Subscribe to our RSS Feed

ကျောင်းခေါ်ချိန် မပြည့်သည့် ကျောင်းသားကို စာမေးပွဲဖြေခွင့်ပေးသည့် ဆရာ၊ ဆရာမများ အရေးယူခံရမည်



ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီခြင်းမရှိသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများကို စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့်ပြုသည့် ဆရာ၊ ဆရာမများအား ရာထူးလျှော့ချသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။ “ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်အောင် ကျောင်းတက်ရပါမယ်။ စာမေးပွဲ မဖြေခင်လအထိတော့ ကျောင်းမတက်ကြတာ မှန်ပေမယ့် အောက်တိုဘာ၊ နိုဝင်ဘာလအထိ ကျောင်းခေါ်ချိန်မှန်ပြီး ၇၅ ရာခိုင်နှုန်း ပြည့်နေတဲ့ ကျောင်းသားက စာမေးပွဲဖြေခွင့် ရှိတယ်။ တချို့ကျောင်းသားတွေ ၇၅ ရာခိုင်နှုန်း မပြည့်ဘဲ ၆၀ တို့၊ ၆၅ ရာခိုင်နှုန်းလောက်ပဲ ရှိနေတာ စစ်ဆေးတွေ့ရရင် ပြန်ပြီး ပယ်ဖျက်ရတာတွေ ရှိတယ်” ဟု အဆိုပါ အဆင့်မြင့်အရာရှိက ပြောသည်။ တချို့သော တက္ကသိုလ်ဝင်တန်း ကျောင်းသားများသည် ကျောင်းများထက် ကျူရှင်များကို ဦးစားပေး တက်ရောက်ကြပြီး ကျောင်းခေါ်ချိန် ပြည့်မီရန် ဆရာ၊ ဆရာမများနှင့် နားလည်မှုယူကာ စာမေးပွဲ ဝင်ရောက် ဖြေဆိုခြင်းများ ရှိနေသည့်အပေါ် အဆိုပါအရာရှိကြီးက ညွှန်းဆိုပြောကြားလိုက်ခြင်း ဖြစ်သည်။ “တချို့ကျောင်းသား တစ်ယောက်စ၊ နှစ်ယောက်စတော့ ရှိကောင်းရှိမယ်။ နယ်တွေမှာတော့ ဒီလိုမျိုးတွေ မရှိကြဘူး။ အဲဒီလိုမျိုး ကျောင်းသားနဲ့ ဆရာကြား မသမာမှုတို့၊ ဘက်လိုက်မှု၊ လာဘ်စားမှုတွေကို စစ်ဆေးတွေ့ရှိရရင် ပြစ်မှုကျူးလွန်တဲ့ အတိုင်းအတာအထိ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းကို ပြောင်းရွှေ့မိန့်ကနေ ရာထူးချတဲ့အထိ အပြစ်ပေးခံရမယ်” ဟု ယင်းအဆင့်မြင့် အရာရှိက ဆက်လက်ပြောသည်။ ယင်းကျောင်းခေါ်ကြိမ် ပြည့်မီခြင်း မရှိသည့် ကိစ္စရပ်များသည် ယခင်ကတည်းက ရှိနေပြီး ယခုအချိန်တွင်လည်း ဆက်လက်ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။

 .. www.MyanmarExpress.net
 

5 comments:

ဆရာ ဆရာမ ပဲ အရေးယူဖို့ စဉ်းစားကြ သလား?

ကျောင်းသားကို ဘယ်လို ထိမ်းမလဲ?

ပုဂလိကကျောင်းတွေကျ ဘယ်လိုလုပ်မလဲ

ဒါတွေက မိဘတွေရဲ့ တာဝန်ပါ ဆရာ ဆရာမတွေနဲ့ မဆိုင်ပါဘူး ကျောင်းပျက်ရင် ကျောင်းသားကို အရေးယူ ရမယ် အပြင်ကျုရှင်တွေကိုလည်း အရေးယူသင့်တယ် ဆရာ ဆရာမတွေက နိုင့်ငံတာဝန်ကို ထမ်းဆောင်နေကြ သူပါ အမှားပါရင်sorryပါ

မိဘ ဆရာ ကျောင်းသားဟန်ချက်ညီမျှအောင် တာဝန် ရှိသူတွေ စဉ်းစားသင့်ပါတယ် ထစ်ဆို ဆရာ ဆရာ တွေ အ ရေး ယူဘို့ စဉ်းစားမှာနဲ့စာရင် ဒို့ ဆရာ ဆရာမ တွေကို ဘယ်လို ပံ့ ပိုပေးရမလဲဆိုတာ စဥင်္ံးစားတာ ပို သင့်တော် ပါတယ်ဗျာ ဆန် ရင်း နာ နာဖွတ်ဆိုတာဘေးဖယ်ပြီး ဖိတ်ချင်းဖိတ် ကို့ အိတ်ထဲဖိတ်ဆိုတဲ့ စကားလုံးလေးသုံးလိုက် ရင် ဆရာ ဆရာမ တွေ အစဉ်ပြေသွားမှာပါ YM

ကျောင်းခေါ်ကြိမ်ဆိုတာကလည်းအတန်းပိုင်လက်ထဲမှာ သူတို့ဆီမှာ ကျူရှင်တက်လို့ကတော့လပတ်အမှတ်ကဖြေစရာမလိုပဲပြည့်အောင် လက်ဆောင်ပေးနေပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်