Subscribe to our RSS Feed

၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ မအောင်မြင်မှုများ




မြန်မာ့နိုင်ငံရေးလောကထဲ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ်ဖြင့် အခြေချလုပ်ကိုင် လာတာ နောက် တစ်ပတ် နိုဝင်ဘာ ၁၃ ရက်ဆိုရင် ၃ နှစ် ပြည့်ပြီဖြစ်ပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ ပထမဆုံး မိန့်ခွန်းမှ စပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်စွာပြောဆိုရေးသားလုပ်ကိုင်ခွင့်တို့ကို ပြောခဲ့တာ ဒီနေ့အထိ ဖြစ်ပါတယ်။ ပထမဆုံး စတင်လုပ်ဆောင်ချိန် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ခဲ့တာတွေကတော့ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး၊ ၂၀၀၈ အခြေခံဥပဒေဆန့်ကျင်ရေး၊ NLD မှတ်ပုံမတင်ရေး၊ ၉၀ ရွေးကောက်ပွဲ အသက်သွင်းရေးနှင့် ဒုတိယပင်လုံညီလာခံ တို့ဖြစ်ပါတယ်။ 

ပထမတစ်နှစ်အတွင်းမှာပင် ဒုတိယပင်လုံညီလာခံကိစ္စ၊ ၉၀ ရွေးကောက်ပွဲအသက်သွင်းရေးကိစ္စ၊ NLD ပါတီမှတ်ပုံမတင်ရေးကိစ္စများ မအောင်မြင်ပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ ကျရှုံးခဲ့ ရပါတယ်။ ၂၀၁၀ နိုဝင်ဘာ ၂၀ မှာ ဒုတိယပင်လုံညီလာခံ ကျင်းပရေးအစည်းအဝေးမှာ ဒေါ်အောင်ဆန်း စုကြည်ကို ဥက္ကဌအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒုတိယပင်လုံညီလာခံကျင်းပရေးကို အခြားဘယ်ပါတီ၊ ဘယ်နိုင်ငံ ရေးသမားကမှ မထောက်ခံခဲ့တဲ့အပြင် တိုင်းရင်းသားခေါင်းဆောင်များက အစိုးရနဲ့ တွေ့ဆုံဆွေးနွေးသွား တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ရှုံးနိမ့်ခဲ့ရပါတယ်။ 


၂၀၁၁ ခုနှစ်တစ်နှစ်လုံး ပြည်တွင်း၊ ပြည်ပ သတင်းထောက်ပေါင်းစုံနှင့် တွေ့ဆုံခြင်း၊ နိုင်ငံခြားဧည့်သည် တစ်ယောက်ပြီး တစ်ယောက်နဲ့တွေ့ဆုံခြင်း၊ အထိမ်းအမှတ်ပွဲပေါင်းစုံ ဆက်တိုက်လုပ်ဆောင်ခြင်းတွေပဲ လုပ်နေ ချိန်မှာ နိုင်ငံရေးသမားအချို့က NLD မှာ တိကျတဲ့ မူဝါဒမရှိကြောင်းဝေဖန်လာချိန်မှာ NLD အနေနဲ့ လွှတ်တော် ပြင်ပနိုင်ငံရေးလုပ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ခဲ့ပါတယ်။ ဘယ်လောက်အောင်မြင် လဲဆို တာကိုတော့ မပြောနိုင်ခဲ့ပါဘူး။  ဝန်ကြီးဦးအောင်ကြည်နှင့် ၄ ကြိမ်၊ သမ္မတ ဦးသိန်းစိန်နဲ့ ၁ ကြိမ် တွေ့ဆုံခဲ့ ပြီးနောက် ၂၀၀၈ အခြေခံဥပဒေအရ NLD ပါတီ မှတ်ပုံတင်ဖို့နဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ရုတ်တရက် ဆုံးဖြတ်ခဲ့တာကြောင့် ၉၀ ရွေးကောက်ပွဲ အသိအမှတ်ပြုရေး လှုပ်ရှားမှု ရှုံးနိမ့်ခဲ့ပြီး NLD မှတ်ပုံမတင်ရေး လှုပ်ရှားမှုလည်း ရှုံးနိမ့်ခဲ့ရပါတယ်။ 


