Subscribe to our RSS Feed

ဒေါ်လာဈေး ၉၀၀ ပေါက်

From : ..dvb


ရန်ကုန် သိမ်ဖြူလမ်း ငွေလဲကောင်တာတွေနဲ့ တရားဝင် ငွေလဲ ကောင်တာတွေရဲ့ဒေါ်လာ ရောင်းဈေးသတ်မှတ်ချက်ဟာ ပထမဦးဆုံး အကြိမ်အဖြစ် တစ်ဒေါ်လာ ကျပ် ၉၀၀ ပြန်လည် မြင့်တက်လာပါတယ်။

ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်ကို မူတည်ပြီး အဲဒီငွေလဲ ကောင်တာတွေဟာ ဒေါ်လာဝယ်ဈေး တစ်ဒေါ်လာ ကျပ် ၈၉၀ နဲ့ ရောင်းဈေး ကျပ် ၉၀၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးမှာတော့ တစ်ဒေါ်လာ အ၀ယ် ၈၉၃ ကျပ်၊ အရောင်း ၈၉၆ ကျပ် နှုန်းရှိပါတယ်။

မြန်မာနိုင်ငံမှာ မော်တော်ယာဉ် မှတ်ပုံတင်ခ အပါအ၀င် အစိုးရဆီကို ဒေါ်လာနဲ့ အခွန်အခ သွင်းရတဲ့ သူတိုင်းဟာ တရားဝင်ဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတွေကနေပဲ ၀ယ်ယူ ပေးသွင်းကြရတာမို့ အဲဒီ ငွေလဲကောင်တာတွေရဲ့ ဒေါ်လာ အရောင်းဈေးနှုန်း အမြဲတမ်း
မြင့်နေတာဖြစ်တယ်လို့ ရွှေဘုံသာလမ်း ကုန်သည်တွေက ပြောပြကြပါတယ်။ ဒီကနေ့ ကမ္ဘာ့ရွှေပေါက်ဈေး တစ်အောင်စ ဒေါ်လာ ၁၄၆၃ ရှိပြီး မြန်မာ့ရွှေဈေးကတော့ မီးလင်းရွှေ တစ်ကျပ်သား ကျပ် ၇၁၁၅၀၀ ဈေးပေါက်နေပါတယ်။


 .. www.MyanmarExpress.net
 

1 comments:

သူ့ဖါသာသူ ၉၀၀ မကလို့၁၀၀၀ ဘဲ ဖြစ်ဖြစ် ကျွုပ်တို့လို
ငမွဲတွေ နဲ့တော့မဆိုင်ပါဘူးဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်