Subscribe to our RSS Feed

တရားဝင် လစာငွေကို ၃၅ သိန်းလျှော့ယူသည့် သမ္မတကြီး ဦးသိန်းစိန်အတွက် ဥပဒေ သစ်တင်သွင်း

From : ..eleven

8.1.1
ဦးစောမော်ထွန်းက ဥပဒေကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော်၌ ရှင်းလင်းစဉ်

နိုင်ငံတော်သမ္မတ ကျပ် ၁၅ သိန်း၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စု တရားသူကြီးချုပ် ကျပ် ၁၂ သိန်း စသည်ဖြင့် လစဉ်ချီးမြှင့်ငွေများ ခံစားခွင့်ရှိမည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ အဆောင်အယောင်များ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်တွင် လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၄ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က အဆိုတင်သွင်းခဲ့ရာ ကန့်ကွက်သူ မရှိသည့်အတွက် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရန်သဘောတူခဲ့သည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် မူလဥပဒေ ပုဒ်မများတွင် ပြဋ္ဌာန်းထားမှုများအစား နိုင်ငံတော် သမ္မတသည် လစဉ်ချီးမြှင့်ငွေ ကျပ် ၁၅ သိန်း၊ ဒုတိယသမ္မတ ကျပ် ၁၂ သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စု တရားသူကြီးချုပ် လစဉ်ချီးမြှင့်ငွေ ကျပ် ၁၂ သိန်း ခံစားခွင့် ရှိသည်ဟု သတ်မှတ်ရန် အဆိုတင်သွင်းခြင်း ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားချက်များအရ သိရသည်။

''လက်ရှိအချိန်မှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ၊ တိုင်းဒေသကြီး(သို့) ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း(သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်တွေရဲ့ လစဉ်ချီးမြှင့်ငွေကို နိုင်ငံတော် သမ္မတရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်အရ လျှော့ပြီးခံစား နေကြပါတယ်။ ဥပဒေပြဋ္ဌာန်းချက်အတိုင်း မခံစားဘဲ လျှော့ပြီးဆက်လက် ခံစားမည် ဆိုပါက သက်ဆိုင်ရာ ဥပဒေများကို လျှော့ချပြင်ဆင် ပြဋ္ဌာန်းပေးပြီး လက်တွေ့ကျကျ ဆောင်ရွက်ဖို့ လိုပါတယ်။ အစိုးရ သက်တမ်းတစ်ဝက် ကျော်လာပြီဖြစ်လို့ သက်ဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ဖို့အချိန် ကျရောက်နေပြီ ဖြစ်ကြောင်း သုံးသပ်ရရှိပါတယ်'' ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးစောမော်ထွန်းက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းအား အဓိက ပြင်ဆင်ရသည့် အကြောင်းအရာမှာ ၀င်ငွေခွန် ဥပဒေအရ အခွန်ကောက်ခံ နိုင်ရန်အတွက် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ အသီးသီးတွင် '၀င်ငွေခွန် ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်' ဆိုသည့် အခွန်ကင်းလွတ်ခွင့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မည်သူမဆို လစာခေါင်းစဉ်မှ ၀င်ငွေအပေါ် သတ်မှတ်ထားသော သက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်လစာဝင်ငွေ အပေါ်တွင် ၀င်ငွေခွန် ပေးဆောင်ရန်နှင့် ၀င်ငွေခွန် ပေးဆောင်ရာတွင်လည်း ပြန်တမ်းဝင် အရာရှိအဆင့် ဖြစ်မှသာ ပေးဆောင်ရန် ထည့်သွင်း ဖော်ပြထားသဖြင့် အကျုံးဝင်သူအားလုံး အခွန်ပေးဆောင် နိုင်ရေးအတွက် ဖြစ်သည်ဟု ပြောကြားသည်။

ဝင်ငွေခွန် ဥပဒေပုဒ်မများတွင် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည့် ၀င်ငွေအမျိုးအစား၌ ချီးမြှင့်ငွေဟု ပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ ထို့အတွက် ၀င်ငွေခွန် ဥပဒေတွင် ဖြည့်စွက်ပြဋ္ဌာန်း(သို့) အဓိပ္ပာယ် ဖွင့်ဆိုခြင်း ပြုလုပ်ရန် လိုအပ်၊ မလိုအပ်ကို သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၉ ပြဋ္ဌာန်းချက်အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်နှင့်အညီ ပြည်သူ့ ကိုယ်စားလှယ် အားလုံးသည် အခွန်ပေးဆောင်ရန် အသင့်ရှိကြောင်း၊ အခြေခံဥပဒေ ပုဒ်မပါ ပြဋ္ဌာန်းချက်များအရ ပြည်သူ့ ကိုယ်စားလှယ်များ၏ တာဝန်နှင့် ခံယူချက်များအရ နိုင်ငံတော်အပေါ် ပေးဆပ်ရန် ရှိသည်များကို ပေးဆပ်ရန် နားလည်ထားကြောင်း၊ တည်ဆဲ ဥပဒေများတွင် ပယ်ဖျက်ရန် သာမက ဖြည့်စွက်ရန် ရှိသည်များကို ဖြည့်စွက်ရန် လိုအပ်ကြောင်း ဦးစောမော်ထွန်းက ပြောကြားသည်။