၂၀၁၂ ခုနှစ်အတွင်း လှုပ်ရှားမှုတွေက ၂၀၁၁ လှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ ၂၀၁၁ အတွင်း လွှတ်တော်နဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဝေဖန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ၂၀၁၂ မှာ ရွေးကောက်ပွဲနိုင်ရေးနဲ့ လွှတ်တော်မှာနေရာရရေး ဆက်တိုက်ကြိုးစားခဲ့ပြီး လွှတ်တော်ထဲမှာ အမတ် ၄၃ နေရာ ရခဲ့ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုချိန်မှာ သပိတ်မှောက်မယ်ပြောပြီး စာသားပြင်ဖို့ကြိုးစားခဲ့ပေမယ့် ထပ်မံရှုံးနိမ့် ခဲ့ပြီး အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် လို့ ကျမ်းကျိန်ခဲ့ရပါတယ်။  ပါတီထောင်ပြီးနောက် ယခင်က NLD မှတ်ပုံမတင်လို့ တခြားပါတီရောက်သွားသူအများစုကလည်း NLD ကိုပြန်မလာကြပါဘူး။ စည်းရုံးရေးတာဝန်ရှိသူများမှ ပါတီဝင် ၁၀ သိန်းရရှိရေးစုဆောင်းခဲ့ပေမယ့်နောက်ပိုင်းမှာ ဗဟိုဦးစီးမှုလွန်ကဲခြင်း၊ ပါတီဥက္ကမှ မိမိသမ္မတဖြစ်ဖို့သာလုံးပန်းနေပြီး အောက်ခြေပါတီဝင်များရဲ့ ဒုက္ခများကို လစ်လျှူရှုခြင်း၊ နီးစပ်သူ များက နေရာရခြင်းများကြောင့် မြောင်းမြ၊ ဂန့်ဂေါ၊ ကော့ကရိတ်၊ မန္တလေးမှ NLD ပါတီဝင်များက နှုတ်ထွက် တာတွေ၊ တခြားပါတီဆီပြောင်ရွှေ့သူတွေ၊ ပါတီဝင်အချင်းချင်းဆန္ဒပြသူတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အဓိက Image ကျစေခဲ့တာကတော့ မွတ်ဆလင် အကြမ်းဖက် မှုများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တစ်ဦးအနေနဲ့ ဘာမှမလုပ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ၂၀၁၂ ဒီဇင်ဘာ ၁၄ ရက်နေ့က မောင်နှမ ၂ ဦးပိုင်အိမ်ကို တစ်ဦးတည်းပိုင်ဆိုင်လိုကြောင်း အနောက်ပိုင်းခရိုင် တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်သွင်းခဲ့ ပါတယ်။ အခြားသူများကို စည်းလုံးကြဖို့ လူကြား ကောင်းအောင်ပြောနေပြီး မောင်နှမချင်းမတည့်ဖြစ်ကာ အမွေလုနေခြင်းက လည်း ဒေါ်စုရဲ့ Image ကို ကျဆင်း စေခဲ့ပါတယ်။ 


၂၀၁၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မအောင်မြင်မှုများက အထူးသိသာလာ ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်မပါပဲ အစိုးရက တစ်နိုင်ငံလုံးအပြစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးခြင်းက တစ်နိုင်ငံ လုံးတွင် တစ်ဦးတည်းရှိသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စုကိုသာမက၊ ငြိမ်းချမ်းရေးနိုဘယ်ဆုကိုပါ သိက္ခာ ကျဆင်းစေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ပြင်ပမှာ ပြင်လို့မအောင်မြင်တာကြောင့် လွှတ်တော် တွင်းမှာပြင်မယ်ဆိုပြီး ကြွေးကြော်ခဲ့ပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အခြေခံဥပဒေပြင်ရေး လွှတ်တော်မှာ တင်ပြပြီး ကော်မတီမှာဦးဆောင်လိုက်တာကြောင့် နေရာမရဖြစ်ခဲ့ရပြီး ယခင်နှစ်များနည်းတူ ၂၀၁၃ လည်း အောင်မြင်မှုမရှိပဲ ကုန်ဆုံးခဲ့ရပါတယ်။


မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့မှု ရပ်ဆိုင်းလိုသူတွေအတွက် သေချာစဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် သမ္မတဦးသိန်းစိန်ကို အသိအမှတ်ပြုတဲ့အနေနဲ့စီးပွားပိတ်ဆို့မှုအားလုံးရုတ်သိမ်း သွားပြန်ပါတယ်။ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌ ရာထူးပေးထားပေမယ့် တရားသူကြီးတွေနဲ့ ရှေ့နေတွေကို တစ်ကြိမ်ခေါ်တွေ့ခဲ့တာပဲ လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းသာမက ရန်ကုန်မြို့တစ်ခုတည်းကိုပင် တည်ငြိမ်အေးချမ်းအောင်နဲ့ တရားဥပဒေစိုးမိုးအောင် ဒေါ်အောင်ဆန်းစုကြည် မလုပ်နိုင်ခဲ့ပါဘူး။ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ကို ဥက္ကဌ ခန့်အပ်ကာပြေလည်မှု ရရှိရေးဆောင် ရွက် စေခဲ့ပေမယ့် အခုချိန်ထိ ပြေလည်မှုမရသေးပါဘူး။ 


၃ နှစ်အတွင်း ဘာမှဖြစ်မြောက်မှုမရှိတာကို အချိန်မှီသိရှိသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၄ မှာ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုရဖို့အတွင် စတင်ပြင်ဆင်ခဲ့ပါတယ်။ ၂၀၁၁ တစ်နှစ်လုံးနဲ့ ၂၀၁၂ နှစ်ဝက်အထိ လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ်ခဲ့ပေမယ့် နေရာမရခဲ့ပါဘူး။ ၂၀၁၂ နှစ်ဝက်နဲ့ ၂၀၁၃ ကို လွှတ်တော်တွင်း နိုင်ငံရေးလုပ်ခဲ့ပေမယ့်လည်း နေရာမရခဲ့ပြန်ပါဘူး။ နိုင်ငံရေးလုပ်ငန်းတွေမှာလည်း မအောင်မြင်၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာလည်း နာမည်မထွက်၊ ပါတီတွင်းလည်း ကျစ်လစ်ခိုင်မာအောင် မလုပ်နိုင်ခဲ့တာကြောင့် ဒီပုံစံ အတိုင်းဆက်သွားရင် ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုကျဆင်းသွားပြီး အခြားပါတီတွေက ဝေဖန် ကြမယ့်အပြင် ပါတီဥက္ကဌ ရာထူးက ဖယ်ရှားခံရနိုင်ပါတယ်။ ၂၀၁၄ မှာ အာဆီယံအစည်းအဝေးများ ကျင်းပချိန် မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရပဲ ရပ်ကြည့်နေရမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၄ တစ်နှစ်အတွင်း နေရာတစ်ခုယူဖို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ခဲ့ပါတယ်။ 


