ဧပြီလ (၁) ရက်နေ့ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်စန္ဒာမင်းအနေဖြင့် ၄င်းအပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ အရေးယူပေးရန် ရွေးကောက်ပွဲကော်မရှင်သို့ တိုင်စာတစ်စောင်ကို မတ်လ (၁၉) ရက်နေ့က ပေးပို့ခဲ့ပါတယ်။
ဒီတိုင်ကြားစာမှာ ဇမ္ဗူသီရိမြို့နယ်က အန်လ်အယ်ဒီပါတီနဲ့ ယှဉ်ပြိုင်အရွေးခံမယ့် ကြံ့ခိုင်ရေးက လွတ်တော် အမတ်လောင်းဦးဌေးဝင်းက ဒေါ်စန္ဒာမင်းနဲ့ ၈၈ကျောင်း သားကိုဌေးကြွယ်တို့ရဲ့ လူမှုရေး ဖောက်ပြန်မှုတွေကို အကြောင်းပြပြီး အန်လ်အယ်ဒီပါတီသိက္ခာကျဆင်းစေဖို့၊ မဲမရရှိစေဖို့လုပ်ဆောင်လျက်ရှိ တယ်လို့စွပ်စွဲဖော်ပြထားပါတယ်။ အန်လ်အယ်ဒီပါတီအနေနဲ့ အဲဒီကိစ္စအပေါ်မှာ ဖြေရှင်းခြင်းမပြုပဲ အမှန်တရားပေါ်ပေါက်အောင် ဖော်ထုတ်စုံစမ်းနေကြောင်း ဒေါ်စန္ဒာမင်းရဲ့တိုင်ကြားစာဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေး လုပ်ဆောင်ချက်သာဖြစ်ပြီး ပါတီအနေဖြင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်း သိရှိရပါတယ်။ တိုင်ကြားစာမှာ ဒေါ်စန္ဒာမင်းအနေနဲ့ အမေစုရဲ့ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေကိုပါ ထည့်သွင်းတိုင်ကြားခဲ့လို့ အမေစုသိက္ခာကျမှာကို အန်လ်အယ်ဒီပါတီဝင်များက စိုးရိမ်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ခပ်ပြုံးပြုံးပဲလို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တာဝန်ပေးအပ်ခဲ့တဲ့သူတွေထဲက ဇမ္ဗူသီရိလွတ်တော် အမတ်လောင်း ဒေါ်စန္ဒာမင်းကတော့ အကျင့်သိက္ခာနဲ့ပတ်သတ်ပြီး သတင်းများကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုအကျင့်စာရိတ္တနဲ့ သက်ဆိုင်တဲ့သတင်းများနဲ့ ပြဿနာအရှုပ်အရှင်းများကို ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်ကိုအကြည်ညိုပျက်စေမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ကိုယ်ရေး ကိုယ်တာကိစ္စတွေပါ ထည့်သွင်းပြီး ဓာတ်ပုံစာသားတွေနဲ့ အတူပေးပို့တိုင်ကြားခဲ့တာ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စန္ဒာမင်းရဲ့ချမ်းသာမှုတွေကြောင့် မပြောဆိုရဲဘူးလို့ သိရပါတယ်။ သူ့ရဲ့တိုင်ကြားစာကြောင့် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်သိက္ခာ ကျဆင်းစေရုံသာမကပဲ အန်လ်အယ်ဒီပါတီ အပေါ်မှာလည်း ပြည်သူလူထုအနေနဲ့ ထင်ယောင်ထင်မှားဖြစ်နေကြပါတယ်။ ဖြေရှင်းသင့်တဲ့ကိစ္စကို မဖြေရှင်းပဲ ရေငုံနှုတ်ပိတ်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က လုပ်ခိုင်းလို့လုပ်တာနေမှာပါလို့လည်း ပြောဆိုနေကြ ပါတယ်။ ဒေါ်စန္ဒာမင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်သိက္ခာကျဆင်းစေမယ့် လုပ်ရပ်တွေ ပါတီအပေါ် ပြည်သူလူထု အယုံကြည်ပျက်စေမယ့်ကိစ္စတွေ ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင်လည်း NLD ပါတီက ဘာမှပြောမှာမဟုတ်ဘူးလို့သိရပါတယ်။အဓိကအကြောင်းအရင်းကတော့ NLD ရပ်တည်မှုမှာ ဒေါ်စန္ဒာမင်းရဲ့ ငွေကြေးအနည်းငယ်ချမ်းသာမှုက အထောက်အကူပြုနေတာကြောင့် NLD ဆောင်ပုဒ်ဖြစ်တဲ့ အကျင့်စာရိတ္တ ကောင်းဖို့မလို များများထောက်ပံ့ဖို့လိုတယ်ဆိုတာနဲ့ကိုက်ညီတယ်လို့လည်း နေရာတော်တော်များများမှာ ကြားနေရပြီဖြစ်ပါတယ်။ ဒေါ်စန္ဒာမင်းရဲ့ လူမှုရေး ဖောက်ပြန်မှုဟာ ရွေးကောက်ပွဲကော်မရှင်နဲ့မဆိုင်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကလည်း အရေးယူ ဆောင်ရွက်ခြင်းမရှိဘူးလို့သိရပါတယ်။
Myanmar Express


4 comments:
ဒေါ်စုနောက်မှာလည်း တရုတ်သူဌေးတွေရောက်နေကြပြီ
အောဟော ဗူးပေါ်သလိုပေါ်တာတောင် ငြင်းချက်မထုတ်တော့တာလား၊ မသိချင်ယောင်ဆောင်တာလား။ အေးပေါ့လေ ဘွားတော်ကိုယ်တိုင်က မှန်ကန်မှုမရှိတာ ကျန်တာပြောလဲမောမှာပဲ။။။။။။။။။
ပြည်သူတွေကိုမညာပါနဲ့ တိုင်းပြည်ပျက်အောင်မလုပ်ပါနဲ့.. ပြည်သူတွေအတွက်စဉ်းစားပါ။ ဒေါ်စု ၀ဋ်လည်လိမ့်မယ် အမျိုးယုတ်မ ခင်ဗျားကိုမကျေနပ်ဘူး
ကိုင်း စန္ဒာမင်း ဘာပဲဖြစ်ဖြစ် ခုတော့ မင်းတို့သခင် ဘုရားလောင်းအယောင်ဆောင် ဒေ၀ဒတ်တစ်ကောင်လဲ လစ်ပီမဟုတ်လား... အော် လူတွေ ကိုယ့်ကိုယ်ကို သိဖို့လိုနေပြီ ... ဘာလုပ်ပြပြ ပြည်သူကလက်မခံတော့ဘူးဆိုတာ အဟား..........
ဖင်ပိတ်ငြင်းဆန်မနေပါနဲ့ကွာ အထက်ပြန်လှန်လာပါဦးမယ်...
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်