Subscribe to our RSS Feed

တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ဥက္ကဌကြီး ဘာလုပ်နေသလဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ကြားဖြတ်ရွှေးကောက်ပွဲသို့ ၀င်ရောက်လာသည့်အချိန်တွင် “ တရား ဥပဒေ စိုးမိုးရေး”ကို လုပ်ဆောင်မယ် လို့ကြွေးကြော်ခဲ့ပါသည်။ “ ဥပဒေစိုးမိုးရေး မရှိလို့ရှိရင် ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ ဆိုတာလည်း ခက်ပါတယ်။ကျမတို့ တိုင်းရင်းသားနယ်မြေတွေမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို စုံစမ်းပြီးတော့ သေသေချာချာ ထိန်းသိမ်းနိုင်မှာပါ  ” လို့ အာမခံပြောကြားခဲ့သေးတာကို ယခုတိုင် မှတ်မိနေပါသေးသည်။

သို့သော် ဒီချုပ် ဥက္ကဌကြီး ဒေါ်စုအနေဖြင့် တရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ တာဝန် ယူပြီး နောက်ပိုင်းတွင် မည်ကဲ့သို့သော ထူးခြားစွာပြောင်းလဲလာသည့် ဥပဒေရေးရာပြောင်းလဲမှုများ နှင့် မည်သည့် နေရာ တွင် တည်ငြိမ်အေးချမ်းခဲ့ပါသနည်းဟု မေးဖွယ်ရာများရှိလာပါသည်။ကော်မတီသည် စတင်ဖွဲ့စည်းပြီး ကာလများတွင်        တရားရုံးများ၊ မြေသိမ်းခံအမှုများ စသည်တို့ကိုသာ လိုက်လံကြည့်ရှူလေ့လာခဲ့ခြင်းနှင့် တရားရေးဝန်ထမ်းများအား စောင့်ကြည့်ခြင်း တို့ကိုသာ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပါသည်။ ၂ဝ၁၂ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့   သော တရားဥပဒေစိုးမိုးရေးကော်မတီ ပေါ်ပေါက်လာပြီးသည့်အချိန်မှစ၍ မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှုများဖြစ်   ပေါ်လာခဲ့ခြင်းမရှိဘဲ မုဒိန်းမှုများ(အထူးသဖြင့် သက်ငယ်မုဒိန်းမှုများ)၊ လူသတ်မှုများ၊ဘာသာရေးအခြေခံ လူမျိုးရေး ပဋိပက္ခများ ၊ နယ်စပ်ဒေသရှိ မှောင်ခိုမှုများ စသည်ဖြင့် ပေါများစွာ ဖြစ်ပေါ်လာပြီး ယခင် စစ်အစိုးရအုပ်ချုပ်မှု ကာလထက် ပင် ဆိုးရွှားစွာ ပေါ်ပေါက်လာနေတော့သည်။နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဟု ဆိုခဲ့သော်လည်း ဒေါ်စု၏ ကြိုးပမ်းမှုများကြောင့် မဟုတ်ပါဘဲ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်များကြောင့်သာ  လွတ်မြောက် လာခဲ့ကြသည်။တဖန် ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများကြောင့် ပဋိပက္ခများ ဖြစ်ပွါးခဲ့ရပြီး ရခိုင်ပြည်နယ်မှ တိုင်းရင်းသားများ ရာချီအသတ်ခံရပြီး သိန်းဂဏန်းနဲ့ချီသော မိသားစုများ အိုးအိမ် စွန့်ခွါခဲ့ရစဉ်ကလည်း ဒေါ်စုအနေဖြင့် မည်သည့်မှတ်ချမျှမပေးသည့်အပြင် ဘင်္ဂလီလူနည်းစုကို စာနာပါ ဟုသော စကားအား လူထုခေါင်းဆောင် ဟူသော နေရာနှင့် မလျှော်ညီစွာ ပြောကြားခဲ့ပြန်သည်။


“တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာ ဆက်စပ်နေပါတယ်”ဟူ၍သာ ပြောကြားခဲ့သော်လည်း ယခုတိုင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်သည့်စကားတစ်ခွန်းမျှ မပြောကြားခဲ့ဘူးပါ ။ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တစ်ဦးအနေနှင့်သော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌတစ်ဦး အနေဖြင့်သော်လည်းကောင်း ညှိနှိုင်း   ဆောင်ရွှက်ခြင်းမရှိပဲ ဒုတိယပင်လုံ ဟူသော အကောင် အထည်ပေါ်မလာ သည့် ဒီချုပ်ပါတီ၏ မူတစ်ရပ်ကိုသာပြောဆို   နေခြင်းဖြင့် အချိန်ကုန်နေခဲ့ပြန်သည်။ဒေါ်စု အနေဖြင့် လူထုခေါင်းဆောင် ဟူသော အမည်နာမကို ခံယူထားသော်လည်း လက်တွေ့ ပြည်သူလူထုအတွက် အကျိုးရှိသော လုပ်ရပ်အနေဖြင့် ရန်ကုန်ဆေးရုံကြီးအား ဗြိတိသျှနိုင်ငံ၏အကူအညီဖြင့် အဆင့်မြင့်တင်ရန် အလှူငွေရရှိအောင်ဆောင်ရွှက်ခြင်းတစ်ခုသာ အကောင်အထည်ပြစရာရှိပါသေးသည်။မြန်မာနိုင်ငံတွင် အရွှယ်မရောက်သေးသူများ မုဒိန်းကျင့်ခံရခြင်းဖြစ်စဉ်များ ပေါများလာချိန်ဝယ် ကလေးသူငယ်များအား မုဒိန်းမှု အတွက် ပြစ်ဒဏ်ပြင်ဆင်ရေး ဥပဒေအား လွှတ်တော်တွင် တင်ပြစဉ်ကလည်း ဒေါ်စုတင်ပြသည် မဟုတ်ခဲ့ပါ။ ထို့အပြင် ခေတ်နှင့် မလျှော်ညီသော တရားဥပဒေများ ပြင်ဆင်ရေးအတွက်လည်း ဦးဆောင် တင်ပြခြင်း၊ ထောက်ပြပြောဆိုခြင်း၊ ပြုပြင်ရန် အားထုတ်ခြင်းများလည်း မတွေ့ရပါ။ ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အလင်းရောင်သည် လိုင်ဇာ တွေ့ဆုံပွဲ တွင် ပေါ်ပေါက်လာပြီဖြစ်သော်လည်း အားလုံးမျှော်လင့်နေသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၏ ကြိုးပမ်းမှု ပါဝင်လာခဲ့ခြင်း မရှိပါ။ကေအိုင်အေ ဗိုလ်ချုပ် ကိုယ်တိုင်မှလည်း “ဒေါ်စု စားပွဲဝိုင်းကို လာထိုင်လျှင် ထိုင်ဖို့ အတွက်မဟုတ်၊ တာဝန်ယူသော စကားပြောရမည်”ဟူ၍ အင်တာဗျုးတစ်ခုတွင် ပြောဆိုခဲ့ပြန်သည်။ သို့သော် ယခုတိုင် ဒေါ်စုသည် ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာရောက်နိုင်ခြင်းမရှိပါချေ။ ဤသို့ဆိုလျှင်   ဒီချုပ်ဥက္ကဌကြီးသည် တိုင်းရင်းသား ရင်ကြားစေ့ရေး ဟူသော အပြောကို အဘယ့်ကြောင့် မကြာခဏ တွင်တွင်ပြောဆိုနေပါသနည်း။


ဒေါ်စုအနေဖြင့် ပြည်သူ့အတွက် ကြိုးပမ်းနေသည်ဟု မမြင်မိဘဲ အာဏာရူးသွပ်မှု၊သို့တည်းမဟုတ် လက်ခုပ်သံ  သာယာမှုအတွင်း ကျရောက်နေပြီဟု သုံးသပ်မိပါသည်။နိုင်ငံတကာမှပေးအပ်သော ဆုများတံဆိပ်များ သည်လည်း ဒေါ်စု၏ နိုင်ငံရေးလှုပ်ရှားမှုဟု ခေါင်းစဉ်တပ်ခဲ့သော်လည်း လက်တွေ့ပြည်တွင်းတွင် အကျိုးဖြစ် ထွန်းခဲ့ခြင်းများမရှိခဲ့ပေ။ ထို့အတူ လက်ပံတောင်းတောင် အရေးအား ဖြေရှင်းခဲ့စဉ် ကလည်း ဒေါ်စု သည် ပြေလည်အောင်ဖြေရှင်းနိုင်ခြင်းမရှိခဲ့။ဒေါ်စုသည် လူထုခေါင်းဆောင်ဆိုသော နေရာထက် အတိုက်အခံခေါင်းဆောင် ဟူသော အမည်နာမကို ပို၍နှစ်ချိုက်နေသည်လား မဆိုတတ်ချေ။ အဘယ့်ကြောင့်ဆိုသော် အမြဲပင် ဆန့်ကျင်ပြုမူနေသောကြောင့်ဖြစ်ပါသည်။ လွှတ်တော်တွင်း ဝင်ရောက်စဉ် ကတည်းက ကျမ်းကျိန်လွှာပြင်ခိုင်းသည်မှစ၍ ယခုထိ“ကျမ သမ္မတ ဖြစ်ချင်ပါတယ်” ဟု ဝန်ခံခဲ့အပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မည့် ဆန္ဒသာရှိနေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရှိ ပြင်လိုသည့် ဥပဒေများကို ဒေါ်စုကြည်မှ ဖွင့်ဟခြင်း မရှိ သည့်တိုင် ပုဒ်မ ၅၉ ပါအချက်များကို အဓိက ထား ပြောဆိုနေသည်မှာ ဒေါ်စု၏ လိုအင်ဆန္ဒအား တွေ့မြင်နိုင်ပါသည်။ ဒေါ်စု အနေဖြင့် တရားဥပဒေ စိုးမိုးရေးသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဆက်စပ်နေသည် ၊ ပြည်တွင်းငြိမ်းချမ်းရေး မရခြင်း သည် အခြေခံဥပဒေကြောင့်ဖြစ်သည်ဟု မိမိဖြစ်ချင်သော ဆန္ဒမရောက် ရောက်အောင် ပြောဆိုနေခဲ့သော်လည်း တရားဥပဒေ၊ စိုးမိုးရေးကော်မတီ ဥက္ကဌဖြစ်လာသည့်နောက်ပိုင်း မြန်မာနိုင်ငံရှိ ငြိမ်းချမ်းသော မြို့ ၊ကျေးရွှာများတွင် ဥပဒေမဲ့ လုပ်ရပ်များ သတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိနေရသဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး  ဥက္ကဌကြီး ဘာလုပ်နေသလဲ ဟုမေးရတော့ မလို ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။


