Subscribe to our RSS Feed

မြောက်ကိုရီးယားနိုင်ငံမှ အရွယ်အစားကြီးမားသည့် ဂြိုဟ်တုများ လွှတ်တင်သွားမည်

From : MRTV-4

မြောက်ကိုရီးယားနိုင်ငံဟာ နောင်လာမယ့် အနာဂတ်မှာ ဆက်သွယ်ရေး ဂြိုဟ်တုတွေ အပါအ၀င် နောက်ထပ် အရွယ်အစားကြီးမားတဲ့ ဂြိုဟ်တုတွေ

လွှတ်တင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီအကြောင်းကို မြောက်ကိုရီးယား တာဝန်ရှိသူတစ်ဦးက နိုင်ငံတောင်ပိုင်းမှာ တည်ဆောက်ထားတဲ့ ဒုံးပျံလွှတ်တင်ကွင်းကို လေ့လာဖို့ ဖိတ်ကြားထားတဲ့ နိုင်ငံရပ်ခြားမှ စာနယ်ဇင်း သမားတွေနဲ့ တွေ့ဆုံချိန် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံဟာ အခုဧပြီလလယ်ပိုင်းမှာ ဂြိုဟ်တုတစ်ခု တင်ဆောင်ထားတဲ့ ဒုံးပျံတစ်ခုလွှတ်တင်ဖို့ စီစဉ်ထားပြီး အဲဒီဒုံးပျံ လွှတ်တင်မှုကို လာရောက် ကြည့်ရှုလေ့လာဖို့ နိုင်ငံရပ်ခြားက ပညာရှင်တွေနဲ့ စာနယ်ဇင်းသမားတွေ ကိုဖိတ်ခေါ်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလဲ အဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ နောင်တချိန်မှာလွှတ် တင်သွားမယ့် ဂြိုဟ်တုလွှတ်တင်မှုတွေကို နိုင်ငံအရှေ့မြောက်ပိုင်းရှိ လွှတ်တင်ရေး ကွင်းဟောင်း Musudan-ri ကနေလည်း လွှတ်တင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ Musudan-ri လွှတ်တင်ရေးကွင်းဟာ ၂၀၀၉ခုနှစ်အတွင်းက ပဲ့ထိန်း ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ရာမှာလည်း အသုံးပြုခဲ့ဖူးတယ်လို့ သိရပါတယ်။
Reference : NHK.com


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်