From :
..
ရခိုင်ပြည်နယ် ပဋိပက္ခအရေး၊ တိုင်းရင်းသား လက်နက်ကိုင်များ အရေးနှင့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခ အချို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီး နောက်ကြောင်း ပြန်လှည့်နိုင်ကြောင်း ဝေဖန်ခံနေရ ချိန်တွင် မြန်မာ့နိုင်ငံရေး နောက်ကြောင်း ပြန်မလှည့်စေရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တာဝန်ယူကြောင်း ယင်းပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။
နေပြည်တော်တွင် ဇွန်လ ၂၄ ရက် နေ့၌ ကျင်းပသည့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ မတည်ထောင်ခင်ကတည်းက ဒီမိုကရေစီစနစ်ကို လိုလိုချင်ချင်ဖြင့် ကြိုးစား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပါတီထဲမှာ နောက်ကြောင်း ပြန်မယ့် သူတွေ ရှိခဲ့ရင်တောင် ပြန်မလှည့်နိုင်အောင် ကာကွယ်မယ်။ မလုပ်နိုင်အောင် လုပ်ရမယ်” ဟု ၎င်းကဆိုသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အနေနှင့် ရှေ့တွင် မည်သို့ ကောင်းအောင် ဆက်လက် ဆောင်ရွက်ရမည်ကိုသာ စဉ်းစားနေပြီး နိုင်ငံနှင့် ပြည်သူအတွက် မည်သို့ ကောင်းအောင် ဆောင်ရွက် ရမည်ကိုသာ အစဉ်တစိုက် ဦးတည်နေကြောင်း ဦးဌေးဦးက ပြောကြားသည်။
မြန်မာ့နိုင်ငံရေး နောက်ကြောင်းပြန် မလှည့်ရန် ပြည်ခိုင်ဖြိုးပါတီတွင် အဓိက တာဝန်ရှိပြီး ပြည်သူများနှင့် နောက်ကြောင်း ပြန်လှည့်စေရန် ပြောဆိုနေသူများတွင်လည်း တာဝန်ကြီးကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းက ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်နှင့် တွေ့ဆုံစဉ် ပြောကြား ထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံစဉ် မိမိတို့ အစိုးရအဖွဲ့ အနေနှင့် နောက်ကြောင်း ပြန်လှည့်မည် မဟုတ်ကြောင်း ကတိပြု ပြောကြားထားသည်။
.. www.MyanmarExpress.net

4 comments:
WHO WANTS TO TURN BACK? MEDIA BULL SHITS LIKE THE VOICE, BBC, VOA, DVB, RFA, ETC AND OF-COURSE MUT SI KYI AND NDL AND THEIR COLLABORATORS.
WHY?
ONLY THEN THEY GOT BACK TO THE YEAR 1990 AND MUT SU KYI BECOMES PRESIDENT, WIN TIN PRIME MINISTER, MUT KO NAING EDUCATION MINISTER, MUT ZAR GANAR CULTUURAL MINISTER, MYA AYE ISLAM MINISTER. OTHERS THE READERS CAN THINK BY THEMSELVES.
ဝင်းတင်စောက်ရူး ထောင်အင်္ကျီမချွတ်တမ်းဝတ်ပြီး နောက်ပြန်လှည့်ချင်နေတာ
ဘယ် သူ မှ အာ ဏာ မ လို ချင် တော့ ဘူး။ အ နောက် နိုင် ငံ တွေ နဲ့ ဆက် ဆံ ပြီး နိုင် ငံ စီး ပွား ရေး ကို ဘဲ ထူ ထောင် ချင် တော့ တာ။ တ ရုတ် ကို အား ကျ တာ ပေါ့။ ဒေါ် အောင် ဆန်း စု ကြည် နဲ့ NLD တွေ ဘဲ အာ ဏာ ရူး ရူး နေ တာ
IN ORDER NOT TO TURN BACK,IT IS IMPERATIVE TAT MA DAW MUST BE IN PARLIAMENT AND MUT SU KYI MUST NOT BE PRESIDENT.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်