Subscribe to our RSS Feed

၂၀ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ကျင်းပ


ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ၂၀ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပလျှက်ရှိပြီး မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန် နှင့် အဖွဲ့ တက်ရောက်နေပြီ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ အာစီယံ ထိပ်သီး ညီလာခံမှာလည်း အလှည့်ကျ ဥက္ကဋ္ဌ၊ ကမ္ဘောဒီယားနိုင်ငံရဲ့ ဒုဝန်ကြီးချုပ် လည်းဖြစ်ပြီး နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်သူ Hor Namhong က ဒီမိုကရေစီရေးကို ရှေ့ရှုပြီး ကြားဖြတ်ရွေးကောက်ပွဲကို အပြုသဘောကျင်းပခဲ့တဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ထားတွေကို ရုပ်သိမ်းရေး စဉ်းစားပေးပါရန် တိုက်တွန်း ခဲ့ပါတယ်။ အခြား အာဆီယံ ခေါင်းဆောင်များကလည်း ဝိုင်းဝန်း ထောက်ခံခဲ့ကြကြောင်း သတင်းရရှိပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Marty Netalegawa ကတော့ မြန်မာအပေါ် ပိတ်ဆို့မှု ရုပ်သိမ်းရေး အာစီယံ ခေါင်းဆောင်တွေအားလုံးက ထောက်ခံကြဖို့ အကြံပြု ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင့်လတ်ရှင်နာဝပ် ကလည်း မြန်မာအစိုးရအဖွဲ့ကို ချီးကျူးပြောဆိုခဲ့ပြီး ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။



သမ္မတ ဦးသိန်းစိန် အစိုးရ ရဲ့ ထူးထူးချွန်ချွန် စွမ်းဆောင်မှုများကြောင့် မကြာခင်မှာ မြန်မာနိုင်ငံအပေါ် စီပွားပိတ်ဆို့မှုတွေ ရုတ်သိမ်းတော့မယ်လို့ အများက ယုံကြည်နေကြပြီး အာဆီယံ ၁၀ နိုင်ငံလုံးက ခေါင်းဆောင်များက လည်း စီးပွားပိတ်ဆို့မှု ရုတ်သိမ်းဖို့ အပြင်းအထန် တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင် များ ကတော့ စီးပွားပိတ်ဆို့မှုကို အခုချိန်ထိ အားပေးနေတုန်း ဖြစ်ပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်