Subscribe to our RSS Feed

ဆန္ဒပြမှုများအဆုံးသတ်ရန် စစ်တပ်ကို သုံးနိုင်ခြေရှိကြောင်း တူရကီအစိုးရ သတိပေး

From : ..planet

ပန်းခြံတစ်ခုကို ဖျက်သိမ်းပစ်မည့် စီမံကိန်းကို ကန့်ကွက်ရာမှ စတင်ခဲ့ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုကြီး တစ်ခုအဖြစ် ကျယ်ပြန့်လာသော အခြေအနေကို တားဆီးရန် အစိုးရဘက်မှ အမြင့်ဆုံးအဆင့် လုပ်ပိုင်ခွင့်ကို အသုံးပြုလာနိုင်ကြောင်း သတင်းများကဆို

ဆန္ဒပြမှုများအဆုံးသတ်ရန် စစ်တပ်ကို သုံးနိုင်ခြေရှိကြောင်း တူရကီအစိုးရ သတိပေး
လက်ရှိ ဖြစ်ပေါ်နေသော ဆန္ဒပြမှုများကို အဆုံးသတ်ရန် စစ်တပ်ကို မဖြစ်မနေ အသုံးပြုကောင်း ပြုရလိမ့်မည်ဟု တူရကီ အစိုးရက သတိပေး ပြောကြားလိုက်သည်။ ပန်းခြံတစ်ခုကို ဖျက်သိမ်းပစ်မည့် စီမံကိန်းကို ကန့်ကွက်ရာမှ စတင်ခဲ့ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုကြီး တစ်ခုအဖြစ် ကျယ်ပြန့်လာသော အခြေအနေကို တားဆီးရန် အစိုးရဘက်မှ အမြင့်ဆုံးအဆင့် လုပ်ပိုင်ခွင့်ကို အသုံးပြုလာနိုင်ကြောင်း သတင်းများက ဆိုသည်။ တူရကီ သမ္မတ ယီဆက်ပ် တေယစ်ပ် အာဒိုဂန်က မိမိအနေဖြင့် လိုသည်ထက်ပိုသော အခြေအနေမျိုးကို သည်းခံလိုစိတ် မရှိတော့ကြောင်း အစောပိုင်း ကတည်းက ပြောကြားထားသည်။ လတ်တလောတွင် အစိုးရသည် အီစတန်ဘူလ်ရှိ လမ်းမများတွင် စစ်သားများကို အသင့်အနေအထား တပ်စွဲခိုင်းပြီး ဆန္ဒပြသူများကို ဖိအားပေး ခြိမ်းခြောက်လျှက် ရှိသည်။

ရဲတပ်ဖွဲ့သည် အီစတန်ဘူလ်ရှိ ဂါဇီပန်းခြံတွင် အခြေချထားသော သပိတ်စခန်းကို ရှင်းလင်းရန် ကြိုးပမ်းမှုမှာ မအောင်မြင်သေးဘဲ ရှိနေသည်။ တူရကီ ဒုတိယ ဝန်ကြီးချုပ် ဘူလန့် အာရင့်က "ရဲတွေ အနေနဲ့ သူတို့ရဲ့ အခွင့်အာဏာကို သုံးလာရလိမ့်မယ်။ မလုံလောက်သေးဘူးလား။ ဒါဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ တူရကီ လက်နက်ကိုင် တပ်ဖွဲ့တွေကို မြို့ကြီးတွေဆီ စေလွှတ်ရလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ မျက်မြင်များကမူ တက်ဆင်မ်ရင်ပြင်နှင့် ဂါဇီပန်းခြံ အနီးတွင် ရဲများ ဖြန့်ကျက်ထားဆဲ ဖြစ်သလို ဆန္ဒပြသူများ၏ စိတ်ပိုင်းဆိုင်ရာ စူးစိုက်မှု လျော့နည်း ကျဆင်းစ ပြုလာပြီဟု မှတ်ချက်ပြုထားသည်။

တူရကီ ရဲများသည် အချို့နေရာများတွင် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သလို အားပြင်းသော ရေအမြောက်များဖြင့် ပစ်လွှတ်ကာ လူစုခွဲခဲ့သော်လည်း တနင်္လာနေ့တွင် နောက်ထပ် ပဋိပက္ခများ ဖြစ်ပေါ်ကြောင်း သတင်းပေးပို့မှုများ မရှိခဲ့ချေ။ ဂါဇီရှိ သစ်ပင် (၆၀၀)ကို ခုတ်ထွင်ရှင်းလင်းမှု မပြုရန် ဆန္ဒပြ တောင်းဆိုမှုကို မေလ(၃၁)ရက်နေ့တွင် ရဲများက ခပ်ကြမ်းကြမ်း တုံ့ပြန်ရာမှ စတင်လာသော ဆန္ဒပြမှုကြီးအတွင်း လူ(၄)ဦး သေဆုံးကာ (၇၅၀၀)နီးပါး ဒဏ်ရာများ ရရှိခဲ့ကြောင်း တူရကီ ဆေးဘက်ဆိုင်ရာ အဖွဲ့ချုပ်က ပြောကြားထားသည်။

.. www.MyanmarExpress.net
 

1 comments:

786 all die better for the World.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်