Subscribe to our RSS Feed

အင်္ဂလိပ် ကို တိုက်ထုတ်ခဲ့သည့် သခင်လှကြိုင်အကြောင်းတစေ့တစောင်း

From : .. Kyaw Swar Myint


ပဲခူးမြို့၊ရွှေစေတီဘုရားလမ်းသွယ်၊အိုးလေးစု၊မဇင်းရပ်ကွက်၊ အိမ်အမှတ်(မရှိ)နေသူ လှကြိုင်(ခ) သခင်လှကြိုင်၊(၉၂)နှစ်၊ (ဘ)ဦးအောင်ပွင့်(ကွယ်)၊(မိ)ဒေါ်တိုး(ကွယ်)မှ ပဲခူးမြို့၊ဇိုင်းတောင် ရပ်ကွက်၊ခရစ်ယာန်ဘုရားကျောင်းရှိပဲခူးမြစ်ကူးတံတား၊လူကူး စင်္ကြံ လမ်းမှနေ၍ ဖြတ်သန်းသွားလာသူပြည်သူလူထုအား ငွေကြေးတောင်းရမ်းစားသောက်နေမှုနှင့်ပတ်သက်၍(၉.၁၁.၂၀၁၃) နေ့ နေ့လည်(၁၂း၀၀)အချိန်ခန့်က ၄င်းနေထိုင်ရာအိမ်သို့ ပဲခူးမြို့ပေါ်ရှိ စိတ်ဝင်စားသူအချို့မှသွားရောက်မေးမြန်းခဲ့ကြသည်။ ဦးလှကြိုင်(ခ)သခင်လှကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ကရင်အေးကျေးရွာ ဇာတိဖြစ်ပြီး မွေးချင်း(၅)ဦး အနက်၊အကြီးဆုံးသားဖြစ်ကြောင်း၊မွေးချင်းများမှာဒေါ်တင်မြ(ညီမ) ၊ဦးတွတ်နီ(ညီ)၊ ဦးအုံးလှ(ညီ)နှင့်ဦးဖြူဝင်း(ညီ)တို့ဖြစ်ပြီး မွေးချင်း များနှင့်အဆက် အသွယ်ပြတ်တောက်ခဲ့သည်မှာ (၁၀)နှစ်ကျော်ခန့် ရှိပြီဖြစ်ကြောင်း၊ဦးလှကြိုင်(ခ)သခင်လှကြိုင်သည်၁၉၃၈ ခုနှစ်ခန့် က ဧရာဝတီတိုင်း၊ဗိုလ်ရန်နိုင် သခင်တပ်သို့စတင်ဝင်ရောက် အမှုထမ်းခဲ့ပြီး ပဲခူးတိုင်းအနောက်၊သာယာဝတီ ခရိုင်နှင့်ဧရာဝတီ ခရိုင်တို့တွင် အမှုထမ်းခဲ့ကြောင်း၊အမှုထမ်းခဲ့စဉ် ပဲခူးတိုင်းအနောက် ရွှေတောင်တိုက်ပွဲ၌ နယ်ချဲ့အင်္ဂလိပ်တပ်များအားလည်းကောင်း၊ သာယာဝတီခရိုင်အနောက်ခြမ်းနှင့်မော်လမြိုင်ဒေသတို့တွင် ဖက်စစ်ဂျပန်တပ်များအားဗိုလ်ရန်နိုင်၊ သခင်ထွန်းအုပ်တို့နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြောင်း၊ တိုက်ပွဲဝင်ခဲ့သည့်ကာလအတွင်း ဘယ်ခြေမျက်စိ၌ သေနတ်ကျည်ဆံရှပ်မှန်သည့်ဒဏ်ရာ ရရှိခဲ့ဘူးကြောင်း၊ တပ်ကြပ်ကြီးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ တို့ဗမာအစည်းအရုံးသို့ဝင်ရောက်ခဲ့ဘူးကြောင်းနှင့်၁၉၄၆-၄၇ခုနှစ်တွင် လက်နက်အပ်၍တပ်မှထွက်ခဲ့ကြောင်းပြောဆိုခဲ့သည်။ ဦးလှကြိုင်(ခ)သခင်လှကြိုင်မှ ၄င်းသည်တပ်မှ ထွက်ပြီးနောက် မော်လမြိုင်မြို့နေ ဒေါ်ဝက်နှင့်အိမ်ထောင်ပြုခဲ့ရာ သမီးဒေါ်ခင်လှနှင့် သမီးဒေါ်သန်းစိန်တို့(၂)ဦးထွန်းကားခဲ့ကြောင်း၊ဒေါ်ခင်လှသည် တစ်ရပ်ကွက်တည်းနေထိုင်ပြီး ဒေါ်သန်းစိန်မှာ ၄င်းနှင့်အတူနေထိုင် လျှက်ရှိကြောင်း၊အိမ်ထောင်ပြုပြီးနောက် ရန်ကုန်မြို့၊မြောက်ဥက္ကလာပ မြို့နယ်၊ဈရပ်ကွက်၌မိသားစုနှင့်အတူဆေးဆိုးပန်းရိုက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့စဉ် ဇနီးဖြစ်သူမှာ ၁၉၉၃ ခုနှစ်ခန့်တွင် ကွယ်လွန်ခဲ့သဖြင့် စီးပွားရေးအဆင်မပြေ၍ ပဲခူးမြို့၊ရွှေစေတီဘုရား လမ်းသွယ်၊အိုးလေးစု၊မဇင်းရပ်ကွက်သို့မိသားစုများနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ပဲခူးမြို့သို့ရောက်စဉ်သမီးဒေါ်သန်းစိန်မှ ဆေးလိပ်လိပ်သည့်အလုပ်ဖြင့်မိသားစုစားဝတ်နေရေးဆောင်ရွက် ခဲ့ရာမှ သမီးဖြစ်သူမှာ ကျန်းမာရေးမကောင်းသဖြင့်သမီး၏ သားဖြစ်သူမင်းသက်ထွန်း၏နေ့စားပန်းရံလုပ်ငန်းဖြင့် အသက်မွေးဝမ်း ကြောင်းပြုခဲ့ကြောင်းပြောဆိုခဲ့သည်။၎င်းနောက်ဦးလှကြိုင်(ခ) သခင်လှကြိုင်မြေးဖြစ်သူ မင်းသက်ထွန်းမှာ ၂၀၁၃ ခုနှစ်၊ဇူလှိုင်လ ခန့်က ဆိုင်ကယ်တိုက်မှုဖြင့်ထောင်ဒဏ်(၃)လကျခံခဲ့စဉ် ယခင်နေထိုင် ခဲ့သည့်နေအိမ်အား (၁၂)သိန်းကျပ်ဖြင့်ရောင်းချ၍ ဆိုင်ကယ်တိုက်မှု အတွက်လျော်ကြေးငွေပေးခြင်း၊ မိသားစုစား ၀တ်နေရေးအတွက် အသုံးပြုခြင်းများဆောင်ရွက်ခဲ့ရာကနေ ငွေကြေးအဆင်မပြေတော့ သဖြင့် ပဲခူးမြို့ဇိုင်း/တောင်ရပ်ကွက်၊မြစ်ကူးတံတားခရစ်ယာန်ဘုရား ရှိခိုးကျောင်း အရှေ့မှ နေ၍လမ်းသွားလမ်း လာများ အားငွေကြေး တောင်းရမ်းခဲ့ကြောင်းပြောဆိုခဲ့သည်။ ၄င်းအနေဖြင့် ယခုအခါ သမီးဖြစ်သူ ဒေါ်သန်းစိန်၊မြေးဖြစ်သူ မင်းသက်ထွန်း(၂၃)နှစ်တို့နှင့်အတူတစ်လမ်းတည်းနေ ဦးတင်အောင်စိုး၊ဒေါ်ရီ တို့ပိုင်ဆိုင်သည့် ခြံကွက်လပ်၌ ပိုင်ရှင်တို့၏ သနားညှာတာမှုဖြင့်တဲအိမ်ဆောက်လုပ်၍ နေထိုင်လျှက်ရှိပြီး ၄င်းနေအိမ်မှ ငွေကြေးတောင်းရမ်း ခဲ့ရာကယခုအချိန်ထိဖြစ်ကြောင်း၊ တောင်ရမ်းစားသောက်မှုအပေါ်မိသားစုဝင်များသိရှိ၍ တားမြစ် ခဲ့သော်လည်း စားဝတ်နေရေး အရတောင်းရမ်းနေရခြင်းဖြစ်ကြောင်း ဖြင့်ပြောဆိုခဲ့သည်။  

