From : ခေတ်လူငယ်
Myanmar Express
မြောက်ကိုရီးယားသည် ၄င်းတို့၏ တာတိုပစ်ဒုံးကျည်များကို နိုင်ငံ၏ အနောက်ဘက် ကမ်းခြေတွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်း၌ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ မြောကိုရီးယား အာဏာပိုင်များသည် တရုတ်နိုင်ငံလုပ် Silkworm ဒုံးကျည်ကို ပြန်လည်မွမ်းမံ ထုတ်လုပ်ထားသည့် KN-01 မြေပြင်မှ ရေပြင်ပစ် ဒုံးကျည်နှစ်စင်းကို မတ် ၂၉ ရက်က စမ်းသပ်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ထို့အပြင် ၄င်းတို့သည် အဆိုပါ ဒုံးကျည်အမျိုးအစား နှစ်စင်ကိုလည်း မတ် ၂၈ ရက် မွန်းလွဲပိုင်းက စမ်းသပ်ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။ မြောက်ကိုရီးယား အာဏာပိုင်များသည် ဧပြီလတွင် ပစ်လွှတ်မည့် တာဝေးပစ် ဒုံးကျည် အစီအစဉ်အတွက် ယခုအခါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
1 comments:
ဆောက်ကိုးရီးယား(South Korea)နဲ့မြောက်ကိုးရီးယားနဲ့
စစ်ဖြစ်မှ ဆောက်ကိုးရီးယားကကောင်တွေ အမေရိကန်ကို
အဖေခေါ်ထားရတာကောင်းမကောင်းသိမှာ ။ နှစ်နိုင်ငံလုံး
ထောင်းလမောင်းကျေသွားနိုင်ပေမဲ့ အမေရိကန်မြေပေါ်မှာ
စစ်ဖြစ်တာမှမဟုတ်တာ ။ တကယ်နစ်နာမှာက ကိုးရီးယားတွေ ။
မြှောက်ပေးတာက အမေရိကန် ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်