From : ခေတ်လူငယ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်သုံးခုမှ တင်သွင်းလာသော ရွေးကောက်ပွဲဥပဒေ စည်းကမ်းနှင့် မညီညွတ်ကြောင်း ကန့်ကွက်လွှာ ၁၂၃ စောင်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက ပြောသည်။ ထို့အပြင် ရွေးကောက်ပွဲအပြီး အောင်ပွဲခံမှုများသည် နှစ်ဖက်ပါတီကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုကို ဦးတည်စေသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်အချို့က ဧပြီ ၆ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ “ရွေးကောက်ပွဲတွေက နောင်မှာလည်း လုပ်ကြရဦးမှာပဲ။ ကြားဖြတ်ရွေးကောက်ပွဲတွေ ရှိဦးမယ်။ ငါးနှစ်တစ်ကြိမ်လုပ်တဲ့ ရွေးကောက်ပွဲတွေ ရှိဦးမယ်။ အဲ့ဒီပွဲတွေမှာလည်း စည်းနဲ့ကမ်းနဲ့ဖြစ်ဖို့ ရည်ရွယ်တာပါ။ ဘယ်ပါတီကို ကန့်ကွက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဖြစ်စဉ်ကိုပဲ ကန့်ကွက်တာပါ။ အဲဒီ့ဖြစ်စဉ်မှန်၊ မမှန်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖော်ထုတ်မှာပေါ့ဗျာ” ဟု ဦးအောင်သိန်းလင်းက ပြောကြားသွားကြောင်း သိရှိရသည်။
Myanmar Express

2 comments:
မှန်တယ်
ဘယ်တိုင်းပြည်မှာမှ ဒီလိုဝရုန်းသုန်းကား မဖြစ်ဘူး
ကားတွေနဲ့အလံတွေထူပြီး ဘယ်တိုင်းပြည်မှာမှ မလုပ်ဘူး
ရှက်တတ်ရင် ရှက်စရာဘဲ
သတ်မှတ်ထားတဲ့ တစ်နေရာရာမှာ စုပြီးလုပ်ချင်လုပ်
ဘောလုံးကွင်းဖြစ်ဖြစ်
Its great idea! I like the truth.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်