Subscribe to our RSS Feed

မော်လမြိုင်တွင် ပြည်ခိုင်ဖြိုးပါတီမှ အပြတ်အသတ်နိုင်


မွန်ပြည်နယ်ရှိ တစ်ခုတည်းသော မဲဆန္ဒနယ် ဖြစ်သည့် မော်လမြိုင်ရှိ ဈေးချို မဲရုံ အမှတ် ၆၊ ၇၊ ၈ မဲရုံ ၃ ရုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ က အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မော်လမြိုင် ခ.မ.ရ ၁၀၄ အခြေစိုက် စခန်းတည်ရှိရာ မော်လမြိုင် ဈေးချို မဲရုံ ၆တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၆ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်နှင့် ဖွံ့ဖြိုးရေးပါတီ မှ ၁၄၈မဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ၁မဲ ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီမှ ၂ မဲ အသီးသီး ရရှိခဲ့ပြီး တက္ကသိုလ်လေ့ကျင့်ရေးတပ် တည်ရှိရာ ဈေးချို မဲရုံ ၇ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၁မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ၁၀၅မဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၁မဲ ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ သုည မဲ ရရှိခဲ့ကြောင်း၊ တပ်ထိန်းတပ် တည်ရှိရာ ဈေးချို မဲရုံ ၉ တွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ၁၀ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၈၁ မဲ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၁မဲ ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီမှ ၂ မဲ အသီးသီး ရရှိခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Express

3 comments:

သေရော လဲသေသင့်တယ် ရှက်လို့ NLD တော့သွားပါပြီ။ ဒေါ်စုထမိန်ခြုံ လုံတယ်ဆိုလုံတာ ခြုံထားတဲ့နေရာပဲဖြစ်မယ်ထင်ပါ့ဗျာ...။

အောက်ကပေါ် ... ကြံဖွဲ့ဆော် ... NLD ဘူးသီးကြော် ...
ဒေါ်စုကနေသည် ... ဒေါင်းက ကနေသည် ... အောက်ကဖင်ပေါ်သည် ... မဲရွေးရတာ တော်တော်မောသလား?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်