Subscribe to our RSS Feed

ဒေသလုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် KIA အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ

From : ..http://www.kachindailynews.com/2013/06/kia_25.html


ယမန်နေ့ မနက်ပိုင်းက လွယ်ဂျယ်မှ ကောင်းဆာ ကျေးရွာ အ၀င်လမ်း အနီးတစ်ဝိုက်၌ KIA အဖွဲ့တစ်ဖွဲ့မှ မိုင်းရှင်းလင်းရေး ပြုလုပ်နေစဉ် ဒေသ လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် KIA အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ ခဲ့ ကြောင်း ကောင်းဆာရွာသားတစ်ဦးက ပြောသည်။

အဆိုပါနေရာ၌ မိုင်းရှင်းလင်းနေရးပြုလုပ်စဉ် ၀ါယာကြိုးဖြင့် ထောင်ထား သောဒေသလုပ်မိုင်း ၁ လုံး အား တွေ့ရှိရာ KIA အဖွဲ့ဝင်တစ်ဦးသည် ၀ါယာ ကြိုးအား ဖြတ်တောက်ခြင်းမပြုဘဲ ဓာတ်ခဲအားကုန်နေ သည်ဟု ယူဆ၍ ၀ါယာကြိုးအား သံညှပ်ဖြင့် ဆွဲထုတ်လိုက်စဉ် ပေါက်ကွဲခဲ့သဖြင့် ၎င်း၏ လက်မောင်းနှင့် မျက်နှာတို့တွင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းမိုင်းရှင်းလင်းရာတွင်ပါဝင်သည့် ကောင်းဆာ ရွာသားတစ်ဦး၏   ပြောပြချက် အရ သိရသည်။

ဒဏ်ရာရရှိသော KIA အဖွဲ့ဝင်အား တစ်ဖက်တရုတ်နိုင်ငံ ဂျန်ဖုန်းလမ်း ကြောင်းအတိုင်း ရင်ကျန်းဆေးရုံ သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် မိုင်းဖြစ်စဉ်ဖြစ်ပွားခဲ့မှုကြောင့် မိုင်း ရှင်းလင်း ရေးကို ဆက်လက်လုပ်ဆောင်ခြင်း မပြုတော့ကြောင်း သိရှိရပါသည်။


.. www.MyanmarExpress.net
 

2 comments:

သေ ကုန် ရင် အ ကောင်း ဆုးံ ပါ

သူတို့ ထောင် ထားတဲ့ မို င်း သူတို့  ပြန်ဖော်တာ တစ်ဦးထဲထိတာ နဲ တာပေါ့ လိုင် ဇာတစ် စခန်းလုံး ထိလိုက် ရ မှာ YM

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်