Subscribe to our RSS Feed

SingTel က မြန်မာနိုင်ငံတွင် ဝန်ထမ်းများခေါ်ယူ

From : ..planet

စင်္ကာပူအခြေစိုက် SingTel သည် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိပါက မြန်မာနိုင်ငံတွင် ပထမတစ်နှစ်အတွင်း ဝန်ထမ်း ၁,၀၀၀ ခန့်ထားရန် ရည်ရွယ်ထား
SingTel က မြန်မာနိုင်ငံတွင် ဝန်ထမ်းများခေါ်ယူ
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရန် အဆိုပြုလျှောက်ထားသည့် နိုင်ငံခြားကုမ္ပဏီတစ်ခုဖြစ်သည့် SingTel သည် ဝန်ထမ်းခေါ်ယူမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။ စင်္ကာပူအခြေစိုက် SingTel သည် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိပါက မြန်မာနိုင်ငံတွင် ပထမတစ်နှစ်အတွင်း ဝန်ထမ်း ၁,၀၀၀ ခန့်ထားရန် ရည်ရွယ်ထားသည်။ ဝန်ထမ်းစီမံခန့်ခွဲမှု၊ အရောင်းဌာန စသည်နေရာများအတွက် ဝန်ထမ်းခေါ်ယူမှုများကိုလည်း SingTel က ပြုလုပ်ထားသည်။

singtel

(SingTel တွင် အလုပ်လုပ်ရန် လာရောက်လျှောက်ထားသူများ)

SingTel သို့ အလုပ်လာရောက်လျှောက်ထားသူ အချို့အား မေးမြန်းမှုအရ အခွင့်အလမ်းနှင့် မြင့်မားသည့် လုပ်ခလစာ ရရှိနိုင်မှု၊ စင်္ကာပူတွင် SingTel ဝန်ဆောင်မှုများ အောင်မြင်မှု စသည့်အချက်များကို လျှောက်ထားသူများက စိတ်ဝင်စားကြကြောင်း Chennel NewsAsia သတင်းက ပြောကြားသည်။ SingTel တွင် အလုပ်လျှောက်ထားသူအချို့မှာ network engineer, software developer စသည့် နေရာများကို စိတ်ဝင်စားကြပြီး ၎င်းတို့အနေဖြင့် အမေရိကန်ဒေါ်လာ ၆၀၀ မှ ၁,၀၀၀ ကြား လုပ်ခလစာ ရရှိရန် မျှော်လင့်ကြကြောင်း Channel NewsAsia တွင် ဖော်ပြသည်။

အခြား ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Digicel ကလည်း မြန်မာနိုင်ငံတွင် ဝန်ထမ်းခေါ်ယူမှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရန် ယှဉ်ပြိုင်နေကြသည့် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီ ၁၁ ခုရှိပြီး Digicel, Telenor, MTN, Axiata, SingTel, Fance Telecom Orange, Tel စသည့်ကုမ္ပဏီများ ပါဝင်သည်။ ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီ ၂ ခုကို ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
 
 
.. www.MyanmarExpress.net
 

2 comments:

Myanmar must zero%786.
Start now.
No kalar no problems.

ma a loe a soe ya. they gave license to Qatar ka lar.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်