“အခြေခံဥပဒေပြင်ဖို့ အစွမ်းကုန်အားထုတ်ကြိုးပမ်းသွားမယ်” လို့ နိုင်ငံတကာသတင်းထောက်တွေကို စက်တင်ဘာ ၂၃ ရက်နေ့ ညနေက စင်္ကာပူနိုင်ငံမှာ ပြောကြားခဲ့ပြီး လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ သာမက နိုင်ငံပြင်ပထိ ၎င်းရဲ့ မဟာမိတ်အင်အား အားလုံးသုံးကာ ၎င်းသမ္မတဖြစ်ရေးအတွက် အခြေခံဥပဒေပြင်ဖို့ စွမ်းအားကုန်ထုတ် ကြိုးစားခဲ့ပါတယ်။ ပြင်တွင်းရေး ဥပဒေပြင်ဆင်တဲ့ကိစ္စကို ပြည်ပဖိအားပေးခိုင်းခြင်း၊ ဒေါ်စု ဖခင်ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ဥပဒေကို သမီးဖြစ်သူက ပြင်ဆင်ခြင်း တို့ကြောင့် ပြင်းပြင်း ထန်ထန် ဝေဖန်ရှုတ် ချ ခြင်းများခံနေရပါတယ်။ လက်တလောမှာ ပြည်ပဖိအားများအချို့က စတင်လာကြပြီဖြစ်ပေမယ့် လွှတ်တော် တွင်းမှာ ပြိုင်ဖက်ပါတီများနဲ့တိုင်းရင်းသားပါတီများက ဒေါ်အောင်ဆန်းစုကြည်ဖက်မှာမရှိသလို NLDဦးဆောင်တဲ့ လူထုဆန္ဒကောက်ယူပွဲတွေမှာလဲ NLD ပါတီဝင်တွေသာတက်ရောက်ပြီး တခြားဘယ်သူမှ မတက်ရောက်ကြ တဲ့အပြင် တက်ရောက်လာတဲ့ NLD ပါတီဝင်တွေကလည်း ပြင်ဆင်ရေးကိုသာ လက်ခံတဲ့အတွက် ၂၀၁၃ ဒီဇင် ဘာမှာ NLD ရေးဆွဲတဲ့ အခြေခံဥပဒေအသစ် လွှတ်တော်တင်မယ်ဆိုတဲ့ အစီအစဉ်လဲ ပျက်ရတော့ မှာ ဖြစ်ပါတယ်။


၃ နှစ်အတွင်း ဒေါ်စု ကြိုးစားမှုတွေဟာ အချည်းအနှီးသာဖြစ်ခဲ့ပြီး  ပထမတစ်နှစ်တွင် လွှတ်တော်ကို သပိတ်မှောက် ကာ လွှတ်တော်ပြင်ပ လှုပ်ရှားမှုဦးတည်ချက်တိတိကျကျ မရှိခြင်း၊ ဒုတိယနှစ်တွင် လွှတ်တော် ဝင်ဖို့စည်းရုံးခြင်းနှင့် ပါတီတွင်းကိစ္စဖြင့် အချိန်ကုန်ခြင်း၊ တတိယနှစ်တွင် နိုင်ငံခြားခရီးစဉ်မျုားနှင့် သမ္မတဖြစ်ရေး လုပ်ငန်းများဖြင့်သာ အချိန်ကုန်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်သူလယ်သမား၊ လုပ်သားပြည်သူများ အတွက် ဘာမှလုပ်ပေးနိုင်ခဲ့ခြင်းမရှိပေ။ လုပ်ဆောင်ခဲ့သမျှ အလုပ်အားလုံးမှာလည်း နိုင်ငံခြားခရီးစဉ်များမှ လွဲပြီး အခြားလုပ်ဆောင်မှုအားလုံးမှာ အောင်မြင်မှုမရရှိပဲ အရှုံးဖြင့်သာ ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံခြား ခရီးစဉ် တွေမှာ အောင်မြင်မှုတွေ နဲ့ ဆုတွေတသီကြီးရပြန်ပေမယ့်လည်း နိုင်ငံခြားရောက် ဖိနိပ်ခံမြန်မာ လူမျိုးတွေနဲ့ အနိုင်ကျင့်ခံ အလုပ်သမားတွေ အတွက် ဘာမှလုပ်ပေးနိုင်ပြန်ပါဘူး။ ခြုံငုံသုံးသပ်ရပါက ၂၀၁၀ နိုဝင်ဘာမှ ၂၀၁၃ နိုဝင်ဘာထိ ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်မှုများဟာ လူထုအတွက် ထူးခြားမှု မရှိသလို ဒီအတိုင်းဆက်လုပ်နေပါက နောက်နှစ်များတွင်လည်း ထူးခြားမည်မဟုတ်ကြောင်း သုံးသပ်လိုက် ရပါတယ်။ 
 

