Subscribe to our RSS Feed

ရန်ကုန်ဆိပ်ကမ်းအား နိုင်ငံခြား သင်္ဘောများ ပိုမို ၀င်ရောက်နိုင်ရန် အဆင်မြှင့်တင်မှုများ ပြုလုပ်သွားမည်



ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ဆိပ်ကမ်းများ အဆင့်မြှင့်တင်မှုများ ပြုလုပ် လျက်ရှိရာ ယခုအခါ နိုင်ငံခြား သင်္ဘောကြီးများ ပိုမို ၀င်ရောက် နိုင်ဖို့အတွက်ဆိပ်ကမ်းများကို နိုင်ငံတကာ အဆင့်မီ မြှင့်တင်မှုများ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုအခါ မြန်မာနိုင်ငံဟာ နိုင်ငံတကာနှင့် ကုန်သွယ်မှုများ တိုးတက် လာတာနဲ့အမျှ ရန်ကုန် ဆိပ်ကမ်းဟာ အဓိက ဆိပ်ကမ်းဖြစ်ပြီး သွင်းကုန်၊ ပို့ကုန် အားလုံးရဲ့ ၉၀ ရာခိုင်နှုန်း ၀န်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။
ယခုအခါ ရန်ကုန် ဆိပ်ကမ်းကို အလျား ၁၆၇ မီတာ၊ ရေစူး ၉ မီတာရှိပြီး ကုန်တန်ချိန် တစ်သောင်း ငါးထောင် တင်ဆောင်နိုင်တဲ့ သင်္ဘောကြီးများ ၀င်ထွက်ဆိုက် နိုင်တဲ့ အတွက် နှစ်စဉ် နိုင်ငံတကာမှ ကုန်သင်္ဘောများ ၀င်ထွက် ဆိုက်ရောက်မှု တဖြည်းဖြည်း မြင့်တက် လာလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန် ဆိပ်ကမ်းမှာ ဆိပ်ခံတံတား များကိုလည်း တိုးချဲ့ တည်ဆောက်မှုများ ပြုလုပ်မှာ ဖြစ်ပြီး ယခု လောလောဆယ်မှ ဗိုလ်တစ်ထောင်၊ ထီးတန်း၊ အလုံ၊ ဆူးလေ၊ ဗိုလ်အောင်ကျော်၊ သာကေတ စတဲ့ ဆိပ်ခံတံတားများ ရှိနေတဲ့ အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပုဂ္ဂလိက ဆိပ်ခံတံတား များနဲ့ မြန်မာ့စက်မှု ဆိပ်ခံတံတားလည်း ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
.. www.MyanmarExpress.net
 

2 comments:

Myanmar Expressကို အား ပေ: နေပါတယ်။

htat sa` chin lo sa` tal nout ta kar lee pa` kwar

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်