Twartar Khin  

 www.MyanmarExpress.net

 

8 comments:

Oatkahtagyi kalar lee soak nay thi, ma arr lat par.

ပုဒ်မ 59 ကို အရမ်းပြင်ချင်နေရှာတယ်...သနားလိုက်တာ ဒေါ်စုရယ်...ဘာဖြစ်လို့ သမ္မတရူး အရမ်းရူးနေရတာလဲ?ခင်ဗျား သမ္မတဖြစ်လည်း ဒီမိုး ဒီရေမှာ ဒီလူတွေနဲ့ကတော့ ရင်လေးမိတယ် ဒေါ်စုရယ်...

ဗိုလ်ချုပ်အောင်ဆန်းက
နယ်ချဲ့ဗြိတိသျှတို့အလိုကို ဆန့်ကျင်ပြီး
တိုင်းရင်းသားများစည်းလုံးညီညွတ်ရေးအတွက်
ပထမပင်လုံညီလာခံကို အောင်မြင်စွာကျင်းပခဲ့သည်။
သူ့သမီးက နယ်ချဲ့ဗြိတိသျှတို့အလိုကိုလိုက်ပြီး
တိုင်းရင်းသားစည်းလုံးမှုပြိုကွဲစေရေးအတွက်
ဒုတိယပင်လုံညီလာခံကို ကျင်းပရန် ကြံဆောင်နေသည်။
တော်တော်လည်းလိုက်ဖက်တဲ့ သားအဖပါဘဲ။
အဖေ့ခြေရာမနင်းနိုင်ပေမယ့် အဖေခြေရာကို
လက်စတုံးဖျောက်ဖျက်ရန် အဓိဌာန်ထားသလား
အောက်မေ့မိပါသည်။

shopping ထွက်နေတာ အပြန်ကို ကိုကိုနီအတွက်ဝယ် ရအုံးမယ်းးးးးကိုကိုနီအတွက် အ ခြေခံဥပ ဒေကိုလည်းပြင်ပေးဦးမှားးးးးနော် နော်းးးးနော်လို့းးးးးးးးးးးး

ဒေါ်စုကိုဘဲ ဘာဖြစ်လို့ ပြောနေတာလဲ
မင်းတို့ထဲက ဒေါ်စုခြေဖျားမီတဲ့သူ ဘယ်သူရှိသလဲ
ဒေါ်စုနဲ့ ပူးပေါင်းပြီး လုပ်ကြရင် မြန်မာပြည် တိုးတက်တာ ကြာပြီပေါ့

ကုလားနဲ့ ပေါင်းနေလို့ပြောရတာ ကွးးးးး

စောက်​ကျင့်​ မ​ကောင်းတဲ့ လူ​တွေများ​နေမှ​တော့ လူကို မကြည့်​ဘဲမူကိုကြည့်​ ပြီးကုလား​တွေဗမာ ​တွေ မခွဲခြားဘဲ​ပေါင်းရတာ​ပေါ့ ဗမာဖြစ်​ပြီး ​စောက်​ကျင့်​ မ​ကောင်းမှ​တော့ ဘာသွားသုံးစားမလဲ

ဒေါ်စု ခြေဖျားဘယ်မှီမလဲကွ သူ့လိုမှကလား အလိုးမခံရဲတာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်