.. www.MyanmarExpress.net
 

9 comments:

အောင်မြင်မှုတွေတော့ သူ့ဟာနဲ့သူ ရှိနေတာပဲလေ၊ ဦးတေဇ ပေးတဲ့စရိတ်နဲ့ အိမ်ရှေ့အုတ်ခြံစည်းရိုးအပါအ၀င် နေအိမ် အကြီးစားပြုပြင်မှုလုပ်ခဲ့တာ၊ သူတို့ သားအမိနှစ်ယောက်အတွက် ဦးတေဇပိုင် အဲပုဂံလေကြောင်းလိုင်းမှာ တစ်သက်တာ အလကား စီးနင်းခွင့် လက်မှတ်ရယူနိုင်တာ၊ မွေးနေ့လက်ဆောင်အဖြစ် ဦးတေဇဆီက ipad နှစ်ချပ်နဲ့တကွ အခြားလက်ဆောင်တွေ ယူခဲ့တာတွေဟာ ခရိုနီစီးပွားရေးမားတွေကို စည်းရုံးနိုင်တဲ့ သူ့အောင်မြင်မှုတွေပဲ၊ ipad နှစ်ချပ်အကြောင်းတောင် သူ့လုံခြုံရေးလုပ်နေတဲ့ ကိုကျော်ကျော်ရဲ့ ဇနီးက မင်္ဂလာဈေးမှာ ပါတိတ်ဆိုင်ဖွင့်ထားတာကြောင့် ဈေးထဲမှာ ပြန်ရောင်းပေးလို့လူတွေသိခွင့်ရတာနော်၊ ကျန်တာတွေ အများကြီး ရှိချင်ရှိဦးမှာ၊



အရင်တုန်းက ဘာလုပ်ပိုင်ခွင့်မှ မရသေးလို့ ကျမရဲ့ လုပ်ကိုင်နိုင်စွမ်း မတွေ့ရတာပါလို့ ပြောလေ့ရှိသူဟာ
အခုခါမှာ တရားဥပဒေ စိုးမိုးရေးအဖွဲ့ ခေါင်းဆောင်ဖြစ်နေပြီ၊ တစ်နိုင်ငံလုံးကို တာဝန်ယူရသေးတာမဟုတ်ဘဲ ကဏ္ဍတစ်ခု လုပ်ပိုင်ခွင့်လေးရတာတောင် လာမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်မပြနိုင်တဲ့သူဟာ ခေါင်းဆောင်တက်လုပ်လို့ကတော့ ......




ဒိထက်မက ကွဲဖို့ရှိသေးတယ်
စောင့်ကြည့်

ငါထပ်ပြောရင် ငါပဲငရဲကြီးမယ် ဒေါ်စုပ်ရေ့ စုပ်စုပ်

(စုပ်စုပ် = ကျွတ်ကျွတ်)

နိုင်ငံကို ဦးဆောင်ဖို့ အရည်အခြင်းမရှိပါ.............

သေပြီဆရာပဲ

She is a failed leader. There is no doubt about it. But due to cunning and powerful media like BBC, VOA, RFA she is still a charismatic leader among the ignorants and fools. That is a problem for all patriotic Myanmar.

