Subscribe to our RSS Feed

အာဏာရ ပြည်ခိုင်ဖြိုးအစိုးရ၏ ထူးချွန်မှုကြောင့် ကိုရီးယားမှ မြန်မာသို့ငါးနှစ်အတွင်း ကန်ဒေါ်လာသန်း ၅၀၀ ချေးမည်

From : ..popular


ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာသို့ ငါးနှစ်တာကာလအတွင်း ကိုရီးယားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရံပုံငွေ(EDCF)မှ ချေးငွေ ကန်ဒေါ်လာ သန်း ၅၀၀ ပေးအပ်မည်ဖြစ်သည်။

ယခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ယင်းချေးငွေကို ပေးအပ်သွားမည့်အကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွင် ရေးသားဖော်ပြထားသည်။

EDCS ကို ကိုရီးယားသမ္မတနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့ကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြင့်တင့်ရန်အတွက် ၁၉၈၇ ခုနှစ်ဇွန် ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မြန်မာသည် ကိုရီးယားနှင့် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်တွင် ယမန်နေ့က ကျင်းပခဲ့သော နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုပူးတွဲကော်မတီ ပထမအကြိမ်အစည်းအဝေး၌ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ၈ ရပ်ဖွံ့ဖြိုးတိုးတတ်မှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုမှတ်တမ်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ကိုရီးယားသမ္မတနိုင်ငံဒုတိယ၀န်ကြီးချုပ်နှင့် မဟာဗျူဟာနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၀န်ကြီး H.E Mr Hyun Oh-Seok တို့က လတ်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။


.. www.MyanmarExpress.net
 

3 comments:

ချစ်တီးဗျုဟာနဲ့ ပြည်သူတွေကိုအတိုးပြန်ြ

ပီးမချေးစေချင်ဘူး

မြန်မာနိုင်ငံကိုတစ်ကယ်ချစ်ရင်အတိုက်အခံပဲဖြစ်ဖြစ်အချင်းချင်းပဲဖြစ်ဖြစ်
ဦးသိန်းစိန်ကိုအကူအညီပေးကြပါမနှောက်ယှက်ကြပါနဲ့ပြည်သူတွေသူ့ကို
ယုံကြည်ကြပါစိတ်ရှည်ကြပါသူဟာခင်ဗျားတို့ဖြစ်ချင်တဲ့ပုံစံကိုငြိမ်းငြိမ်း
ချမ်းချမ်းနဲ့အရောက်ပို့ပေးမယ့်ခေါင်းဆောင်ကောင်းပါတစ်စုံတစ်ရာအ
နှောက်အယှက်မရှိရင်သူတစ်ကယ်အောင်မြင်မှာပါ
မြန်မာပြည်သူများကံကောင်းကြပါစေ

အတိုက်အခံ ခေါင်းဆောင်ကြီး မစ်္စအဲရစ်စုကြည်မှ မြန်မာနိုင်ငံအတွက် ကောင်းရာကောင်းကျိုး ဆောင်ရွက်
ပေးခဲ့တာလေးများ ရှိရင်တင်ပေးပါ ?????????

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်