Subscribe to our RSS Feed

မလေးရှားတွင် မြန်မာတစ်ဦး ဓားဒဏ်ရာဖြင့် ပင်လယ်ထဲ ပစ်ချ ခံရမှု ဒေါ်စု၊ ဒလိုင်းလားမား၊ ကန် နှင့် ကုလ တို့ ပါးစပ်ပိတ်နေ

From : .. the voice


မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး ဝမ်းဗိုက်ကို ဓားနှင့် အကြိမ်ကြိမ် အထိုးခံရပြီး ပင်လယ်ထဲ ပစ်ချခံရသော်လည်း အသက်သေဆုံးခြင်း မရှိခဲ့ကြောင်း မလေးရှား သတင်းဌာန တစ်ခုဖြစ်သည့် The Star တွင် ဖော်ပြသည်။

အသက် ၂၀ နှစ်အရွယ်ရှိ အဆိုပါ မြန်မာနိုင်ငံသားသည် မလေးရှားနိုင်ငံ ပီနန်ပြည်နယ်ရှိ Weld Quay ဆိပ်ခံ ဗောတံတားတွင် နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီခန့်၌ အပန်းဖြေနေစဉ် အကြမ်း ဖက်သူဟု ယူဆရသူနှစ်ဦးက ဓားဖြင့် ထိုးခဲ့ပြီး ပင်လယ်ထဲသို့ ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

၎င်းသည် ရေကူးနေသည့် အချိန်တွင် အူများ ထွက်နေခဲ့သော်လည်း ကမ်းခြေသို့ ရောက်ရှိအောင် ကူးလာခဲ့ပြီး ကမ်းခြေရောက်စဉ် အခြားလူများကို အကူအညီ တောင်းခံခဲ့ကြောင်း၊ ယင်းမြန်မာနိုင်ငံသားကို ပီနန်ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ရကြောင်း The Star တွင် ဖော်ပြသည်။

ဓားထိုးခံရသူတွင် အထောက်အထား တစ်စုံတစ်ရာ မရှိကြောင်း၊ အဆိုပါ ဓားဒဏ်ရာကို ခွဲစိတ် ကုသမှုများ ပြုလုပ်နေသော်လည်း အခြေအနေ အသေးစိတ်ကို ပြောဆို၍ မရသေးသည့် အခြေအနေ ဖြစ်ပြီး ဓားထိုးခံရမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထွက်ဆိုခြင်း မရှိသေးကြောင်း George Town ၏ ဒုတိယရဲမှူး Supt Ismail Toh Paduka Idris ကပြောဆိုကြောင်း အဆိုပါ သတင်းဌာနတွင် ဖော်ပြသည်။
“ဒါက ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၂၆ (အန္တရာယ် ရှိစေသော လက်နက်များနှင့် အပြင်းအထန် နာကျင်စေမှု) အောက်မှာ စုံစမ်းသွားမယ်။ အခုလည်း ဒီတိုက်ခိုက်ခံရမှုကို စုံစမ်းနေတုန်းပါပဲ” ဟု ၎င်းကဆိုသည်။

မလေးရှား နိုင်ငံရောက် မြန်မာများ အကြမ်းဖက်ခံရမှု၊ မုဒိမ်းကျင့် ခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။


 .. www.MyanmarExpress.net
 

5 comments:

စိတ်မဝင်စားဘူးလေ..ဒီဟာကိုစိတ်ဝင်စားလို့
သမတဖြစ်မှာမှမဟုတ်တာ..ဒလိုင်းလားမားလို
ဒေါ်စုလဲ နိုင်ငံခြားမှာဘဲ ထိုင်အော်နေရင်..ဂွတ်
အရမ်းအရမ်းကွိုတ်မယ်..ပြန်လာမနေပါနဲ့တော့
ပြန်လာရင် ဆောက်ဖုတ်ကြီးကို ဘုရားလုပ်ကိုးကွယ်
နေကြတဲ့ ဟာဂျီထိပ်ပြဲ ကိုနီတို့နဲ့တွဲမြင်နေရတော့
အချိန်တိုင်းအကုသိုလ်များတယ်

