Subscribe to our RSS Feed

ဗုဒ္ဓဘာသာနှင့် တိုက်ရိုက်ဆက်စပ်ခြင်း မရှိသည့် ဘင်္ဂါလီများ စိမ့်ဝင်မှုနှင့်လည်း ချိတ်ဆက်ဖော်ပြခဲ့ပြီး ၎င်းတို့၏ အဓိက ရည်ရွယ်ချက်သည် ဗုဒ္ဓဘာသာကို နိမ့်ကျအောင် ရည်ရွယ်ထားခြင်း ဖြစ်သည်

From : ..eleven




၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ထွက်ရှိမည့် TIME မဂ္ဂဇင်းတွင် Hannah Beech ရေးသားသော "ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါ" ဟု အဓိပ္ပာယ်ရသည့် ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ပါသည်။ ယင်းဆောင်းပါးတွင် ဖော်ပြထားချက်များသည် ဦးဝီရသူကို ဆိုလိုခြင်းထက် ဗုဒ္ဓဘာသာကို ငြိမ်းချမ်းသော ဘာသာတရားအဖြစ်မှ အစွန်းရောက် အစ္စလာမ်များနှင့် တန်းတူထားကာ အစွန်းရောက် ဘာသာတစ်ခုအဖြစ် ရည်ညွှန်းထားခြင်း ဖြစ်သည်။ ထိုအတွက် ထိုင်းနိုင်ငံ၊ သီရိလင်္ကာ နိုင်ငံများတွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ပတ်သက်သည့် ဖြစ်စဉ်များကိုလည်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် တိုက်ရိုက်ဆက်စပ်ခြင်း မရှိသည့် ဘင်္ဂါလီများ စိမ့်ဝင်မှုနှင့်လည်း ချိတ်ဆက်ဖော်ပြခဲ့ပြီး ၎င်းတို့၏ အဓိက ရည်ရွယ်ချက်သည် ဗုဒ္ဓဘာသာကို နိမ့်ကျအောင် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဘာသာတရား တစ်ခုကို နိမ့်ကျအောင် ချိုးနှိမ်လုပ်ဆောင်ရာတွင် အစ္စလမ်ဘာသာ၌ သေဒဏ်အထိ အပြစ်ပေးခြင်း၊ ကန့်ကွက်ခြင်းများ ပြင်းပြင်းထန်ထန် ပြုလုပ်လေ့ ရှိပါသည်။ သို့သော်လည်း ယခုကဲ့သို့ ဗုဒ္ဓဘာသာကို ချိုးနှိမ်ရေးသားမှုများ အတွက်ကိုမူ ဗုဒ္ဓဘာသာသည် မည်မျှသိမ်မွေ့၊ ငြိမ်းအေးသော ဘာသာတရားဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်များက ပြသရမည် ဖြစ်သည်။ TIME မဂ္ဂဇင်းကဲ့သို့ သြဇာတိက္က မရှိသော မဂ္ဂဇင်း တစ်စောင်အနေဖြင့်လည်း ဘာသာတရား တစ်ခုအား ယခုကဲ့သို့ ချိုးနှိမ်ရေးသားခြင်းမျိုး ပါဝင်သည့်အတွက် ကျင့်ဝတ်နှင့် လျော်ညီခြင်း ရှိမရှိ မေးခွန်းထုတ် ဆန်းစစ်ရမည် ဖြစ်သည်။ များမကြာမီ ကာလက TIME မဂ္ဂဇင်းနှင့် အလားတူ သြဇာကြီးမားသော မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် NewsWeek မဂ္ဂဇင်းသည် ရပ်တည်ရန် ငွေကြေးအခက်အခဲများ ကြုံတွေ့ခဲ့ရပါသေးသည်။ ထို့ကြောင့် ယခုကဲ့သို့ TIME မဂ္ဂဇင်း၏ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ နှိမ်ချရေးသားမှုများ၏ နောက်ကွယ်တွင် မည်သည့်အကြောင်း တရားများနှင့် ဈေးကွက်မဟာဗျူဟာ ရှိနေသည်ကလည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ယခုဆောင်းပါးကို ရေးသားခဲ့သူ Hannah Beech သည် မကြာသေးမီက သမ္မတ အပါအ၀င် မြန်မာအစိုးရ ထိပ်ပိုင်းတာဝန်ရှိသူ အချို့နှင့် တွေ့ဆုံမေးမြန်းခွင့် ရဖူးသူလည်း ဖြစ်သည်။ သို့သော် ၎င်းယခု ရေးသားခဲ့သည့် ဆောင်းပါးတွင်မူ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခအသွင် ပြဿနာရပ်များမှာ နောက်ကွယ်တွင် မည်သည့်အကြောင်းတရားများကြောင့် ဆိုသည်ကို ထည့်သွင်းရေးသားခဲ့ခြင်း မရှိဘဲ ဗုဒ္ဓဘာသာကိုသာ လက်ညှိုးထိုးခဲ့ကာ သေးသိမ်အောင် ရေးသားခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်များအကြား ဘာသာရေး မတူညီမှုကြောင့် ဖြစ်ပွားခဲ့သော စစ်ပွဲအဖြစ် ရေးသားထားသလို ဘင်္ဂါလီ ပြဿနာသည်လည်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်တို့အကြား ဖြစ်ပွားသည့် ပဋိပက္ခအဖြစ် ရေးသားထားသည်။ ဆောင်းပါးတစ်ခုလုံးကို ခြုံငုံသုံးသပ်ပါက မျှတမှု မရှိခြင်း၊ ကျင့်ဝတ်နှင့် မညီခြင်းများ ရှိနေရာ ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများပြည်သူအကြား ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ကာ တောရောမြို့ပါ ကြေကွဲစရာ၊ ပေါက်ကွဲစရာများ ဖြစ်လာနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော ငြိမ်းအေးခြင်းကို မမေ့မလျော့ဘဲ ဥပဒေဘောင် အတွင်းကသာ ငြိမ်းငြိမ်းချမ်းချမ်း တုံ့ပြန်သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။
 

.. www.MyanmarExpress.net
 

3 comments:

Hannah Beech insulted the whole Buddism
after getting financial support from
OIC.Fuck son of bitch.

ကလောင်လက်နက် လုပ်မနေနဲ့
ပြည်တွင်းက ကုလားတွေကို ရရာလက်နက်ကိုင်ပြီး အပြတ်ဆော်ကြ

HANNA BEECH IS HANNA BITCH A BITCH THAT HAS NO DEFINABLE BREED. SHE APPEARS TO BE FATHERED BY MANY MEN WHO SLEPT WITH HER MOTHER.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်