Subscribe to our RSS Feed

ဆင်းရဲမွဲတေမှု ပပျောက်ရေး အတွက် ကုလသမဂ္ဂ ထောင်စုနှစ် ပန်းတိုင် သတ်မှတ်ပေးရန် နိုင်ငံ အကြီးအကဲများ တောင်းဆို


ကုလသမဂ္ဂ အနေဖြင့် ၂၀၃၀ ခုနှစ်တွင် အလွန်အမင်း ဆင်းရဲမွဲတေမှုများ ပပျောက်ရေး အတွက် ရည်မှန်းချက် ချမှတ် ဆောင်ရွက်သွားရန် ဗြိတိန်နိုင်ငံ ၊ အင်ဒိုနီးရှား နိုင်ငံနှင့် လိုင်ဘေးရီးယား နိုင်ငံ ခေါင်းဆောင် များမှ တိုက်တွန်း ပြောကြားလိုက်သည်။

၂၀၁၅ ခုနှစ်အတွက် ရည်မှန်းချက်ထားခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂ၏ ထောင်စုနှစ် ပန်းတိုင်များတွင် အဆိုပါ အချက်အား အစားထိုး ထည့်သွင်းရန် အင်ဒိုနီးရှား သမ္မတ ဆူစီလိုဘန်းဘန်း ၊ လိုင်ဘေးရီးယား သမ္မတ အီလန်နှင့် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကန်မရွန်တို့မှ စာတမ်းတစ်စောင် ပြုစုကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းထံသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ အဆိုးရွားဆုံး ဆင်းရဲမှုကို လျှော့ချနိုင်ရန် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် ပြောင်းလဲရန် ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရန် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ ထားရှိ သတ်မှတ်ပြီး နိုင်ငံအစိုးရများ အချင်းချင်းမှလည်း လက်တွဲ ပါဝင် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။



.
. www.MyanmarExpress.net
 

12 comments:

It is easy to demand to reduce poverty.
But who will do what?
Who will take this Herculean task of reducing
poverty of which country?
US, UK, EU, Mut Su Kyi?
AAR-LOO, AAR-LOO AAR-LOO
BLAH, BLAH, BLAH
SHIIIIIIT!!!!!!!

အ ဆင် ပြေ ရင် ကောင်း ပါ တယ်

အဆင်ပြေရင် ကောင်းပါတယ်

အဆင်ပြေရင် ကောင်းပါတယ်

အဆင်ပြေ ဖို့ကအဓိကပါ

အဆင်ပြေရင်ပြီးတာပဲ

အဆင်ပြေရင်ကောင်းပါတယ်

အဆင်ပြေပါစေဗျာ

အဆင်ပြေရင်ကောင်းပါတယ်


ှဆင်းရဲသားတွေဆိုပြီးလျှစိလျုရှုလို့မရတဲ့သတင်း ကို ဖြန့်ဝေ ပေးတာပါ ဒီမိုဝေယံမှာ တင် ထားပါ တယ်
လှည်တန်း လမ်းဆုံက လမ်းလျှောက်ဖို့ လမ်းပျောက်နေသူ.. လုပ်သားပြည်သူတဦး..
ယုံချင်ယုံ မယုံချင်နေ လှည်းတန်းလမ်းစုံက အဖြစ်အပျက်လေး... (ပေးစာ)
၇ - ၇ - ၂ဝ၁၃ နေ့ ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နာ ၂ - မှာ လှည်းတန်းလမ်း လူသွားလူလာများတဲ့ လမ်းမကြီးမှာ ပလက်ဖေါင်းတွေ (လုံးဝ) မရှိတော့တာကို ပလက်ဖေါင်းတွေ မရှိတော့ လူတွေ ကားတွေ ကျပ်ညှပ်နေတဲ့ လ်မးမပေါ်ကနေ လျှောက်နေကြရတယ်။ ကားတစ်စီး ဘရိတ်ပေါက် တခုခုချို့ ယွင်းလို့ လူတွေကိုတိုက်မိလဲရင် သည်းထိတ် ရင်ဖို ဖြစ်ရမယ် ရေးထားပါတယ်။
ဓါတ်ပုံကိုတော့ စာမျက်နာအခက်အခဲကြောင့် မတင်ထားလေသလားတော့ မသိဘူး။ စာရေးသူ ဒီလောက်အထိ တင်ပြခွင့်ရတာ ကျေးဇူးတင်မိပါတယ်။