အဓိက အချက်​က​တော့ သူ့ကို ​နေအိမ်​အကျယ်​ချုပ်​က​နေ လွတ်​​မြောက်​ဖို့အတွက်​ ​အင်္ဂလိပ်​ နဲ့ အ​မေရိကန်​ မဟာမိတ်​ အဖွဲ့ ​တွေ ​ထောက်​ပံ့​ပေးကမ်းခဲ့တဲ့ ဆု ​ပေါင်း ​မြောက်​များစွာရဲ့ ဖိအား​တွေကို ခံ​နေရတာ ဖြစ်​ပါတယ်​။ ​နေအိမ်​အကျယ်​ချုပ်​ က​နေ လွတ်​​မြောက်​လာတဲ့​နောက်​မှာ ဘာတစ်​မှ ထိထိမိမိ မယ်​မယ်​ရရ လုပ်​မပြနိုင်​ခဲ့ခြင်းကလည်း သူ့ရဲ့ စွမ်း​ဆောင်​ရည်​နဲ့ ရရှိခဲ့တဲ့ ဆု​ပေါင်း​မြောက်​များစွာအ​ပေါ် နှိုင်းယှဉ်​ သုံးသပ်​ စရာ​တွေ ဖြစ်​လာခဲ့တာက​တော့ အမှန်​ပဲ ဖြစ်​ပါတယ်​။ ​နောက်​တစ်​ချက်​ က​တော့ လက်​ရှိ သမတ ဦးသိန်းစိန်​ ရဲ့ image ဟာ အရင်​အတိတ်​မှာ​ရော လက်​ရှိအချိန်​မှာ ​ကောင်းမွန်​ခဲ့ ပြီး ပြည်​သူ​အများစုရဲ့ ချစ်​ခင်​မှုကို ပိုင်​ဆိုင်​ထားခြင်းပဲ ဖြစ်​ပါတယ်​။ ပထမ တုန်းက ပြည်​သူ​တွေ ​မျော်​လင့်​ချက်​က ​ဒေါ်စု အကျယ်​ချုပ်​ကလွတ်​ရင်​ ဆိုတဲ့အချက်​ဖြစ်​ပါတယ်​။ ​ဒေါ်စု ကိုယ်​တိုင်​လည်း အကျယ်​ချုပ်​ကလွတ်​ရင်​ ဆိုတဲ့ ​မျော်​လင့်​ ချက်​အတွက်​ ပြည်​သူ​တွေနဲ့ အတိုင်​အ​ဖောက်​ညီခဲ့ကြပါတယ်​။ လွတ်​လာရင်​ ပြည်​သူ​တွေ ​နေ့ချင်းညချင်း ချမ်းသာ​တော့မလို၊ အလုပ်​မလုပ်​ဘဲ ချမ်းသာ​တော့မလို စတဲ့ ပြည်​သူ​တွေရဲ့ ရိုးအတဲ့ အမြင်​​တွေဟာလဲ ​ဒေါ်စုအတွက်​ အဆိပ်​အ​တောက်​တခုလို ကြီးမားတဲ့ ဖိအားတခု ဖြစ်​လာခဲ့ပါတယ်​။ ဆု​တွေ ​မြောက်​များစွာရခဲ့​ပေမယ့်​ ၊ ပါတီအဖွဲ့ဝင်​​တွေ​မြောက်​များစွာရှိခဲ့​ပေမယ့်​ နိုင်​ငံနဲ့ပြည်​သူကို ဦး​ဆောင်​ဖို့ အ​တွေ့ကြုံပိုင်း နဲ့ ပါတီဝင်​​တွေရဲ့ အရည်​အ​သွေးပိုင်းလိုအပ်​ချက်​​တွေ အများကြီးရှိ​နေပါတယ်​။ အကျယ်​ချုပ်​ တုန်းကလဲ အကျယ်​ချုပ်​ကျ​နေလို့၊ အကျယ်​ချုပ်​ကလွတ်​​တော့လဲ သမတလို လုပ်​ပိုင်​ခွင့်​မရလို့၊ သမတ ဖြစ်​ပြီးရင်​​ရော ????? ဘာအ​ကြောင်းပြချက်​ ​ရှိ​သေးလဲမသိ။ ပြည်​သူ​တွေအ​နေနဲ့ ​နောင်​မှရတဲ့ ​နောင်​တ​တွေ မကြုံရ​အောင်​----

အမျှော်မြင်ရှိ ဇွဲရှိ မွတ်စိုးရိမ်ဆရာတော်ပြောတာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်