Subscribe to our RSS Feed

ရှမ်း နိုင်ငံရေးပါတီနှစ်ခု ပူးပေါင်းမည်ဟု SNLD ဆို

From : .. http://myanmar-election.blogspot.com/2013/11/snld.html


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အဖွဲ့ဝင်များ၏ တိုက်တွန်းမှုနှင့် ရှမ်းပြည် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ၏ သဘောတူညီချက်အရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် SNLD တို့ ပူးပေါင်းမည် ဖြစ်ကြောင်း SNLD ၏ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားတွင် ထုတ်ပြန် ကြေညာသည်။

ယင်းသို့ ပူးပေါင်းနိုင်ရန် SNDP ထံ ဖိတ်ခေါ် ကမ်းလှမ်းမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် ဝင်ရောက် ယှဉ်ပြိုင်ရန် သင့်မသင့် လေ့လာ သုံးသပ်သွားမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ရှမ်း နိုင်ငံရေးပါတီနှစ်ခု ပူးပေါင်းရန်အတွက် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောဆိုထားသည့် လူမျိုးတစ်မျိုး ပြည်နယ်တစ်ခု ဟူသည့် အခြေခံမူသည် အဓိက အတားအဆီး ဖြစ်လာနိုင်ဖွယ် ရှိကြောင်း၊ နှစ်ပါတီ ပူးပေါင်းရေး ကြိုတင်သတ်မှတ်ချက် မရှိပါက ပူးပေါင်းရေး ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။
“နှစ်ပါတီပေါင်းဖို့ ပြည်သူလူထုရှေ့မှာ သုံးကြိမ် ဆွေးနွေးမယ်လို့ ဦးခွန်ထွန်းဦးက ပြောထားတယ်လို့တော့ ကြားတယ်” ဟု ၎င်းကဆိုသည်။

နှစ်ပါတီ ပူးပေါင်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆွေးနွေးပွဲများအတွက် ကြိုတင် ကန့်သတ်ချက် (preconditions) လုံးဝရှိမည် မဟုတ်ကြောင်း၊ ပါတီနှစ်ခု၏ အခြေခံမူများ အပေါ်၌မူ အဓိက ဆွေးနွေးရဖွယ် ရှိကြောင်း SNLD အထွေထွေ အတွင်း ရေးမှူး ဦးစိုင်းညွန့်လွင်က ပြောဆိုသည်။
“ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်းနဲ့ ဘာမှလျှို့ဝှက်မထားဖို့ အစီအစဉ် ရှိပါတယ်” ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

ထို့ပြင် စစ်မှန်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး အကြိုနိုင်ငံရေး ဆွေးနွေးပွဲများကို SNLD က ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) က လက်မှတ် ရေးထိုးထားမှုနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့က လက်မှတ်ရေးထိုးရန် ပြောကြားထားမှုအပေါ် SNLD က ထောက်ခံကြောင်း အဆိုပါ ငွေရတု ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသား နိုင်ငံရေးပါတီကြီးများ ပါတီတစ်ခုအဖြစ် ပူးပေါင်းရန် လုပ်ဆောင်လျက် ရှိကြသည်။

ရခိုင် တိုင်းရင်းသားပါတီနှစ်ခု ပူးပေါင်းရန် ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားသကဲ့သို့ အခြား မွန်နှင့် ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီ များလည်း ပါတီတစ်ခု အဖြစ်သို့ အသီးသီး ပူးပေါင်းနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။
 
 
.. www.MyanmarExpress.net
 

4 comments:

These people does not seems to understand the democratic society is a pluralistic society.

SNDPမှာဒု-ပါတီညီလာခံကတည်းကညှိနှိုင်းရေးကော်မတီ၅ဦးဖွဲ့ထားပြီဖြစ်သည်။၎င်းတို့လုပ်ဆောင်ချက်နှင့်ပါတီ၏ပြောရေးဆိုခွင့်တို့၏အသံသည်သာအခရာကျပါသည်။မဆိုင်သူဂလိုင်ခေါက်ရင်လမ်းလွဲနိုင်သည်။

လုပ် ကြ စမ်း ပါ ငါ မ စွဲ နဲ့ လူ မိုး မ စွဲ နဲ့ ဖယ် ဒ ရယ် ဆို တဲ့ မူ လုပ် ချင် တယ် ဆို လဲ နိုင် ငံ တပ် မ တော် က တ ခု ဘဲ ဖြစ် ရ မယ် ရှမ်း က တိုင်း ပြည် အ ကိုး လုပ် ဆောင် ချက် တွေ ကောင်း လွန်း ရင် ပြည် သူ တွေ က ခင် ဗျား တို့ ပါ တီ ကို မဲ ပေး မှာ ဘဲ မဲ တွေ ရ ရင် သမ္မ တ တောင် လုပ် လုပ် လို့ ရ တယ် ငါ တို့ ပြည် မ က ဘယ် တိုင်း ရင်း သား က ဗိုဟ် ခူပ် မူး ကြိး ဖြစ် ဖြစ် သမ္မတ ဖြစ် ဖြစ် လက် ခံ တယ် ကြည် ဖြူ တယ် နိုင် ငံ အ တွက် တိုင်း ပြည် အ တွက် သာ လုပ် ကြ မယ် ဆို ရင် ကြို ဆို လျက် ပါ ငါ တို့ လူ မိုး မ ခွဲ ခြား ဘူး စိတ် ဓါတ် မြင့် မား ပါ တယ်
ယ ခု လဲ ဗီု ဟ် ခူပ် မူး ကြိး က မွန် ပါ ဒု သမ္မ တ က ရှမ်း ပါ ဗျာ ဗမာ လူ မိုး က မ ခွဲ ခြား ပါ ဘူး ရန် ကုန် မန္တလေး ရှမ်း က ခိင် က ရင် ချင်း တွေ အ များ ကြိး နေ ကြ ပါ တယ် ဝ မ်း သာ မိ ပါ တယ် ဗျာ နိုင် ငံ အ တွက် လုပ် ကြ စမ်း ပါ ဗျာ အိမ် နီး ခိင်း နိုင် ငံ တွေ နဲ့ ရှင် ရင် တော် တော် နောက် ကျ နေ ပါ ပြိ လူ မိုး ရေး ဘာ သာ ရေး မ ခွဲ ခြား ကြ ပါ နဲ့ တော့

ဘယ် မူ နဲ့ ဘဲ သွား သွား တပ် မ တော် ဟာ တ ခု ဘဲ ထား ကြ ပါ အြန် မာ့ သ မိုင်း မှာ လဲ ဆိုး ကိုး တွေ ရှိ ခဲ့ ပါ ပြိ

နိုင် ငံ နဲ့ ပြည် သူ တွေ အ တွက် တက် ညီ လက် ညီ လုပ် ကြ ပါ စို့

TT

ဗကပလူထွက်ရဲထွန်းကရှမ်းလားဗမလား။ပြီးတော့ပြောရေးဆိုခွင့်ပေးထားလမား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်