တကယ်ကတော့ ရေးလာတဲ့နေ ကလည်း ( ၇ / ၇ / ၆၂) တက္ကသိုလ်ကျောင်းသားတွေ အသတ်ခံရတဲ့ နစ်- ၅ဝ ရွှေရတုနေ့ မှာ တက္ကသိုလ်ကြီးရဲ့  ပြည်လမ်းခြားထားတဲ့ အခြားတဖက်ခြမ်း အကြောင်း ရေးလာတာလေး တိုက်ဆိုင်နေတာမို့  အထူးသတိထားမိလိုက်ပါတယ်။
စာရေးသူ တင်ပြလာတာကို ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ဒီမိုဝေယံက တဆင့် ဓါတ်ပုံနဲ့ သက်သေထူလိုက်ပါတယ်။ စာရေးသူ ပြောလာတဲ့ လမ်းပေါ်လူတွေလျှောက်နေရတာကို တိတိကျကျ ကွက်ကွက်ကွင်းကွင်းလေး မျက်စေ့ထဲ မြင်လာအောင် ပြောရလျှင် ပလက်ဖေါင်းတွေကို ဆိုင်ရှင်တွေက အခိုင်အမာ ကိုယ်ပိုင်မြေလို့ ကို ခြံခတ်သူကခတ် ဆိုင်နဲ့ ပလက်ဖေါင်းအဆုံးအထိ ခင်းသူကခင်း။ အလှုရှင်ကလဲ မဏ္ဍပ်တိုင်တက် သက်သေပြလိုက်တာ ပလက်ဖေါင်းကိုကျော်ပြီး လမ်းပေါ်အထိပင် ရောက်နေပါသည်။
မကြာခင် ရန်ကုန်တက္ကသိုလ်ကြီး ပြန်ဖွင့်လာပါတော့မည်။ တက္ကသီလာကြီးမှာ ကျောင်းသားတွေနဲ့  အထူးစည်ကားပါတော့မည်။ တက္ကသိုလ်ကျောင်းသားအများစု သွားကြမှာကတော့ လှည်းတန်း။ စာရေးသူပြောတဲ့ လမ်းပေါ်က လူကိုတိုက်မိလျှင် အဲဒီလူဟာ တက္ကသိုလ်ကျောင်းသား ကျောင်းသားအုပ်စုဆိုရင် ဘရိတ်တချက်ပေါက်လိုက်တာနဲ့  မီးဟုန်းဟုန်းတောက် သွားပါမည်။

လှည်းတန်းက (ကမာရွတ်မြို့ နယ်) လူကြီးတွေ ပါတီတွေ အမတ်တွေ ဒီလောက်တော့ ကြိုမြင်သင့်ပါတယ်။ ပြောပြန်ရင်လဲ အောင်းမင်းလိမ်တယ် (အဲ ယောင်လို့  လွန်တယ်) ဖြစ်ဦးမယ်။
လှည်းတန်းက လူတန်းကြီး ပလက်ဖေါင်းဆိုတာ အဘိဓါန်ဖွင်ြ့ပီး စာရိုက်မိတ္တူကူး လမ်းထဲကလူတွေ ဖြန့် ကြပါဦး။ ပြီးတော့ မြန်မာစာဌာန ကို အဘိဓါန်ထဲက (ပလက်ဖေါင်းဆိုတာ ဆိုင်ခင်းဖို့  စည်ပင်ကအပိုင်ရောင်းစားထားတဲ့ ယခင်လူသွားလမ်းလို့) ဘာသာပြန်ကိုပြင်ဆင်ခိုင်းဖို့  ကမ်ပိန်းလုပ်ကြဖို့  လိုနေပြီ။

