Subscribe to our RSS Feed

အာဖဂန်သမ္မတနန်းတော်အား တာလီဘန်တို့ တိုက်ခိုက်

From : ..planet

တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့များသည် ကဘူးလ်မြို့တော်ရှိ သမ္မတ နန်းတော်နှင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံ အချို့ကို ပစ်ခတ်ခဲ့ကြောင်း မျက်မြင်များက ဆိုသည်
အာဖဂန်သမ္မတနန်းတော်အား တာလီဘန်တို့ တိုက်ခိုက်
အာဖဂန်နစ္စတန် နိုင်ငံတွင် သမ္မတ၏ နန်းတော် အဆောက်အအုံကို တာလီဘန်များက ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့များသည် ကဘူးလ်မြို့တော်ရှိ သမ္မတ နန်းတော်နှင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံ အချို့ကို ပစ်ခတ်ခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ အင်္ဂါနေ့ နံနက်ပိုင်းက ဖြစ်ပွားသော တိုက်ပွဲများအတွင်း အမေရိကန် ထောက်လှမ်းရေးဌာန CIA၏ အာဖဂန်အခြေစိုက် ဌာနချုပ်ပါ ပါဝင်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ Ruetersက ဒေသစံတော်ချိန် နံနက် (၆)နာရီခွဲမျှတွင် အနည်းဆုံး လူတစ်ဦးသည် အော်တိုမက်တစ် မောင်းပြန်ရိုင်ဖယ်ဖြင့် နန်းတော်ရှေ့ လုံခြုံရေးဂိတ်ကို စတင်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

afghanistan

ဖြစ်စဉ်အတွင်း သမ္မတ ဟာမစ်ကာဇိုင်း အနေဖြင့် နန်းတော်တွင် ရှိမရှိ တိတိကျကျ မသိရသေးချေ။ သို့သော်လည်း နံနက်(၉)နာရီတွင် နန်းတော်၌ သတင်းစာရှင်းလင်းပွဲ တစ်ခုကို တက်ရောက်ရန် ကာဇိုင်းက စီစဉ်ထားသည်။ ထို့နောက် ပေါက်ကွဲသံအချို့ကိုလည်း ကြားခဲ့ရပြီး အနီးပတ်ဝန်းကျင်ရှိ ကျောင်းများသို့ နံနက်စောစော ကျောင်းတက်ရန် သွားရောက်နေသည့် ကျောင်းသူကျောင်းသားလေး အချို့ပါ ပဋိပက္ခကြားတွင် ခေတ္တ ပိတ်မိနေခဲ့သည်။ တာလီဘန်တို့က နောက်ပိုင်းတွင် ယင်းကိစ္စကို မိမိတို့ လုပ်ဆောင်ကြောင်း ကဘူးလ်ရှိ သတင်းဌာနများထံ Text Messageဖြင့် အကြောင်းကြား အသိပေးခဲ့သည်။

တာလီဘန် ပြောရေးဆိုခွင့်ရ အရာရှိ ဇာလီဟူလာ မူဂျာဟစ်က "ဒီနေ့ မနက် (၆)နာရီခွဲမှာ အသေခံ ဗုံးခွဲသမား တချို့ဟာ သမ္မတ နန်းတော်၊ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ အေရီရာနာ ဟိုတယ်တို့ကို တိုက်ခိုက်ခဲ့တယ်"ဟု ဆိုသည်။ အေရီရာနာ ဟိုတယ်သည် CIAရုံးစိုက်သည့် အဓိက ဌာနနေရာအဖြစ် လူသိများသည်။ မျက်မြင်များက တိုက်ခိုက်မှုများအပြီး ပတ်ဝန်းကျင်တွင် မီးခိုးများ မှုန်မှိုင်းထူထပ်နေသည်ကို တွေ့မြင်ရကြောင်း ပြောကြားခဲ့သည်။ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သေနတ်သမားများသည် အနီးအနားရှိ အဆောက်အအုံများကိုပါ ယာယီစီးနင်းပြီး ၎င်းတို့၏ ပစ်မှတ်များကို ဦးတည် တိုက်ခိုက်ခဲ့သေးကြောင်းလည်း သတင်းထောက်များထံ ပြောဆိုသွားသည်။
.. www.MyanmarExpress.net
 

6 comments:

It all r muslim. The whole of thw world they r creating wars. Not all muslims r terrorist. But all terrorist r muslims. Where is fuck human right watch, quantenna and nobels prize holders supporter to human right watch. Where all r they? Stupid stupid stupid. They all r lier lier lier.

If you think kalar is peaceful, take a look at this website. It will show their world.
www.thereligionofpeace.com

Where is Far The Ma Hannah Beech?

YES. QUANTTENNA, NOBEL PRIZE WINNERS, HUMAN-RIGHTS WATCH ARE LIARS. AMERICANS, BRITISH, ALL WHITE KALARS ARE LIARS. WOLVES IN SHEEP CLOTHES.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်