From :
..planet
စင်္ကာပူနိုင်ငံတွင် မီးခိုးငွေ့များ
ဖုံးလွှမ်းမှုသည် စိုးရိမ်ရသည့် အခြေအနေထိ ဆက်ရှိနေဆဲဖြစ်ကြောင်း သတင်းများက
ဖော်ပြခဲ့သည်။ လေထုညစ်ညမ်းမှု ညွှန်ကိန်းအဖြစ် တိုင်းတာသော PSI ယူနစ်သည်
စင်္ကာပူအချိန် ကြာသပတေးနေ့ (ဇွန်လ ၂၀ ရက်) မွန်းလွဲ ၁ နာရီခန့်က 371တွင်
ရှိနေကြောင်း ပညာရှင်များက ဆိုသည်။ ယင်းသည် PSI ယူနစ် 198မှ
လျင်လျင်မြန်မြန် မြင့်တက်လာခြင်းလည်း ဖြစ်သည်။ မကြာသေးခင် နာရီပိုင်းက PSI
သတ်မှတ်ချက် ယူနစ် 299ရှိကြောင်း ကြေညာပြီး မကြာမီမှာပင် ဆက်လက်
မြင့်တက်လာခြင်းဟု သိရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော
တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးငွေ့များသည်
လေစီးကြောင်းနှင့်အတူ စင်္ကာပူသို့ ပါရှိလာပြီး လေထုညစ်ညမ်းစေသော
မြူများအဖြစ် အုံ့ဆိုင်းနေခြင်း ဖြစ်သည်။
မလေးရှားရှိ ဒေသအချို့တွင်လည်း အလားတူ အခြေအနေ ကြုံနေရသည်။ ကြာသပတေးနေ့ နံနက်ပိုင်းတွင် PSIအဆင့်ကို 122ဟု သတ်မှတ်ထားရာမှ မြင့်တက်လာခြင်း ဖြစ်သည်။ PSIအဆင့် 300သည် အလွန်အန္တရာယ်ကြီးသည့် လေထုညစ်ညမ်းမှုဟု ညွှန်ပြသည်။ စင်္ကာပူတွင် ဖုံးလွှမ်းနေသော မီးခိုးမြူများသည် ဗုဒ္ဓဟူးနေ့တွင် ဘေးမကင်းသည့် အဆင့်သို့ စတင်ရောက်ရှိလာသည်။ ယမန်နေ့ ညပိုင်းက စင်္ကာပူ လေထု၏ PSI ယူနစ်သည် ကြောက်ခမန်းလိလိ မြင့်တက်ကာ 321ထိ ရောက်ရှိခဲ့သေးသည်။ ယင်းအခြေအနေတွင် စင်္ကာပူနှင့် အင်ဒိုအစိုးရတို့သည် ပိုမိုဆိုးရွားလာနိုင်သော လေထုညစ်ညမ်းမှု အလားအလာအတွက် ဆွေးနွေးတိုင်ပင်ရန် ပြင်ဆင်နေကြောင်းလည်း သတင်းများက ဆိုသည်။
စင်္ကာပူရှိ လေကြောင်း သယ်ယူပို့ဆောင်ရေး တာဝန်ရှိသူများကလည်း လေထုမှုန်ဝါးမှု ပိုမို ဆိုးရွားလာမည်ကို စိုးရိမ်ကြောင်း ပြောကြားထားသည်။ စင်္ကာပူတွင် လေကြောင်း ထိန်းချုပ်မှု ဌာနသည် လေယာဉ် ခရီးစဉ်များ ပျံသန်းထွက်ခွာမှုကို ယခင်ကထက် အချိန်ခြား လုပ်ဆောင်ရန် ညွှန်ကြားနေရသည်။ စင်္ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း အိမ်အပြင်ဘက်တွင် ကာလရှည်ကြာ အလုပ်လုပ်ရသူများ အနေဖြင့် မျက်နှာဖုံးတပ်ရန် တိုက်တွန်းထားကြောင်း သိရှိရသည်။
.. www.MyanmarExpress.net
လေထုညစ်ညမ်းမှု ညွှန်ကိန်းအဖြစ် တိုင်းတာသော PSI ယူနစ်သည် စင်္ကာပူအချိန်
ကြာသပတေးနေ့ (ဇွန်လ ၂၀ ရက်) မွန်းလွဲ ၁ နာရီခန့်က 371တွင် ရှိနေကြောင်း
ပညာရှင်များကဆိုသည်။
မလေးရှားရှိ ဒေသအချို့တွင်လည်း အလားတူ အခြေအနေ ကြုံနေရသည်။ ကြာသပတေးနေ့ နံနက်ပိုင်းတွင် PSIအဆင့်ကို 122ဟု သတ်မှတ်ထားရာမှ မြင့်တက်လာခြင်း ဖြစ်သည်။ PSIအဆင့် 300သည် အလွန်အန္တရာယ်ကြီးသည့် လေထုညစ်ညမ်းမှုဟု ညွှန်ပြသည်။ စင်္ကာပူတွင် ဖုံးလွှမ်းနေသော မီးခိုးမြူများသည် ဗုဒ္ဓဟူးနေ့တွင် ဘေးမကင်းသည့် အဆင့်သို့ စတင်ရောက်ရှိလာသည်။ ယမန်နေ့ ညပိုင်းက စင်္ကာပူ လေထု၏ PSI ယူနစ်သည် ကြောက်ခမန်းလိလိ မြင့်တက်ကာ 321ထိ ရောက်ရှိခဲ့သေးသည်။ ယင်းအခြေအနေတွင် စင်္ကာပူနှင့် အင်ဒိုအစိုးရတို့သည် ပိုမိုဆိုးရွားလာနိုင်သော လေထုညစ်ညမ်းမှု အလားအလာအတွက် ဆွေးနွေးတိုင်ပင်ရန် ပြင်ဆင်နေကြောင်းလည်း သတင်းများက ဆိုသည်။
စင်္ကာပူရှိ လေကြောင်း သယ်ယူပို့ဆောင်ရေး တာဝန်ရှိသူများကလည်း လေထုမှုန်ဝါးမှု ပိုမို ဆိုးရွားလာမည်ကို စိုးရိမ်ကြောင်း ပြောကြားထားသည်။ စင်္ကာပူတွင် လေကြောင်း ထိန်းချုပ်မှု ဌာနသည် လေယာဉ် ခရီးစဉ်များ ပျံသန်းထွက်ခွာမှုကို ယခင်ကထက် အချိန်ခြား လုပ်ဆောင်ရန် ညွှန်ကြားနေရသည်။ စင်္ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း အိမ်အပြင်ဘက်တွင် ကာလရှည်ကြာ အလုပ်လုပ်ရသူများ အနေဖြင့် မျက်နှာဖုံးတပ်ရန် တိုက်တွန်းထားကြောင်း သိရှိရသည်။
.. www.MyanmarExpress.net
Posted in: ကမ္ဘာ့သတင်း
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်