Subscribe to our RSS Feed

ငြိမ်းချမ်းရေးခရီး နီးချင်ပါပြီ အိုဘယ့်မြန်မာပြည်

From : .... New Myanmar News


နိုဝင်ဘာလမှာ ကျင်းပဖို့ မျှော်မှန်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်မှာ မဖြစ်နိုင်သေးဘူးလို့ နိုဝင်ဘာ ၄ ရက်နေ့က မြစ်ကြီးနားမှာ ကျင်းပခဲ့တဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ပြောသွားတာ
သိလိုက်ရတယ်ဗျာ။

ဘာကြောင့်လဲဆိုတော့ တပ်မတော်ရဲ့ သဘောထားဖြစ်တဲ့
၁။ ငြိမ်းချမ်းရေးရယူရန် အမှန်တကယ် ဆန္ဒရှိရန်
၂။ သဘောတူစာချုပ်များ၌ ကတိတည်ရန်
၃။ ငြိမ်းချမ်းရေး သဘောတူညီချက်များကို အမြတ်မထုတ်ရန်
၎။ဒေသခံများပေါ်တွင် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်
၅။ နိုင်ငံတော်က ထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်
၆။ ဒို့တာဝန်အရေး သုံးပါးနှင့် ဒီမိုကရေစီကျင့်စဉ်အရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ရန်
စတဲ့ အချက် ၆ ချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဘ၀င်မကျဘူးလို့ သိရတယ်။

ဒီအချက်တွေထဲက ဘာကို မကြိုက်တာလဲ။ ငြိမ်းချမ်းရေးယူဖို့ အမှန်တကယ်ပဲ ခင်ဗျားတို့တိုင်းရင်းသားအဖွဲ့တွေကဆန္ဒမရှိတာလား။ ဆွေးနွေးပွဲမှာ တိုင်းရင်းသားအဖွဲ့တွေက  “ကောက်ကျစ် စဉ်းလဲမှု မရှိသည့် အပစ်အခတ်ရပ်စဲရေး”နှင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်လိုတယ်လို့ အစိုးရကိုတောင်းဆိုတယ်ဆို။

တပ်မတော်ကလည်း "ကျွန်တော်တို့ အပေါ်ကို သံသယမရှိဖို့ အရေးကြီးပါတယ်"
လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသူ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက
တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေရာမှာ
ယုံကြည်ကြဖို့ ခင်ဗျားတို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အတိအလင်းပြောထားတာပဲ။

တပ်မတော်ဘက်ကလည်း ငြိမ်းချမ်းရေးကို ရအောင်ကိုလုပ်မယ်ဆိုတာ သိသာနေတဲ့အချိန်မှာ
ဒါကို ခင်ဗျားတို့ အဖွဲ့တွေ မယုံကြည် ကြတာလား။ ဒါမှမဟုတ် ငြိမ်းချမ်းရေးယူဖို့
စိတ်မပါလို့လား။ဘာကိုအဆင်မပြေဖြစ်နေတာလည်းအမှန်တကယ်ငြိမ်းချမ်းရေးရော လိုချင်ရဲ့လားဆိုတာ စဉ်းစားစရာပါ။

 
ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားမှာ အစိုးရအဖွဲ့တွေနဲ့ မဆွေးနွေးခင်
လိုင်ဇာမှာ တိုင်းရင်းသားအဖွဲ့တွေ ဆွေးနွေးတုန်းက ကျုပ်တို့ ကချင်ပြည်သူတွေ
ခင်ဗျားတို့ KIA နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဘယ်လိုခမ်းခမ်းနားနားကြိုခဲ့လဲ
တွေ့ကြမှာပါ။ ဒါဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျုပ်တို့ပြည်သူတွေ တသားတည်း
ဖြစ်နေတာလို့ ထင်ရင် မှားသွားပါလိမ့်မယ်။ အစိုးရတပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲ
ဖြစ်ရင် ကြားကနေစစ်ဒဏ်ခံရတာ ကျုပ်တို့ ပြည်သူတွေပါ။ ကိုယ့်မှာ ပြန်လုပ်စရာ ဘာလက်နက်မှ
မရှိတဲ့ ကျူပ်တို့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေးရမှသာ ဒီဒုက္ခဆင်းရဲ စစ်ဘေးဒဏ်ကနေ
လွတ်ခွင့်ရမှာပါ။ တိုက်ပွဲတွေရှိနေသရွေ့ ကျုပ်တို့ ပြည်သူတွေဘ၀က ဘယ်လိုလုံခြုံနိုင်မှာလဲ။
ဒါကြောင့်မို့ ခင်ဗျားတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့
လိုင်ဇာကဆွေးနွေးပွဲကို ၀မ်းပန်းတသာ အားပါးတရ ကြိုဆိုခဲ့ကြတာပါ။ ခင်ဗျားတို့ လက်နက်ကိုင်
အဖွဲ့တွေနဲ့ တသားတည်းရှိလို့ လာကြိုကြတာမဟုတ်တာ သိစေချင်ပါတယ်။