သူ့ဟာသူ လူဝတ်ကြောင်နဲ့ သူတော်ကောင်းတစ်ယောက် လုပ်မယ်ဆိုရင်တော့ ဖြစ်မဖြစ်တော့ မပြောတတ်ပါ၊ ဒါပေမယ့် ညစာစားပြီး မာတုဂါမလက်ကို ကြင်ကြင်နာနာ ဆုပ်ကိုင်ထာတဲ့သူကိုတော့ ရဟန်းလို့ သတ်မှတ်ရန်ခက်ပါတယ်၊ (၂၀၀၄ခုနှစ် ဂျော်ဒန်ဘုရင်က တည်ခင်းသော နိုဗယ်ဆုရှင်များ ဂုဏ်ပြုညစာစားပွဲတက်ရောက်သည့် သတင်းရှိဖူးသည်)

သူတို့က မြန်မာတွေမှမဟုတ်တာ၊
ဘာပြောစရာလိုလို့လဲ။
သင်္ဃန်းဝတ်ကြီးနဲ့ မာတုဂါမလက်ကို ဆုပ်ကိုင်ထားတာတော့
ဝိနည်းနည့် တော်တော်လွဲချော်နေပြီထင်တယ်။
မာတုဂါမတွေအနေနဲ့လည်း ဘုန်းတော်ကြီးတွေနဲ့
ဒီလောက်နည်နည်းကပ်ကပ်မနေသင့်ဘူး။
အပယ်လေးဘုံကို မယုံလို့လား၊
ဗုဒဘာသာဝင်ဘဲ မဟုတ်လို့လား၊
မလုပ်သင့်တာတော့ အမှန်ဘဲ။

i သား သ မီး နဲ့ မိ ဘ ချစ် ခြင်း မောတ္တာ ဟာ
ဘယ် အ ရာ နဲ့ မှ နိုင်း ဆ လို့ မ ရပါ ဘူး သား သ မီး ဘဝ အ ဖြစ် နဲ့ နေ ခဲ့ ရ တဲ့ အ ချိန် တွေ တုးံ က မိ ဘ မောတ္တာ ဟာ ဘယ် အ တိုင်း အ တာ နဲ့ နိုင်း လို့ မ ရ ဘူး ဆို တာ သား သ မီး အ ပေါ် ထား တဲ့ သံ ယော ဇဉ် ဟာ ဘယ် လောက် ကြိး မား တယ် ဆို တာ မ သိ ခဲ့ မ စဉ်း စား မိ ခဲ့ ပါ ဘူး

ယခု မိ ဘ အ ရာ မှာ ရောက် သွား တော့ သား သ မိး အ ပေါ် ထား တဲ့ သံယော ဇဉ် ဟာ
ကမ္ဆာ ကြိး လောက် မ က မြင့် မို တောင် လောက် မ က ကြိး မား လှ ပါ တယ် ဆိ တာ သိ လာ ရ တယ် သား သ မီး ကို ချစ် တဲ့ သံ ယော ဇဉ် ဟာ အ လွန် ကြိး မား လှ ပါ တယ်

