Subscribe to our RSS Feed

နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကို ရွေးချယ်ခန့်အပ်

From : ခေတ်လူငယ်


အမေရိကန် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒဲရစ်မစ်ချယ်အား မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။ ယင်းသည် ၁၉၉၀ ပြည့်နှစ်က တည်းက အမေရိကန်ပြည်ထောင်စုမှ ခန့်အပ်သော မြန်မာနိုင်ငံဆိုင်ရာ ပထမဦးဆုံး သံအမတ်လည်း ဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရနှင့် သံတမန်ရေးဆိုင်ရာ နှောင်ဖွဲ့မှုကို အဆင့်တိုးမြှင့်မှုအဖြစ် ဝါရှင်တန်အစိုးရ၏ အလျင်အမြန် ပြောင်းလဲဆောင်ရွက်မှုကို မီးမောင်းထိုးပြခြင်းလည်း ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခံရသော မစ္စတာဒဲရစ်မစ်ချယ်မှာ သမ္မတအိုဘားမားအစိုးရ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦး ဖြစ်သကဲ့သို့ အာရှနှင့် ပစိဖိတ်ရေးရာ အဓိက ကာကွယ်ရေးဆိုင်ရာ အတွင်းရေး လက်ထောက်ဟောင်းတစ်ဦးလည်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်နှောင်းပိုင်း အမျိုးသားရွေးကောက်ပွဲတွင် အောင်နိုင်ခဲ့သော သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း တစ်နှစ်ခန့်အကြာတွင် သမ္မတအိုဘားမားအစိုးရက မြန်မာနိုင်ငံဆိုင်ရာ ပထမဦးဆုံးသံတမန်အဖြစ် မစ္စတာဒဲရစ်မစ်ချယ်ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 


 Myanmar Express 

1 comments:

My friend, do not think too much about Americans. They are not of good help for our country. Why are you paying so much attention on Americans?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်