Subscribe to our RSS Feed

ယခုနှစ် သင်္ကြန်နှင့် နွေရာသီ၌ ရေလုံလောက်စွာ ရရှိရန် ဆောင်ရွက် ထား

From :

အခုနှစ် သင်္ကြန်မှာ ရေကို လုံလောက်အောင် ကစားနိုင်ရုံ သာမကဘဲ နွေအခါ မှာလည်း ရေပူစရာ မလိုအောင် ရန်ကုန်တိုင်း ဒေသကြီး မှာရှိတဲ့ ရေလှောင်ကန်ကြီး
တွေမှာ ရေလုံလောက်စွာ သိုလှောင် ထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရေနှင့် သန့်ရှင်းရေး ဌာမှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က လှော်ကားကန်မှာ ရေအမြင့်ပေ ၄၅ ပေကျော် သာရှိခဲ့ရာက အခုနှစ် မှာတော့ ၅၅ ပေ ရှိတာကြောင့် ၁၀ ပေခန့် မြင့်တက် ခဲ့တာ ဖြစ်ပြီး၊ ဂျိုးဖြူကန် မှာတော့ မနှစ်က ၁၈၈ ပေ ကျော်ရှိခဲ့ပြီး ဒီနှစ် မှာတော့ ပေ ၂၀၀ ကျော်ရှိတဲ့ အတွက် ၁၂ ပေခန့် မြင့်တက် ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖူးကြီးကန် မှာတော့ အရင်နှစ်က ၁၀၂ ပေကျော် ရှိခဲ့ပြီး ဒီနှစ် မှာတော့ ၁၀၉ ပေကျော်ရှိတဲ့ အတွက် ၇ ပေခွဲမြင့်တက် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ အတွက် အခုနှစ် သင်္ကြန်နဲ့ နွေရာသီ မှာတော့ ရေကို လုံလောက်အောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်္ကြန်ရက် အတွင်း မဏ္ဍပ်တွေ အတွက် ရေအသုံးပြုခ ကတော့ တစ်လက်မ ပိုက်နဲ့ တစ်လက်မခွဲ ပိုက်အတွက် ကျပ် ၈ သောင်း၊ ၂ လက်မပိုက် အတွက် ကတော့ ကျပ်တစ်သိန်း နှစ်သောင်းနဲ့ ၃ လက်မ ပိုက်အတွက် ကတော့ ကျပ်၂ သိန်း ၂ သောင်း ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်