From :
..eleven

ပင်စင်လစာ လာရောက်ထုတ်ယူ နေသူများအား တွေ့ရစဉ်
အစိုးရ ၀န်ထမ်းများ လစာတိုးမြှင့်မှုနှင့်အတူ ပင်စင်စားများ၏ လစာများလည်း ဧပြီလကုန်တွင် ထပ်တိုးခဲ့ကြောင်း နေပြည်တော် ပင်စင်ဦးစီးဌာနမှ သိရှိရသည်။
ဧပြီလကုန်မှ စတင်၍ ပင်စင်လစာများ ထပ်တိုးရာတွင် အစိုးရ ၀န်ထမ်းများ လစာတိုးသည့် ငွေကျပ် ၂၀၀၀၀ ပေါ် မူတည်၍ တွက်ချက်တိုးမြှင့်ခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းသို့ ပင်စင်လစာ ထပ်တိုးခြင်းအား သက်ဆိုင်ရာ ပင်စင်စားများထံသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
"အခု ပင်စင်လစာ ထပ်တိုးတာက အစိုးရ ၀န်ထမ်းတွေတိုးတဲ့ ငွေကျပ် ၂၀၀၀၀ ပေါ်
မူတည်ပြီး တွက်ချက်တာ ဖြစ်ပါတယ်။ အရပ်ဘက် ၀န်ထမ်းလုပ်ခဲ့တဲ့
ပင်စင်စားတစ်ဦးရဲ့ လုပ်သက်ကို ငွေကျပ် ၂၀၀၀၀ နဲ့ မြှောက်ပြီး ၇၀ နဲ့
ပြန်စားပြီး တွက်ချက်လို့ရလာတဲ့ ငွေကို တိုးမြှင့်တာပါ။ အဲဒီအတွက်
လုပ်သက်ပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ထပ်တိုးပင်စင်လစာကို
ဧပြီလကုန်မှ စတင်ခံစားရမှာ ဖြစ်ပါတယ်" ဟု နေပြည်တော် ပင်စင်ဦးစီးဌာနမှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းသို့ တွက်ချက်မှုအရ ပင်စင်စားတစ်ဦးလျှင် ပျမ်းမျှအနိမ့်ဆုံး တစ်ဦးလျှင် ကျပ် ၃၀၀၀ နီးပါးမှ အမြင့်ဆုံးကျပ် ၁၂၀၀၀ တိုးခြင်းဖြစ်သည်ဟု သိရသည်။ အစိုးရ၀န်ထမ်း လုပ်သက် ၁၀ နှစ်ရှိသည့် ပင်စင်စား တစ်ဦးသည် ပင်စင်လစာသည် ဧပြီလကုန်တွင် ပင်စင်လစာ ၂၈၅၇ ကျပ် တိုးမြှင့်မည်ဖြစ်သည်။
ြ့မန်မာတစ်နိုင်ငံလုံးတွင် ပင်စင်စားဝန်ထမ်းဦးရေ ခုနစ်သိန်းကျော်ရှိပြီး ငါးသိန်းကျော်မှာ အရပ်ဘက် ပင်စင်စားဝန်ထမ်းများ ဖြစ်ပြီး ကျန်ရှိသည့် သူများမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ပင်စင်စားများ ဖြစ်သည်ဟု သိရသည်။ ယခုအခါ ဧပြီလကုန်မှ ထပ်တိုးခဲ့သည့် ပင်စင်လစာငွေအတွက် ၅၄ ရာခိုင်နှုန်းကျော်ကို တွက်ချက်ကာ ဘဏ်များသို့ ပေးပို့ပြီးဖြစ်ပြီး ၎င်းတို့အနေဖြင့် ဧပြီလကုန်တွင် ခံစားခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသည့် ၄၂ ရာခိုင်နှုန်းခန့်မှာမူ တွက်ချက်နေဆဲဖြစ်ပြီး ၎င်းတို့အား ယခုမေလအတွင်း အပြီးတွက်ချက်ပေးမည်ဖြစ်ကာ မေလကုန်တွင် ဧပြီလနှင့် မေလနှစ်လပေါင်းကာ ခံစားခွင့် ရရှိမည်ဖြစ်သည်။
၁၉၉၃ ခုနှစ် ဧပြီ ၁ ရက်တွင် ပင်စင်လစာအပေါ်၌ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဧပြီ ၁ ရက်တွင်မူ ထုတ်ယူခံစားလျက်ရှိသော ပင်စင်လစာ၏နှစ်ဆ တိုးမြှင့်ပေးခဲ့ကြောင်း ပင်စင်ဦးစီးဌာနမှ သိရပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လကုန်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံးမှ အမိန့်ကြော်ငြာစာ အမှတ် ၁၀၆/၂၀၁၁ ဖြင့် ပင်စင်လစာကို နောက်ဆုံး တိုးမြှင့်ပေးခဲ့ကြောင်းနှင့် ယင်းအချိန်တွင် ပင်စင်စား ၀န်ထမ်းများ၏ လစာမှာ အနည်းဆုံး ကျပ် ၂၀၀၀၀ မှ အများဆုံးကျပ် ၁၁၀၀၀၀ အထိ ခံစားခွင့်ရခဲ့ခြင်း ဖြစ်သည်။
