Subscribe to our RSS Feed

သောက်သုံး ရေ ရှားပါးမှု ကြုံတွေ့ နေရသော ကျေးရွာ များသို့ သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်း

From : ..mwd


သောက်သုံးရေ ရှားပါးမှု ကြုံတွေ့ နေရသော ကျေးရွာများသို့ တပ်မတော်သား များက  သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းလျက် ရှိရာ မေ ၅ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ်၊ နေပူ ကုန်း ကျေးရွာ၊ ကြာအင်း ကျေးရွာနှင့် ရွာသစ် ကျေးရွာရှိ အိမ်ထောင်စု ၆၉ စုအတွက် ရေဂါလန် ၁၂ဝဝ အားလည်း ကောင်း၊ ရေတာရှည်မြို့နယ်၊ ဖျံချောင်း ကျေးရွာရှိ အိမ်ထောင်စု ၃၂ စုအ တွက် ရေ ဂါလန် ၃၅ဝ အား လည်း ကောင်း၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် အတွင်းရှိ အငူရွာသစ်၊ အငူရွာဟောင်း၊ အောင်ပင်လယ်ပြင် ကျေးရွာ၊ ခေါင်းဖြူကျေးရွာနှင့် ဒဂုံကျေးရွာ တို့ရှိ အိမ်ထောင်စု ၇၆၇ စု အတွက် သောက်သုံးရေ ဂါလန် ၁၂၆ဝဝ အားလည်းကောင်း၊ ကျောက်ဖြူမြို့နယ် အတွင်းမှ စီမော် ကျေးရွာရှိ အိမ်ထောင်စု ၁၈၉ စုအတွက် ရေ ဂါလန် ၂၈ဝဝ အားလည်းကောင်း တပ် ပိုင် ရေသယ် ယာဉ်များဖြင့် အသီးသီး ဖြန့်ဝေ လှူဒါန်းသည်။
အလားတူ နေပြည်တော် ကောင်စီ နယ်မြေအတွင်း မေ ၆ ရက်တွင် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ အုပ်စု၊ ညောင်ကုန်းကျေးရွာ အိမ်ထောင်စု ၉ဝ စုအတွက် သောက်သုံးရေ ဂါလန် ၂၄ဝဝ အား လည်းကောင်း၊ ဖြုတ် ခွဲ ကျေးရွာအုပ်စု၊ ဖက်တဲကုန်း ကျေးရွာ အိမ်ထောင်စု ၆၈ စုအတွက် သောက်သုံး ရေဂါလန် ၃၆ဝဝ ဂါလန် အားလည်းကောင်း၊ ဖက်တဲကုန်းကျေးရွာ အိမ်ထောင်စု ၇၃ စု အတွက် သောက်သုံး ရေဂါလန် ၁၈ဝဝ အားလည်းကောင်း၊ နေပြည်တော် ကောင်စီ နယ်မြေအတွင်း မေ ၆ ရက်တွင် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်ကျေးရွာ အိမ်ထောင်စု ၁၁၅ စု အတွက် သောက်ရေ ၂ဝ လီတာဆံ့ ၁၂ဝ ဘူးနှင့် သုံး ရေဂါလန် ၃၂ဝဝ အားလည်းကောင်း၊ ဇေယျာသီရိ မြို့နယ်၊ ဒိုးပင်ခုံ ကျေးရွာ အိမ်ထောင်စု ၂၇၉ စု အတွက် သောက်သုံးရေ ဂါလန် ၅၅ဝဝ အား လည်းကောင်း တပ်ပိုင် ရေသယ်ယာဉ်များဖြင့် ဖြန့်ဝေ လှူဒါန်း သည်။
ထို့အပြင် တောင်ငူမြို့နယ် ဆင်ရွာ၊ ရွာတန်းရှည်ကျေးရွာ၊ ခွေးလေးတော ကျေးရွာ၊ ထန်းကုန်း ကျေးရွာ၊ သဲဖြူကျေးရွာ၊ ဘုရားနှစ်ဆူ ကျေးရွာတို့တွင် တပ်မတော်သားများက ဒေသခံ ပြည်သူများနှ င့် အတူ ရေတွင်းရေကန်များ ပြန်လည် တူးဖော်ခြင်းနှင့် ရေသွယ်မြောင်း တူးဖော်ခြင်းများအား ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
.
. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်