လမ်းဆုံက ဂျမ်းဗုံ တို့ ရော ပြောကြပါဦး။ မတရားတာတွေ ဘဲမမြင်ပါနဲ့ ဦး ဖြစ်လာမဲ့  ဘေးလဲ မြင်ပါဦး မမဂျမ်း။ ဂျမ်းဗုံလေသံနဲ့ ပြောလိုက်ရလျှင် မကောင်းတော့ဘူး။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ ဟိုအဝှါ ဒီအဝှါ ဟိုအမတ်မင်း ဒီကိုယ်ဆားလဲ ဟိုကိုယ်သကြားလဲ ဆိုလားဘားလား သိပါဘူးအေ အဲဒီလူကြီးတွေ ခေါင်းဆောင်လုပ်နေပြီး ဗိုလ်ချုပမိန့် ခွန်းလေးတောင် မကြားဖူးကြလေသလားမသိဘူး ။


ဟိုဘာတဲ့ ကျုပ်တို့ ရဲ့ ဗိုလ်ချုပ်က အမျှော်အမြင်က ကြီးကြီးဆိုတော့ ..ဒီလိုပြောရတော့ သူတို့ ကိုထိခိုက်နေပြန်ရော။ င်္ဟသတဘက်မှာ လွတ်လပ်ရေးရပြီဆိုပြီး လမ်းမပေါ် ဆေးရိုးတက်လှန်းတာ နမူနာပေးပြောထားတာ ရှိလေလျက်သားနဲ့  နိုင်ငံရေး မှာ ပရောဟိတ်ကြီးတွေလို ဟိုလူဒီလူတွေကို ဆရာလုပ်နေကြတဲ့ ယခုခေတ် ဆားလဲ သကြားလဲတဲ့ လူကြီးတွေများ ပြောပြောချင်ပေါင်တော်။ ဟိုကဆေးရိုးလှန်းတာ ကားသွားလို့  လူသွားလို့ ရပါသေးတယ်အေ။ အခုဟာက ပလက်ဖေါင်းပေါ်တက်လှမ်း အခိုင်အမာ ပိတ်ပြစ်လိုက်တာ။ ဆားလဲတို့  သကြားလဲတို့ ရေ သကြားလဲတာ လူမမိပေနဲ့  ပလက်ဖေါင်းကြီးတခုလုံးကို လဲတာကတော့အေ ပေါ်တင်ကြီးပါ။

ဘယ်လောက်နဲ့ အလဲအထပ်နဲ့ လဲတယ်သာ မသိနိင်နေမယ်။ လဲထားတာကတော့အေ ရှင်းရှင်းကြီးပါ။ လယ်ပြင်မှာ ဆင်သွားသလို ဖင်ကြားမှာ ဆင်ဖြူတော်ကြီးတွေ ညှပ်ထားတာ မြင်နေရပါတယ်။ အဲလေ ယောင်လို့  ဘောင်းလဘီ နောက်ဖင်ကအိတ်ထဲမှာ ဆင်ဖြူတော်တွေမှ အထပ်လိုက်အထပ်လိုက် မြင်နေရပါတယ်တော်။ ဟဲ့ကောင် နင်က ဂျမ်းဗုံ ကိုလိုက်တုနေ ဟိုကလိုက်ချရင် ပြေးပေါက်မှားနေမယ် မကြောက်ဖူးလား။ အမယ် သူက အမေရိကားမှာ ဘော်လီဘောပုတ်လို့ ရလောက်အောင်အထိကျယ်တဲ့  ပလက်ဖေါင်းပေါ် မှာမှ သွားတတ်တဲ့သူပါ။ လှည်းတန်းလို ကားတွေကြား လမ်းလျောက်ရတဲ့ နေရာမျိုးမှာ ငါ့ကိုလိုက်လို့ ကတော့ အမေရိမကားရဘဲ လှည်းတန်းမှာ ကားသွားမှာ မကြောက်ပေါင်တော် လို့ဆိုရလေမလားပဲ။

တော်ရှာပါပေတယ်ဟေ့ တော်ဟေ့လို့ ဆိုရမလောက်အောင် လှည်းတန်းလမ်းပေါ်က အဖြစ်အပျက်တွေကို လာရောက်ကြည့်ရှုလှည့်ပါ.. မမြင်ချင် ယောင်ဆောင်နေတဲ့ အခွန်ရရင် အကုန်ရှောင် စည်ပင်ဝန်ထမ်းများခင်ဗျား..

လှည်တန်း လမ်းဆုံက လမ်းလျှောက်ဖို့ လမ်းပျောက်နေသူ.. လုပ်သားပြည်သူတဦး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်