Subscribe to our RSS Feed

ပါလက်စတိုင်းဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်

From : ..planet

 
သမ္မတ အနေဖြင့်မူ ဟမ်ဒါလား၏ တောင်းဆိုမှုကို လက်ခံခြင်း ပြုမပြု တိတိကျကျ မသိရသေးချေ။ ယခုပြဿနာသည် သမ္မတနှင့် ဝန်ကြီးချုပ်ကြား လုပ်ပိုင်ခွင့် အငြင်းပွားမှုမှ စတင်ကြောင်း သတင်းများက ဆိုသည်

 ပါလက်စတိုင်း ဝန်ကြီးချုပ် ရာထူးကို လက်ခံရယူပြီး သီတင်း(၂)ပတ် အကြာတွင် ရာမီ ဟမ်ဒါလား အနေဖြင့် ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ကြောင်း သိရသည်။ ၎င်းသည် ရာထူးမှ နုတ်ထွက်ခွင့်အတွက် သမ္မတ မာမွတ်အဘက်စ်ထံ တရားဝင် တောင်းခံ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သမ္မတ အနေဖြင့်မူ ဟမ်ဒါလား၏ တောင်းဆိုမှုကို လက်ခံခြင်း ပြုမပြု တိတိကျကျ မသိရသေးချေ။ ယခုပြဿနာသည် သမ္မတနှင့် ဝန်ကြီးချုပ်ကြား လုပ်ပိုင်ခွင့် အငြင်းပွားမှုမှ စတင်ကြောင်း သတင်းများက ဆိုသည်။ ဒုတိယ ဝန်ကြီးချုပ် နှစ်ဦးကို သမ္မတ အဘက်စ်က ကိုယ်တိုင် ခန့်အပ်ခဲ့သော်လည်း ဝန်ကြီးချုပ်ကမူ မိမိ၏ လက်ထောက် နေရာများကို မိမိသာ ရွေးချယ်သင့်သည်ဟု ယူဆရခဲ့သည်။

ဟမ်ဒါလားသည်သည် ဝန်ကြီးချုပ် ရာထူးအတွက် ကျမ်းသစ္စာ ကျိန်ဆိုပြီး (၁၄)ရက် အကြာတွင် နုတ်ထွက်စာ တင်ခဲ့ခြင်း ဖြစ်သည်။ ထိပ်တန်း အရာရှိအချို့က ဟမ်ဒါလား အနေဖြင့် အစ္စရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြန်လည် စတင်ချိန်တွင် အလားအလာ အရပ်ရပ်အတွက် စိုးရိမ်လောက်စရာများ ရှိနေသည့်တိုင် နုတ်ထွက်ရန် ဆုံးဖြတ်ခြင်းဟု မှတ်ချက်ပြုခဲ့ကြသည်။ ဟမ်ဒါလားသည် သမ္မတ အဘက်စ်နှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့် ဆာလမ်ဖာယက်ဒ် နေရာတွင် အစားထိုး ဝင်ရောက်ခဲ့သူဖြစ်သည်။

အသက်(၅၄)နှစ်ရှိ ဟမ်ဒဲလားသည် ဗြိတိန်တွင် ပညာသင်ယူခဲ့ပြီး လွတ်လပ်စွာ တွေးခေါ်တတ်သည့် နိုင်ငံရေးသမား တစ်ဦးဖြစ်ကာ ယခင်နိုင်ငံရေး အတွေ့အကြုံ မရှိသေးချေ။ ၎င်းသည် အနောက်ဘက် ကမ်းခြေ ဒေသရှိ အန်နာဂျား တက္ကသိုလ်တွင်မူ ဥက္ကဋ္ဌအဖြစ် (၁၅)နှစ်ကြာ လုပ်ကိုင်ခဲ့ဖူးသည်။ ပါလက်စတိုင်း၏ ဖွဲ့စည်းပုံ ဥပဒေအရ ဝန်ကြီးချုပ်သည် ဒုတိယဝန်ကြီးချုပ် ရာထူးနေရာများအတွက် ရွေးချယ်ခန့်အပ်ပိုင်ခွင့် ရှိနေကြောင်းလည်း သိရှိရသည်။


.. www.MyanmarExpress.net
 

1 comments:

တွေ့တယ်မဟုတ်လား။ခုပြသာဒ်ဖြစ်ပေမဲ့ခဏကြာ၇င် ထင်း
ဖြစ်သွားတတ်ကြတာမျိုး။နိင်ငံေ၇းလူကြီးမင်းများ သံဝေဂ ယူ
ကြလော့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်