.. www.MyanmarExpress.net

ပင်စင်လစာ လာရောက်ထုတ်ယူ နေသူများအား တွေ့ရစဉ်
အစိုးရ ၀န်ထမ်းများ လစာတိုးမြှင့်မှုနှင့်အတူ ပင်စင်စားများ၏ လစာများလည်း ဧပြီလကုန်တွင် ထပ်တိုးခဲ့ကြောင်း နေပြည်တော် ပင်စင်ဦးစီးဌာနမှ သိရှိရသည်။
ဧပြီလကုန်မှ စတင်၍ ပင်စင်လစာများ ထပ်တိုးရာတွင် အစိုးရ ၀န်ထမ်းများ လစာတိုးသည့် ငွေကျပ် ၂၀၀၀၀ ပေါ် မူတည်၍ တွက်ချက်တိုးမြှင့်ခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းသို့ ပင်စင်လစာ ထပ်တိုးခြင်းအား သက်ဆိုင်ရာ ပင်စင်စားများထံသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
ဧပြီလကုန်မှ ထပ်တိုးခဲ့သည့် ပင်စင်လစာငွေအတွက် ၅၄ ရာခိုင်နှုန်းကျော်ကို တွက်ချက်ကာ ဘဏ်များသို့ ပေးပို့ပြီးဖြစ်ပြီး ၎င်းတို့အနေဖြင့် ဧပြီလကုန်တွင် ခံစားခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသည့် ၄၂ ရာခိုင်နှုန်းခန့်မှာမူ တွက်ချက်နေဆဲဖြစ် . . . . . |
ယင်းသို့ တွက်ချက်မှုအရ ပင်စင်စားတစ်ဦးလျှင် ပျမ်းမျှအနိမ့်ဆုံး တစ်ဦးလျှင် ကျပ် ၃၀၀၀ နီးပါးမှ အမြင့်ဆုံးကျပ် ၁၂၀၀၀ တိုးခြင်းဖြစ်သည်ဟု သိရသည်။ အစိုးရ၀န်ထမ်း လုပ်သက် ၁၀ နှစ်ရှိသည့် ပင်စင်စား တစ်ဦးသည် ပင်စင်လစာသည် ဧပြီလကုန်တွင် ပင်စင်လစာ ၂၈၅၇ ကျပ် တိုးမြှင့်မည်ဖြစ်သည်။
ြ့မန်မာတစ်နိုင်ငံလုံးတွင် ပင်စင်စားဝန်ထမ်းဦးရေ ခုနစ်သိန်းကျော်ရှိပြီး ငါးသိန်းကျော်မှာ အရပ်ဘက် ပင်စင်စားဝန်ထမ်းများ ဖြစ်ပြီး ကျန်ရှိသည့် သူများမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ပင်စင်စားများ ဖြစ်သည်ဟု သိရသည်။ ယခုအခါ ဧပြီလကုန်မှ ထပ်တိုးခဲ့သည့် ပင်စင်လစာငွေအတွက် ၅၄ ရာခိုင်နှုန်းကျော်ကို တွက်ချက်ကာ ဘဏ်များသို့ ပေးပို့ပြီးဖြစ်ပြီး ၎င်းတို့အနေဖြင့် ဧပြီလကုန်တွင် ခံစားခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသည့် ၄၂ ရာခိုင်နှုန်းခန့်မှာမူ တွက်ချက်နေဆဲဖြစ်ပြီး ၎င်းတို့အား ယခုမေလအတွင်း အပြီးတွက်ချက်ပေးမည်ဖြစ်ကာ မေလကုန်တွင် ဧပြီလနှင့် မေလနှစ်လပေါင်းကာ ခံစားခွင့် ရရှိမည်ဖြစ်သည်။
၁၉၉၃ ခုနှစ် ဧပြီ ၁ ရက်တွင် ပင်စင်လစာအပေါ်၌ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဧပြီ ၁ ရက်တွင်မူ ထုတ်ယူခံစားလျက်ရှိသော ပင်စင်လစာ၏နှစ်ဆ တိုးမြှင့်ပေးခဲ့ကြောင်း ပင်စင်ဦးစီးဌာနမှ သိရပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လကုန်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံးမှ အမိန့်ကြော်ငြာစာ အမှတ် ၁၀၆/၂၀၁၁ ဖြင့် ပင်စင်လစာကို နောက်ဆုံး တိုးမြှင့်ပေးခဲ့ကြောင်းနှင့် ယင်းအချိန်တွင် ပင်စင်စား ၀န်ထမ်းများ၏ လစာမှာ အနည်းဆုံး ကျပ် ၂၀၀၀၀ မှ အများဆုံးကျပ် ၁၁၀၀၀၀ အထိ ခံစားခွင့်ရခဲ့ခြင်း ဖြစ်သည်။