လူ တွေ ဟာ ဘ ဝ သံ တ ရာ လည် နေ ကြ တာ ပါ သား သ မိး ဖြစ် လိုက် မိ ဘ ဖြစ် လိုက် ပါ
ဒါ ကြောင့် သား သ မီး တွေ ဖြစ် တဲ့ သား သားမီး မီး တို့ မိ ဘ ကို သံ ယောာ ဇဉ် ထား တတ် ပါ ချစ် ကြ ပါ မိ ဘ စ ကား ကို နား ထောင် ကြ ပါ မိ ဘ လက် ထဲ မှာ ဆိုး ရင် မိုက် ရင် ပြော စ ကား နား မ ထောင် ရင်
မိ ဘ အ ရာ ရောက် တဲ့ အ ခါ မိ ဘ ရဲ့ မောတ္တာ ကို သိ လာ ကြ ပါ လိမ့် မယ် အဲ ဒီ အ ခါ မိ ဘ တွေ တိမ်း ပါး သွား ခဲ့ ရင် သား သား တို့ မီး မီး တို့ နောင် တ ကြိး စွာ ရောက် ကြ ပါ လိမ့် မယ် မ ပြု စု လိုက် ရ လေ ခြင်း မ ကျွေး ဘိုက် ရ လေ ခြင်း ဆို တဲ့ ဝမ်း နည်း စရာ လွမ်း စ ရာ မျက် ရည် စက် လက် နဲ့ ကြုံ ကြ ရ မှာ ပါ

ဒါ တွေ က ဘဝ အ ခက် အ ခဲ အ ကြမ်း တမ်း ဆုးံ လို့် ဆို လို့ မ ရ သေး ပါ ဘူး

ငါ မိ ဘ ဖြစ် လာ ခဲ့ တဲ့ ဘဝဂ ကံကြမ္မာ အ ဆိုး ဆုးံ ကို ပြော ပြ ပါ မယ် မငါ မိ ဘ ဖြစ် လာ တော့ ပို နောင် တ ရ တဲ့ ကံ ကြမ္မာ က
ငါ့ သား လေး GTC ကျောင်း သား လေး B TEST 2 အောင် ပြိး ၂၁ နှစ် ကင် ဆာ ရော ဂါ နဲ့ ၁၅ ရက် ၈ လ ၂၀၁၃ မှာ ဆုးံ ပါး ခဲ့ ပါ တဒယ် ၈ လ ကြာ ငါ တို့ မိ သား စု င ရဲ ပြည် ရောက် နေ ရ သ လို ဒုက္ခ တွေ ကြုံ တွေ့ ခဲ့ ရ ပါ တယ် ယခု အ ချိန် အ ထိ မေ့ ပျောက် လို့ မ ရ ပါ မျက် ရည် မ ကျ ရ တဲ့ ရက် ရယ် လို့ မ ရှိ ပါ လွမ်း လှ ပါ ပြိ သား လေး ခ ရီး ထွက် သွား တယ် လို့ ထင် မိ နေ ပါ တယ် ကျန် ခဲ့ တဲ့ ငါ တို့် မိ ဘ နှစ် ပါး ရှင် နေ ပေ မဲ့ လူ ဘဝ ဘာ မှ အဒိ ပ္တယ် မ ရှိ တော့ ပါ လက် ရှိ အ လုပ် လဲ မ လုပ် ချင် အိမ် ထဲ မှာ ဘဲ အိပ် လိုက် စား လိုက် ထိုင် လိုက် ငို လိုက် ဝမ်း နည်း လိုက် နဲ့ ငါ တို့ လူ ဘဝ အ လ ကား ဖြစ် သွား ပါ ပြိ ရည် ရွယ် ချက် မရှိ
ရည် မှန်း ချက် မ ရှိ ဘာ မှ ကို မ ရှိ တော့ တာ ပါ

ဒါ ကြောင့် မိ ဘ ဖြစ် လာ တော့ သား သမီး ကို ဘယ် လောက် ချစ် တယ် ဆို တာ အ လုးံ စုံ သိ ခဲ့ ပါ ပြိ

ဒါ ကြောင့် သားသား မီး မီး တို့ မိ ဘ အ ရာ မ ရောက် ခင် က တည်း က မိ ဘ ကို ချစ် ကြ ပါ လိမ္မာ ကြ ပါ နား ထောင် ကြ ပါ လုပ် ကျွေး ကြ ပါ လို့
ပြော လို ပါ တယ်


ဝီရသူက ရုပ်တုထုလုပ်ပြီး ကိုးကွယ်မယ်ပြောတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်