Subscribe to our RSS Feed

ရန်ကုန်မြို့ လျှပ်စစ်မီးပိုပေးနိုင်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်နေသည့် ရွှေလီရေအားလျှပ်စစ်မှ လျှပ်စစ်ဓါတ်အားများ ပြန်လည်ဝယ်ယူမည်

From : ခေတ်လူငယ်


ရန်ကုန်မြို့တော်ကို လျှပ်စစ်မီးပိုပေးနိုင်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်နေသည့် ရွှေလီရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားများ ပြန်လည်ဝယ်ယူမည့်အပြင် ရပ်နားထားရသည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်များ ပြန်လည် လည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့များ တောင်းခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တာ် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ဧပြီလ ၆ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က "တစ်ဖက်မှာလည်း ကျွန်တော်တို့မှာ သဘာဝဓာတ်ငွေ့ တာဘိုင်စက် ၅ လုံး ရှိပါတယ်။ လည်နိုင်ဖို့ ဓာတ်ငွေ့လိုပါတယ်။ အဲဒီအတွက် ဓာတ်ငွေ့ရအောင် ကြိုးစားနေပါတယ်။ အဲဒီ ဓာတ်ငွေ့ရရင် ၆၉  မဂ္ဂါဝပ် လောက် ထပ်ထုတ်နိုင်ဖို့ ရှိပါတယ်။ ရပ်ထားတဲ့ သဘာဝဓာတ်ငွေ့သုံး စက် ၅ လုံးအတွက် သဘာဝဓာတ်ငွေ့ လိုအပ်ချက် ကုန်းတွင်းဓာတ်ငွေ့ ကုဗပေ ၂၄ သန်း၊ ကမ်းလွန် ၁၁ ကုဗပေသန်းကို တောင်းထားပါတယ်။ ဒီပမာဏကို ဘယ်နေရာကနေရရ စီစဉ်ပေးနိုင်ရင် မဆိုးပါဘူး။ ရန်ကုန်အတွက် ရနိုင်သမျှ လျှပ်စစ်ဓာတ်အားရအောင် လုပ်ပါမယ်" ဟု ပြောကြားခဲ့သည်။ ရန်ကုန်မြို့တွင် သဘာဝဓါတ်ငွေ့သုံး ရေအားလျှပ်စစ်စက်ရုံ လေးရုံရှိပြီး လက်ရှိလည်ပတ်လျှက် ရှိသည်။ သဘာဝဓါတ်ငွေ့ မရရှိမှုကြောင့်  ရပ်နားထားရသည့် သဘာဝဓါတ်ငွေ့သုံး ရေအားလျှပ်စစ်စက်ရုံ ငါးရုံ ရှိပြီး ၄င်းတို့မှာ နယ်မြို့များမှဖြစ်ကြောင်း သိရှိရသည်။ သဘာဝဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ အများဆုံး ရောင်းချလျှက်ရှိကြောင်းသိရှိရသည်။
 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်