖြစ်သွားပါတယ်။ တစ်ခုက မျက်ကြည်လွှာ ပွန်းပဲ့သွားနိုင်ပါတယ်။ အဲဒီအခါ ပိုးဝင်ကူးစက်မှု (Infection) ကျရောက်နိုင်ပါတယ်။ အဲဒီအခါ အန္တရာယ်များပါတယ်။ တကယ်လို့ မျက်ကြည်လွှာ မပွန်းဘူး ဆိုရင်တောင် ဒီရေအားက မျက်စိထဲဝင်ရင် ဖိအားက မျက်လုံးနံရံ အကုန်လုံးအပေါ် သက်ရောက်မှု ရှိသွားပါတယ်။ တကယ်လို့ စက္ခုအာရုံကြော (Optic Nerve) ပေါ်မှာ ဖိအားသက်ရောက်မှု ရှိသွားရင် Atrophy ရသွားပါတယ်။ အဲဒီအခါ မျက်စိက ကွယ်သွားနိုင်ပါတယ်။

သင်္ကြန်တွင်းမှာ မျက်စိကျန်းမာရေး ထိခိုက်သူတွေ များတတ်ပါသလား ဆရာ။



- သင်္ကြန်တွင်းမှာ လူတွေ သောင်းနဲ့သိန်းနဲ့ချီပြီး ရေကစားကြပေမယ့် မျက်စိကျန်းမာရေး ထိခိုက်မှုက ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် သိပ်မရှိပါဘူး။ အဓိကအဖြစ်များတဲ့ ပြဿနာက မသန့်ရှင်းတဲ့ ရေတွေ မျက်စိထဲဝင်တာကြောင့် ပိုးဝင်ကူးစက်မှု ဖြစ်တာမျိုးပါပဲ။ ဒုတိယ ပြဿနာဖြစ်တဲ့ အင်အားနဲ့ရေပက်ရင် မျက်စိထဲကို ရေဝင်သွားတဲ့အတွက်ကြောင့် မျက်စိက နီရဲလာတယ်။ သွေးကြောတွေ ပေါက်သွားတယ်။ ဒါကလည်း ပြဿနာ မရှိပါဘူး။ ကုလို့လွယ်ပါတယ်။ ပြန်ကောင်းနိုင်ခြေလည်း ရှိပါတယ်။ အရင်တုန်းက မီးသတ်ပိုက်နဲ့ ရေပက်တဲ့အခါ နားကိုထိရင် နားစည်ကွဲတဲ့အထိ ဖြစ်တတ်ပါတယ်။ မျက်စိကို ထိရင်တော့ မျက်စိနီရဲတာတွေ ဖြစ်တတ်ပါတယ်။

မျက်စိနီရဲနေပေမယ့် စက္ခုအာရုံကြော (Optic Nerve) ကို ထိခိုက်မိသလား၊ မထိခိုက်မိဘူးလားဆိုတာ လူနာက ဘယ်လို သိနိုင်ပါသလဲ ဆရာ။

- သင်္ကြန်တွင်းမှာ ရေပက်တဲ့အားကြောင့် မျက်စိနီရဲသွားပေမယ့် လူအများစုက ခပ်ပေါ့ပေါ့ပဲ နေတတ်ကြပါတယ်။ အိမ်ရောက်တဲ့အခါ ရေဆေးပြီး ထိတဲ့ မျက်စိတစ်ဖက်ကို ပိတ်ကြည့်ပြီး ကိုယ့်အမြင်ကို ကိုယ့်ဘာသာ ပြန်စမ်းကြည့်လိုက်ပါ။ ဥပမာပြောရရင် ပြက္ခဒိန်က စာကို ဖတ်ကြည့်လိုက်လို့ ကောင်းကောင်းမြင်နိုင်စွမ်း လျော့ကျသွားရင် အနီးဆုံး မျက်စိဆေးခန်း၊ ဆေးရုံတို့ကို သွားပြသင့်ပါတယ်။