ယခုအခါမှာတော့ စစ်တပ်အသိုင်းအဝိုင်းရဲ့ ကျေးဇူးကြောင့် နေထိုင်စားသောက်မှု အကူအညီများ ပြည့်စုံရရှိခဲ့သည့်အပြင်  ပြည်တွင်းပြည်ပမှ စေတနာရှင်များ၏ ထောက်ပံ့မှုများ တဖွဲဖွဲရောက်လာပြီး၊ ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် ပဲခူးမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့မှလည်း လစဉ်ကြေးများထောက်ပံ့နေပြီ ဖြစ်သဖြင့် သခင်လှကြိုင်နှင့် သခင်လှကြိုင်မိသားစုမှ တပြုံပြုံးနှင့် ၀မ်းသာလျှက်၇ှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

. www.MyanmarExpress.net

4 comments:

ထောက်ပံ့ လိုက်ပါကွာ...၀န်ကြီးတွေ အငယ်အနှောင်း ထောက်ပံ့တာရဲ့ အပုံတစ်သန်း ပုံရင် တစ်ပုံ လောက်ပါပဲ .ဟဲဟဲ..

စုကြည် (၈၈) ကျောင်းသား ပြည်ပကဒီမိုလုပ်စား တွေ တိုင်းပြည်ကိုေ၇ာင်းစားပီး ဆုတံဆိပ်တွေ ဆုငွေတွေ အများကြီး ၇နေတယ်သာဆိုတာ ပဲခူးမြို့မှာ သခင်လှကြိုင် (၉၂)နှစ် လို တိုင်းပြည်အကျိုးဆောင်ခဲ့သူတွေ တောင်းစားတဲ့အဖြစ်ဆိုးမျိုး ကြုံနေ၇တာကို ကူညီ၇ကောင်းမှန်းမသိကြဘူး


တကယ်တန်းကျတော့ သခင်လှကြိုင်ကို တပ်မတော်အသိုင်းအဝိုင်းကဘဲ့ စောင့်ေ၇ှာက်တာပါ

တပ်မတော်အသိုင်းအ၀ိုင်းက စောင့်ရှောက်နေလို့ ၉၂ နှစ်အရွယ် ကြီးက တောင်းစားနေရတဲ့ ဘ၀အထိရောက်သွားတာလား စစ်ခွေးရဲ့။

Very good. I am very happy to hear good news.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်