.. www.MyanmarExpress.net


4 comments:
အဘတို့ထောပြီပေါ့။
သမ္မတ ကြီး ရယ် လစာ လေး တွေ ထပ် တိုး ပေး စေ ချင် ပါ တယ်။အစိုး ရ ဝန် ထမ်း က ပြင် ပ ဝန် ထမ်း တွေ လောက် ဝမ်း ရေး အ ဆင် မ ပြေ ကြ လို့  ပါ။
1-IT IS GREAT NEWS TO ALL OUR PENSIONERS.
2-WE SINCERELY THANK TO OUR GOVERNMENT FOR TAKING WELFARE CARE TO OUR PENSIONERS.
3-ALL PENSIONERS WILL ENJOY THE BENEFIT AS A TEMPORARY RELIEF FOR VERY SHORT PERIOD OF TIME
BECAUSE ALL MERCHANTS,BUSINESSES, COMPANIES,PRIVATE CLINICS,PRIVATE HOSPITALS
AND INCLUDING STREET MERCHANTS AND HAWKERS ARE KEEP ASKING MORE MONEY FOR THEIRS PRODUCTS, PRODUCES AND SERVICES.THEY ALL ARE LOOK LIKE CUT THROAT AND SUCK THE BLOOD FROM THE GENERAL PUBLIC;THIS GAME IS KEEP GOING LIKE THE (CAT AND MOUSE-AND TIGER AND DEER).COST OF LIVING IS SO HIGH AND STANDARD OF LIVING IS GRADUALLY LOW AT ALL TIMES.
4-REQUEST PLEASE TAKE PROPER ACTIONS TO CONTROL THE RISING MARKETS.
5-WE HAVE THE RECORDED HISTORY OF EMPLOYEES WAGES;SUCH AS A PEON SALARY WAS K70.00 PER MONTH AND A LOWER DIVISION CLERK SALARY WAS K126.25 AND MAXIMUM HIGHEST GOVERNMENT OFFICIAL SALARY IS K1600.00 ONLY BUT THEY ALL CAN FEED THEIR FAMILY OF TWO TO FOUR WITH A COMFORTABLE AND REASONABLE STANDARD OF LIVING.WE ARE NOT EXPECTING LIKE FOR THOSE DAYS SITUATION AND WE ALL UNDERSTAND THE WHOLE WORLD IS CHANGING DAY BY DAY BUT WE NEED TO CONTROL OUR CONSUMER PRICE.PLEASE HELP US.
6-WE KNEW MANY EX-GOVERNMENT OFFICIALS RESIGNED THE JOB ON HIS/HER ACCORD WITHOUT BENEFITS AND SOME STILL LIVING SHOULD CONSIDER SOME KIND OF BENEFIT TO THEM.THE LIST OF EX-EMPLOYEES CAN TRACE EASILY BY MINISTRIES AND DEPARTMENTS.ALL THOSE EX-EMPLOYEES LOSS PENSIONS,GRATUITIES,EARNED LEAVE ETC..BECAUSE GOVERNMENT POLICY SETUP IN SUCH A WAY AND REFUSE TO ALLOW RESIGN IF NOT ACCEPT THE TERMS AND CONDITIONS.
WITH MYITTA...
အင်း အ၇င်တုံးကပင်စင်ထုတ်၇င် လဘက်၇ည် တခွက်ဘဲ သောက်နိုင်
တာ။ခုတော့ အီကြာကွေးလေးပါ လွှေးနိုင်ပြီပေါ့။သာဓု။သာဓု။သာဓု။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်