ခင်ဗျားတို့နဲ့ သာတသားတည်းရှိရင် ကျုပ်တို့တတွေလည်း လက်နက်ကိုင်ပြီး အစိုးရကိုတိုက်ဖို့
ခင်ဗျားတို့ရဲ့ အဖွဲ့တွေထဲ ၀င်လာကြမှာပေါ့။ ကျုပ်တို့ လိုချင်တာက ငြိမ်းချမ်းရေးပါပဲ။ ဒီအချက်ကို
ခင်ဗျားတို့တတွေ သိပေးပါလို့ တောင်းဆိုပါရစေ။

တပ်မတော်ရဲ့ ဒီသဘောထားကိုတော့ ကျုပ်တို့ပြည်သူတွေ ကြိုဆိုတယ်ဗျာ။ ထောက်လည်းထောက်ခံတယ်။
ဒေသခံများပေါ်တွင် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်တဲ့။ ဒါကိုခင်ဗျားတို့ လက်နက်ကိုင်အဖွဲ့တွေ
သဘောတူ မလုပ်ပေးနိုင်ကြဘူးလားဗျာ။ ခင်ဗျားတို့တတွေ ကိုယ့်ကိုကိုယ် သိကြမှာပါ။
တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ကျုပ်တို့ ပြည်သူတွေခမြာ တိုက်ပွဲနဲ့ လွတ်ရာကို အသက်လုပြေးကြရတယ်။
ကိုယ်ပိုင်တဲ့ အိမ် ပစ္စည်းဘာတစ်ခုမှ မယူနိုင်အောင် စစ်ဘေးဒုက္ခသည်အမည်ခံပြီး
ခင်ဗျားတို့ တိုက်တဲ့ တိုက်ပွဲ ဒုက္ခ၀န်ပိုးတွေကို ကျုပ်တို့ပါ ၀င်ထမ်းနေရတာဗျ။ ကျုပ်တို့ အတွက်
ဒီဝန်ထုတ်ဝန်ပိုးတွေကို ဖြေလျော့ပေးဖို့ တပ်မတော်က တောင်းဆိုတာကို လက်ခံပေးဖို့
အနူးအညွတ်တောင်းပန်ပါရစေ။

နောက်တပ်မတော်က ပြောတဲ့ ဒို့တာဝန်အရေး သုံးပါးနှင့် ဒီမိုကရေစီကျင့်စဉ်အရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ရန်  ဆိုတာကို ခင်ဗျားတို့ ဘ၀င်မကျဘူးလို့ သိရတယ်။
ကျုပ်တို့ ပြည်သူတွေအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ၀င်ပြောရအောင်လည်း
အသိဥာဏ်မမှီသေးပါဘူး။ ကျုပ်တို့ကို အပြစ်မတင်ပါနဲ့။ ကျုပ်တို့မှာ ၀မ်းရေးအတွက် ရှာရဖွေရနဲ့
ဒီအခြေခံဥပဒေ စာအုပ်ကြီးကို ဘယ်ချိန်သွားဖတ်ရမှာလဲ။ ဖတ်ထားမယ်လို့ ထင်ရတဲ့ ခင်ဗျားတို့တတွေ
သာ ဒီအခြေခံဥပဒေထဲက ကျုပ်တို့ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ဟာတွေကို အကျိုးရှိအောင်
ခင်ဗျားတို့ လုပ်ပေးရမှာပါ။ ဒီအခြေခံဥပဒေနဲ့ လိုက်ပါဆောင်ရွက်ဖို့ ခင်ဗျားတို့ သဘောမကျ
ရင်လည်း ရအောင်ပြင်ပါ။ ရပါတယ်။ တပ်မတော်က ကာကွယ်ရေးဦးစီးချုပ်ကလည်း
ပြင်လို့ရပါတယ်လို့ အတိအလင်းပြောထားတယ်။ လွှတ်တော်ထဲမှာလည်း ဒီအခြေခံဥပဒေကို
လေ့လာဖို့အတွက် အဖွဲ့ဖွဲ့ပေးထားသလို ပါတီအချို့ကလည်း ပြင်ဖို့ ကြိုးစားနေတာ
ကျုပ်တို့ သိရပါတယ်။ ခင်ဗျားတို့လည်း ပြင်ပါ။ အစိုးရပြောတဲ့ အပစ်အခတ်အရင်ရပ်ပြီး နိုင်ငံရေး
ဆွေးနွေးပွဲတွေမှာ ခင်ဗျားတို့ ပြင်ချင်တာတွေ ဆွေးနွေးချင်တာတွေ လုပ်ကြပေါ့။
လုပ်လို့ရပါတယ်ဗျာ။