သင်္ကြန်တွင်းမှာ မျက်မှန်ကွဲတာ၊ မျက်မှန်ပျောက်တာတွေကော ဖြစ်တတ်ပါသလား ဆရာ။

- သင်္ကြန်တွင်းမှာ ရေတအား ပက်ခံရတဲ့အခါ မျက်မှန်ပြုတ်တာ မဖြစ်အောင် သတိထားဖို့ လိုပါတယ်။ မဏ္ဍပ်တစ်ခုကို ဝင်တဲ့အခါ ရေတအား ပက်တယ်ဆိုရင် မျက်မှန်ကို လက်နဲ့ကိုင်ထားတာမျိုး၊ သတိထားတာမျိုး လုပ်သင့်ပါတယ်။ ရေပက်တဲ့အားကြောင့် မျက်မှန်ကွဲထွက်တာမျိုးက ဖြစ်နိုင်ခြေ ရှိပေမယ့် ဖြစ်နိုင်တဲ့ အခွင့်အလမ်းကတော့ နည်းပါတယ်။ လက်တွေ့မှာတော့ မျက်မှန်သား ကွဲထွက်ပြီးမှန်က မျက်စိထဲစိုက်တာမျိုးက သင်္ကြန်ကာလမှာ ဖြစ်ခဲပြီး တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်တဲ့အခါ၊ မတော်တဆ ထိခိုက်ဒဏ်ရာ ရတဲ့အခါတွေမှသာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သင်္ကြန်ကာလမှာ ရေပက်ခံရင်း မျက်မှန်ပျောက်တာမျိုးတော့ ဖြစ်တတ်ပါတယ်။

သင်္ကြန်တွင်းမှာ မျက်စိကျန်းမာရေး မထိခိုက်အောင် ဘယ်လို ပညာပေးလိုပါသလဲ ဆရာ။

- သင်္ကြန်တွင်းမှာ မျက်စိကျန်းမာရေး မထိခိုက်စေဖို့ဆိုရင် သန့်ရှင်းတဲ့ရေကိုပဲသုံးပြီး ရေပက်သင့်ပါတယ်။ သင်္ကြန်မှာ တစ်ဦးနဲ့ တစ်ဦး ရေပက်တယ်ဆိုတာက တစ်ဦးမှာရှိတဲ့ အညစ်အကြေးကို ကျန်တဲ့ တစ်ဦးက ဖယ်ရှားပေးတဲ့ သဘောဖြစ်သလို အေးမြသွားစေလိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ရေလောင်းကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သန့်ရှင်းတဲ့ရေကိုပဲ သုံးသင့်ပါတယ်။ နောက်တစ်ချက်က ရေပက်တယ်ဆိုတာ ပျော်ချင်တယ်၊ ခင်မင်ချင်တယ်ဆိုတဲ့ သဘောကို အခြေခံတာ ဖြစ်တဲ့အတွက် တစ်ဖက်သား ထိခိုက်ဒဏ်ရာရအောင် မလုပ်သင့်ပါဘူး။ ကိုယ့်ကိုထိခိုက်ဒဏ်ရာ ရအောင် လုပ်ရင် မကြိုက်သလိုပဲ သူများကိုလည်း ထိခိုက်အောင် မလုပ်သင့်ပါဘူး။ ဒါကြောင့် ရေပိုက်မှာအင်အား (Force) မပါအောင် သတိထားသင့်ပါတယ်။

ပါမောက္ခ ဦးတင်ဝင်း မျက်စိအထူးကု ဆရာဝန်ကြီးနှင့် တွေ့ ဆုံဆွေးနွေးခြင်း

လူ 20 ယောက် ကြည့်ခဲ့သည်။

Myanmar Express

3 comments:

ဦးထုပ်ကြီးနဲ့ အရမ်းပေါတာပဲ

Government should ban Thingyan, It's becoming very disgusting festival.

Festival of Sex, Violent & Drunk. It's like Lawless Nation or something like that.

If Authority can not give enough Security & Police, It should be banned.

I wonder how many people died? get Injured?

How many girls get drunk & fucked in this Very Low Class Festival.

This is no longer Thingyan Festival.

It's very shameful for Myanmar girls.

Look at Muslim girls, Look at Christian Girls. They do not participate in this Notorious Low Class Festival.

Fix or Banned? Do something?

Government should ban Thingyan, It's becoming very disgusting festival.

Festival of Sex, Violent & Drunk. It's like Lawless Nation or something like that.

If Authority can not give enough Security & Police, It should be banned.

I wonder how many people died? get Injured?

How many girls get drunk & fucked in this Very Low Class Festival.

This is no longer Thingyan Festival.

It's very shameful for Myanmar girls.

Look at Muslim girls, Look at Christian Girls. They do not participate in this Notorious Low Class Festival.

Fix or Banned? Do something?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်