Subscribe to our RSS Feed

ပြည်လုံးကျွတ် လူဦးရေ သန်းခေါင် စာရင်း ကောက်ယူမှု အတွက် မြေပုံများ စတင် ရေးဆွဲ

From : MRTV4


 မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် ပြန်လည် ကောက်ယူမှု မရှိခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်ကာ ပြန်လည်
ကောက်ယူ သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ကောက်ယူဖို့ အတွက် ယခုအခါမှာ လိုအပ်တဲ့ မြေပုံများ စတင်ရေးဆွဲ နေပြီ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဲဒီ့ မြေပုံများကို ပြည်နယ်နဲ့ တိုင်း အသီးသီးက လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဌာန များမှာ ရေးဆွဲနေပြီး မြေပုံရေးဆွဲတဲ့ အချိန်ကို ၂၀၁၃ ဇူလိုင်လ အထိ သတ်မှတ် ထားတယ်လို့ သိရပါတယ်။

ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူဖို့ အတွက် မြေပုံရေးဆွဲရာမှာ ရပ်ကွက် အဆင့် နဲ့ကျေးရွာ အဆင့်အထိ အသေးစိတ် ရေးဆွဲရမှာ ဖြစ်ပြီး မြေပုံ စုစုပေါင်း ခြောက်ထောင် အထိ ရေးဆွဲရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို မြေပုံများ ရေးဆွဲပြီး သွားရင်တော့ ၀န်ထမ်း များကို လူဦးရေ သန်းခေါင် စာရင်း ကောက်ကွက်ခွဲတဲ့ သင်တန်းကို ၂၀၁၃ နှစ်ကုန်မှာ သင်တန်းများ ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ တစ်ပြည်လုံးရှိ အိမ်တိုင်းကို တစ်ခုမကျန် ကောက်ယူ သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ကောက်ယူရာမှာ မြန်မာနိုင်ငံမှ တာဝန်ရှိသူတွေ အပြင် ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရေး အဖွဲ့ UNFPA ရဲ့ နည်းပညာပိုင်း ဆိုင်ရာနဲ့ ကွန်ပျူတာပိုင်း ဆိုင်ရာ အကူအညီတို့နဲ့ ပူးပေါင်းပြီး ကောက်ယူ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

 Myanmar Express 

1 comments:

no counting bangali rohinjar

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်