စရိတ်ခံစားခွင့်နှင့် ပင်စင်ချီးမြှင့်ငွေများ တွင်လည်း ဥပဒေကြမ်း၌ မူလပုဒ်မ ၁၀ တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံတော် သမ္မတနှင့်ဇနီး၊ ဒုတိယ သမ္မတများနှင့်ဇနီး စာပိုဒ်နောက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ဇနီးဟု ထည့်သွင်း ဖော်ပြသင့်ကြောင်း၊ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတတို့၏ မိသားစု စာသားနောက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် မိသားစု၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် မိသားစု၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် မိသားစုဟု ပြင်ဆင်ဖြည့်စွက်သင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက အကြံပြုထားသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးမည့် ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၇ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်း နိုင်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

.. www.MyanmarExpress.net
 

8 comments:

No NLD or any other Demo-Loke-Sar MP can discuss such technical financial bill. Aung San Su Kyi (a lot of award winner) will also be silent. Even U Thein Nyunt will have to study such bill to understand it as he is only a criminal or civil lawyer.

မင်းကလည်း -
လွှတ်တော်ကိုယ်စားလှယ်လစာ ၂ဆတိုး ၆ သိန်း တောင်းတာ
နေ့တွက်စရိတ် ၂ ဆတိုး ၁ ရက် ၂ သောင်းတောင်းတာ
ကိုယ်စားလှယ် ၁ ယောက် ၁ လဝင်ငွေ၊ ၁၂ သိန်း ဖြစ်အောင်လုပ်တာ
အခွန်ကတော့ ချီးမြှင့်ငွေမို့ မဆောင်ချင်တာ
ဒါတွေလည်း ထည့်ရေးဦး၊ ကိုယ်စားလှယ်က မင်းအဖေမို့လို့လား
ကိုယ်စားလှယ် ၁ဦး ၁လ ၁၂ သိန်းနဲ့ တွက်ကြည့်ဦး
၁နှစ်ကို နိုင်ငံတော်က ဘယ်လောက်ကုန်မလဲ
လွှတ်တော်ပေါ်မှ ဘာ product မှ မရှိဘဲ ထိုင်စား၊ ညာစားတဲ့
လူတန်းစားတစ်ရပ် တိုးလာတယ်၊ ဆိုးပါ့။
ပြည်သူ/နိုင်ငံအတွက် ရင်လေးတယ်။

(လွှတ်တော်ကိုယ်စားလှယ်လစာ ၂ဆတိုး ၆ သိန်း တောင်းတာ
နေ့တွက်စရိတ် ၂ ဆတိုး ၁ ရက် ၂ သောင်းတောင်းတာ
ကိုယ်စားလှယ် ၁ ယောက် ၁ လဝင်ငွေ၊ ၁၂ သိန်း ဖြစ်အောင်လုပ်တာ
အခွန်ကတော့ ချီးမြှင့်ငွေမို့ မဆောင်ချင်တာ)
အပေါ်က ဒီသတင်း အမှန်ပဲလားမသိ
မှန်တယ်ဆိုရင် အဲဒီသတင်းရေးတဲ့ ခွေးမ သား မီဒီယာသမားက
ကိုယ်စားလှယ်ဟာ သူ့နှမလင်တွေမို့ ထည့် မရေးတာလား
ဒီမျိုးမစစ် မီဒီယာသမားတွေ များနေပြီ၊ သတင်းကို ပြည့်စုံအောင်
ဘယ်တော့မှ မရေးဘူး၊ ဘာ အမှန်တရားဘက်တော်သားလဲ
သောက်ရူးတွေ
-
-
-

ဒုသမ္မတ လစာ တစ်လ ၁၂ သိန်း
ကိုယ်စားလှယ်တစ်ဦး လစာ တစ်လ ၁၂ သိန်း
ဟား မြန်မာနိုင်ငံမှာ ဒုသမ္မတ မနည်းပါလား
-
-
-
-
-

ငါတို့က တိုင်းပြည်ချစ်လို့ အနစ်နာခံပြီးလုပ်နေကြ
တာကွ။ နောက်ဆုံး ကျတော့လဲ ဒါပါဘဲ

ပြည်သူပိုင်ငွေအလွဲသုံးစားမဲ့လူတွေအားလုံးဆန္ဒအပြခံချင်နေကြပြီထင်တယ်

ဒီလိုလာထိုင်ပြီနားထောင်တဲံ့ အလုပ်ကို လွယ်တယ်မထင်နဲ့ကောင်လေး

အမှန်တွေ ဘာလို့ ပြောနေကြတာလဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်