ကျုပ်တို့ပြည်သူတွေ သေနတ်သံတွေ။ ဗုံးသံတွေ။ အော်ဟစ်ပြေးလွှားသံတွေကို ကြောက်နေပါပြီ။
တိုက်ပွဲရဲ့ မြေဇာပင်ဘ၀က လွတ်ချင်ပါပြီ။ ခင်ဗျားတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေသာ
ကျုပ်တို့ တိုင်းရင်းသားတွေအကျိုးအတွက် တကယ်ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင်
ဒီငြိမ်းချမ်းရေးကြီး ဖြစ်မြောက်အောင် အရင်ကြိုးစားပေးပါ။ အစိုးရနဲ့ ညှိနှိုင်းပေးပါ။ အစိုးရဘက်ကလည်း
ညှိညှိနှိုင်းနှိုင်းလုပ်ပေးပါလို့ ကျုပ်တို့ တိုင်းရင်းသားပြည်သူတွေကတောင်းဆိုပါတယ်ဗျာ။ ကျုပ်တို့ နိုင်ငံကြီး
က တိုင်းရင်းသားပေါင်းစုံတဲ့ ပြည်ထောင်စုနိုင်ငံကြီးပါ။ ဒီမြေပေါ်မှာ တပ်မတော်ကဖြစ်ဖြစ်၊ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေကပဲ ဖြစ်ဖြစ် ဘယ်သူ့သွေးမှ ကိုယ့်မြေပေါ်မှာ ကျတာမမြင်ချင်တော့ပါဘူး။
အစိုးရအနေနဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့ ကြိုးစားနေတဲ့ သမိုင်းဝင်မဲ့ ခုလိုအချိန်အခါပေါ်မှာ
ခင်ဗျားတို့ လက်နက်ကိုင်အဖွဲ့တွေလည်း အားလုံးစုံစုံညီညီပါဝင်ကြမယ်လို့ ယုံကြည်လိုက်ပါရစေ။
ငြိမ်းချမ်းရေးခရီးနီးချင်လှပါပြီဗျာ။

ငြိမ်းချမ်းချင်တဲ့ ကချင်ပြည်သူတစ်ဦး

6 comments:

To achieve peace as ငြိမ်းချမ်းချင်တဲ့ ကချင်ပြည်သူတစ်ဦး wants many insurgents if not all must surrender unconditionally. Or throw away their arms and go home.

ဒီလောက်ကန်းတက်နေတဲ့ကောင် သုံးရက်နဲ့အပြတ်တိုက်လိုက်းးးးးးးး

လက် နက် ကိုင် ပြိး လုပ် စား ရ တာ အရသာ တွေ့ နေ ကြ ပြိ တိုင်း ရင်း သား ပြည် သူ ကို မ ငဲ့ ဘဲ လက် နက် နဲ့ လုပ် စား နေ ကြ တာ လေ

အ မှ န် က တိုင်း ရင်း လို့ အ မည် ခံ ပေ မဲ့
ဘိန်း ဘု ရ င် တွေ ပါ သူ ခိုး တွေ ပါ ညှိ လို့ ရ မှာ မ ဟုတ် ပါ

တ ရုတ် က မြန် မာ သယံ ဖာ တ ကို သူ ပုန် တွေ ဆီက အ လကား လောက် ယူ ပြိး လက် နက် ပေး နေ တာ ငါ တို့ ပြည် သူ တွေ သိ ပါ တယ်

ငါ တို့ တိုင်း ပြည် ပျက် အောင် လုပ် နေ တာ တရုတ် ပါ တ နေ့ နေ့ တော့ ဝဒ် လည် မှာ ပါ တ ရုတ် ကြိး

သူ ပုန် တွေ ကို ပြော ချင် တယ် အ စိုး ရ က ပြေ ရာ ပြေ ကြောင်း ခေါ် နေ တုးံ လာ ခဲ့ ကြ ပါ


မ လာ ရင် တော့ သူ ပုန် တွေ မ ကြာ ခင် ခွေး ပြေး ပြေး ဘို့ ပြင် ထား ကြ

သူ ပုန် တွေ ဒီ တ ခါ ပြည် သူ ပါ ပါ မယ် မင်း တို့ က ပါ အောင် လုပ် မှာ ပါ မြို့ တွေ တက် ဗုးံ ခွဲ မယ် ရထား မိုင်း ထောင် မယ် ဒီ တ ခါ တော့ ငါ တို့ ပြည် သူ တွေ ပါ ဝင် ပြိး တိုက် တော့ မယ်

မင်း တို့ လုပ် တာ တ ခု မှ အ ကောင်း မ ရှိ ဘူး အ ဖျက် လုပ် ရပ် ကြိး ဘဲ

တွေ့ ကြ တာ ပေါ့ ကွာ

Wishing to have peace alone will not do. The history and open discourses at the highest level and debate so that all the citizen and the world should judge. Hatred must cease. One sided opinion is unwise.

မောင်မောင်ခေါ်တုန်း ဗျာထူးထားနော် အချိန်အများးကြီးးမယူဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်