Subscribe to our RSS Feed

ဗုဒ္ဓဘာသာအတွက် တိုင်း(မ်) မဂ္ဂဇင်းအား မြန်မာ အစိုးရ ကန့်ကွက်

From : .. သမ္မတရုံး

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူအား မျက်နှာဖုံးတင်၍ "THE FACE OF BUDDHIST TERROR" ဆောင်းပါးအား ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားမှု မရှိဘဲ လွတ်လပ်စွာကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံ ဖြစ် သည်။ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ်ကြသော်လည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများ ဟူ၍ အသိအမှတ်ပြုသည်” ဟူ၍ ပြဌာန်းထားသည်။

ဗုဒ္ဓဘာသာသာသနာသည် ကံ ကံ၏ အကျိုးကို လည်းကောင်း၊ ကိုယ်တိုင် ကျင့်ကြံအားထုတ်၍ ရရှိသည့် အသိအမြင်ကို အခြေခံ၍ လည်းကောင်း ရွေးချယ်ဆုံးဖြတ်ခွင့် ပေးထားသည့် မြင့်မြတ်သော ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် ဘာသာတရား ဖြစ်သည်။ ဗုဒ္ဓ၏ သားတော်များ ဖြစ်သည့် သံဃာတော် များသည်လည်း (၂၂၇)သွယ်သော သိက္ခာပုဒ်တို့ကို လိုက်နာစောင့်ထိန်းကြရပြီး သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် နှစ်ပေါင်း ထောင်နှင့်ချီ၍ ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ် ခဲ့ကြသူများ ဖြစ်သည်။

ထို့ပြင် “၉၆၉” အမှတ်တံဆိပ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော်(၉)ပါး၊ ဗုဒ္ဓတရားတော်၏ ဂုဏ်တော်(၆)ပါးနှင့် သံဃာတော်တို့၏ ဂုဏ်တော် (၉)ပါးကို ကိုယ်စားပြုသော၊ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကိုးကွယ်သည့် ရတနာသုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ် ဖြစ်ပြီး ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည့် အားလျော်စွာ ဗုဒ္ဓသာသနာတော်ကို ညိုးနွမ်းစေနိုင်မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများက အလေးထား မေတ္တာရပ်ခံလျက် ရှိသည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီလူ့ဘောင် သို့ အသွင်ကူးပြောင်းစ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း မလိုလားအပ်သော ပဋိပက္ခများ ဆက် လက် ဖြစ်ပေါ်လာခြင်း မရှိစေရန် နိုင်ငံတော်အစိုးရ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများနှင့် ပြည်သူများ ပူးပေါင်း၍ ကြိုးပမ်း တည်ဆောက်နေသောအချိန် ဖြစ်သည်။ ကိုးကွယ် ယုံကြည်ချက်ဆိုင်ရာ ကိစ္စရပ်များသည် သိမ်မွေ့နက်နဲသော အကြောင်းခြင်းရာများ ဖြစ်၍ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု၊ ဘာသာသာသနာများအကြား အပြန်အလှန် လေးစားယုံကြည်မှုတို့နှင့်အတူ အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း တွေ့ရသည်။

တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်။

သို့ဖြစ်၍ THE FACE OF BUDDHIST TERROR ဆောင်းပါး ရေးသားဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 အား ကန့်ကွက်ကြောင်း ဖော်ပြအပ်ပါသည်။

.. www.MyanmarExpress.net
 

11 comments:

Thk gov fk nld other three ladies

I endorse 100%. Where is Mut Aung San Su Kyi? What is she doing? She is probably discussing with the Mut kalars, Shwe Zee Gwet, Zin Mar Aung, Htwe Htwe Yi, Mut Ko Naing, Mut Ko Ko Gyi, Mut Mya Aye and all Mut kalars and UN Mut Qentana. They will all chant their usual mantra DEMOCRACY AND HUMAN RIGHTS.

ဒီလိုသတ္တိရှိကြစမ်းပါ လူကြီးမင်းများ၇ယ်

ဒီနေ့ကြွလာမိတ်သဟာ ကျမ်းမာကြပါစေမင်္ဂလာရှိသောလုပ်ဆောင်ချက်ဖြစ်ပါ၍ ဘကြီးစိတ်ချမ်းသာပါသည်။

ကန့် ကွက် ရုံ လား ဒိ ထက် ထိရောက် မည့် နည်းလမ်း ရှာ ကြ ဉီး လေ။

သတ္တိရှိရှိ နဲ့ ၇င် ဆိုင် လိုက်ကြပါ အစိုး၇လူကြီးမင်းများ
ခင် ဗျာ ဘာသာ သာသနာ ကိုယ့်တိုင်း ပြည် ကိုယ်လူမျိုး
အတွက်ဘဲ

HEY FUCK SU ,, WHERE R U?

All right ! So good !

ဗမာ့သွေးကို ပြလိုက်ကျစမ်းပါ
ခေါင်းဆောင်ကြီးတို့  .....

အင် အားကြီးတဲ့ သူက
အားနဲသူကို နိုင် တယ်ဆိုပေမယ့် .....

ခေါင်းငုတ်နေရမယ့် အချိန်မဟုတ်တော့ပါဘူး
USAကိုလဲ စော်သင့်ရင် စော်ရပါလိမ့်မယ်
ကမ္ဘာ့နိုင် ငံ အသီးသီးက သူတို့ ထက်
အင် အားကြီးလာမှာကို မလိုလားတဲ့
နိုင် ငံဟာ USA

သူတို့ လုပ်လိုက်တာက ပြု့ လုပ်သူအတွက်
မ ပြောပ လောက်ပေမယ့် ခံရသူအတွက်တော့
အကြီးကြီးပါဘဲ .... သွေးထိုးပေသလို
မီးလောင် ရာ လေပင့်လိုက်တာပါ.....
နိုင် ငံ နဲ့ လူမျိုး အတွက် ပြန်ချေပသင့်ရင်
ချေပလိုက်ကျပါ လူကြီးမင်းတို့ ....

အာဇာနည် ဗုဒ္ဓဘာ သာ အ မျိုးသား တိုင်းပြည် အဲဒါ မြန်မာ ပြည် ပဲ

လုပ် လိုက် ကြ စမ်းပါ လူကြီးမင်းတို့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်