Subscribe to our RSS Feed

မြန်မာ့ရိုးရာအတာသင်္ကြန်ယဉ်ကျေးမူကိုဖျက်ဆီး၊ စည်းကမ်းနှင့်အမိန့်ကို မလိုက်နုာတဲ့ NLD ပါတီ


အမျိုးသားဒီမိုကရေစီရုံးချုပ်ရှေ့တွင် အမှတ်တရ ရိုက်နေသောပါတီဝင်များ

မြန်မာသက္ကရာဇ် ၁၃၄၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော် တွင် ရေပက်ခံကားများ
ရေပက်ခံထွက်ကြသော ပြည်သူများ အနေဖြင့် နိုင်ငံတကာအလံများ၊အဖွဲ့အစည်းတစ်ခုခု၏
အလံများ၊အထိမ်းအမှတ်တံဆိပ်များ အား တပ်ဆင်၊၀တ်ဆင်ခြင်းမပြုလုပ်ကြရန် မြန်မာ့ရိုးရာသ
င်္ကြန် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ထုတ်ပြန်ထားကြောင်းသိရှိရသည်။


NLD ပါတီဝင်တစ်ဦး ဖက်ရှင်ဒီဇိုင်း

သို့ပါသော်ငြားလည်း
ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD ပါတီမှ
အနိုင်ရရှိခဲ့သော NLDပါတီအမတ်တွေအပါအ၀င် ပါတီဝင်တော်တော်များများ ဖက်ရှင်အဖြစ် ဒေါင်းတံဆိပ်ပါ
အကျီင်္များ၊ခေါင်းစည်းများအား ၀တ်ဆင်နေကြောင်း တွေ့ရှိနေရသည်။


မင်္ဂလောင်တောင်ညွန့်မြို့နယ်NLD ပါတီ အမတ်ဒေါ်ဖြူဖြူသင်း


 NLD ပါတီဝင်များ ဒီလိုဝိုင်းဖွဲ့ကာ အမိန့်ကိုလွန်ဆန်သည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း
ပါတီဝင်များအား လူစည်ကားရာ အရပ်များဖြစ်သော ကန်တော်ကြီးရေကစားမဏ္ဍပ်၊အင်းယားကန်၊X2Oမဏ္ဍပ်
စတဲ့ ရေပက်ခံကားအများဆုံး၊လူအများဆုံးစုဝေးရာ နေရာတို့တွင်ကပ်ခွာတံဆိပ်တစ်ခုလျှင် ၂၀၀ ကျပ်၊NLDတံဆိပ်ပါခေါင်းစည်းတစ်ခုလျှင်၅၀၀ ကျပ်နူန်းဖြင့်  ပါတီရံပုံငွေ အဖြစ် လိုက်လံရောင်းချလျက်ရှိနေကြောင်းသိရှိရသည်။ 



NLD ပါတီမှခေါင်းစည်းများ လိုက်လံရောင်းချနေသည့် ပါတီဝင်တစ်ဦး

ပါတီရံပုံငွေအတွက် အလုပ်လုပ်နေကြသည်

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်