Subscribe to our RSS Feed

KIA မှ အမြင်မှန်ရတဲ့လူတွေ အလင်းဝင်လာကြပြီ

 From : မျိုးသန့်





 မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်မှာ ၂၀၁၁ ဇွန်မှစ၍ တပ်မတော် စစ်ကြောင်းတစ်ကြောင်းမှ အရာရှိ ၊စစ်သည် ၃ဦး အားအကြောင်းမဲ့
ဖမ်းဆီးခဲ့ရာမှစတင်ဖြစ်ပေါ်လာတဲ့ KIAနှင့်မြန်မာစစ်တပ်ကြား တိုက် ပွဲများဟာ တဖြည်းဖြည်းအရှိန်မြင့်လာကြရာ ပြည်တွင်းမီဒီယာသာမက ပြည်ပမီဒီယာများပါ စိတ်ဝင်တစားဖြစ်လာခဲ့ရတာဟာရနေ့တိုင်ပါ။

မြန်မာစစ်တပ်ရဲ့ပိတ်ဆို့တိုက်ခိုက်မှု၊KIAရဲ့ ခံစစ်အားကောင်းမှု နယ်မြေစိုးမိုးကျွမ်းကျင်မှုတွေကြောင့် တမြေ့မြေ့လောင်ကျွမ်းခဲ့တဲ့ ဖွဲမီးလိုတိုက်ပွဲတွေဟာဖြစ်ခဲ့ကြပါတယ်။

အပြစ်မယ့်တဲ့ပြည်သူတွေ ဟာ ဒုက္ခသည်တွေဖြစ်ခဲ့ကြတယ်လို့ KIO ဘက်ကလဲပြောသလို မြန်မာစစ်တပ်မှအရာရှိတစ်ဦးကလဲ ဒုက္ခသည်
ဆိုတာ KIO မိသားစုဝင်တွေသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထာဝရငြိမ်းချမ်းရေးသည်သာအကောင်းဆုံးဖြစ်တယ်ဆိုတာကို နှစ်ဦး နှစ်ဖက် သိဖို့လိုပါတယ်။အစိုးရနဲ့ ညှိနှိုင်းနေစဉ်မှာဘဲ KIO ဘက်ကတပ်ကြပ် အဆင့်ရှိကျော်ဆန်း ခေါင်းဆောင်သော တပ်မဟာ(၅) လက် အောက်ခံ တပ်ဖွဲဝင် ၃၅ယောက် ဟာ မြစ်ကြီးနားမြို့နယ် တာလောကြီးနယ်မြေရှိ တပ်မတော်စခန်းသို့ ဧပြီ ၁၆ ရက် နေ့က လက်နက်ကြီးလက်နက်ငယ် မျိုးစုံဖြင့် ငြိမ်းချမ်းရေးဝင်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ယနေ့ဧပြီလ(၁၇)ရက်နေ့တွင်လဲ မြစ်ကြီးနားမြို့တပ်စခန်းသို့ KIAတပ်ဖွဲ့ဝင် (၂)ဦး တာလောကြီးတပ်စခန်းသို့ တပ်ဖွဲ့ဝင်(၅)ဦး ထပ်မံဝင်ရောက်လာ ကြောင်း စုစုပေါင်းတပ်ဖွဲ့ဝင် ၄၂ ဦးအလင်းဝင်ရောက်ခဲ့ကြကြောင်း သိရှိ ရပါတယ်။

အစိုးရ၊တပ်မတော်၊လူထုခေါင်းဆောင်တို့ ပေါင်းပြီးငြိမ်းချမ်းရေး ဖော်ဆောင် သင့်ပါပြီ။နိုင်ငံတကာမှာခေတ်မီတိုးတက်နေတဲ့ပြောင်းလဲနေတဲ့ဖွံ့ဖြိုးနေတဲ့ အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ သူတစ်လူ ငါတစ်မင်းမြန်မာအကျင့် ဖြစ်နေရင် တော့ မြန်မာတွေထီးနန်းပျောက်ပြီးတိုင်းပြည်ပျောက်သူတစ်ပါးအောက် ရောက်ခဲ့ရတာကိုပြန်ပြောင်းသတိရစေခြင်ပါသည်။

Myanmar Express 

2 comments:

Congratulate Tatmadaw! KIA bitch are the slave of west and can not stand on their own feet. They would be ash by now if Tatmadaw use the full scale attack like in Koe Kant conflict. Wake up KIA pity dogs!

ကောင်းပါတယ်သည် မြန်မာတွေရဲ့အကျင့် သူတလူငါတမင်း မဖြစ်သင့်တော့ပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်