Subscribe to our RSS Feed

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံသို့ ဧပြီ ၂၉ ရက်နေ့တွင် လာရောက်မည်

From : ခေတ်လူငယ်


ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံသို့ ဧပြီ ၂၉ ရက်တွင် လာရောက်မည်ဖြစ်ကြောင်း ကုန်သည်/စက်မှု အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဘန်ကီမွန်းလာရောက်လျှင် တွေ့ဆုံရန် ကုန်သည်/စက်မှု အသင်းချုပ်ရှိ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အသင်းဝင်များနှင့် ယင်းအဖွဲ့အစည်းမှ လူ ၁၀၀ ကျော်ကို တွေ့ဆုံရန် စာရင်းကောက်ယူနေကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ဘန်ကီမွန်းမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ပြီးနောက် မြန်မာနိုင်ငံသို့ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နှစ်ကြိမ်နှင့် ၂၀၀၉ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် လာရောက်ဖူးကြောင်း  သိရှိရသည်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်