Subscribe to our RSS Feed

ပြင်သစ် နိုင်ငံသို့ အမေရိကန် ပြည်ထောင်စုမှ ယူရေနီယမ်များ တင်ပို့ခဲ့



အမေရိကန် ပြည်ထောင်စုမှ Y-12  နျူကလီးယား လက်နက်စက်ရုံဟာ သန့်စင်မှု နှုန်းထားမြင့်မားတဲ့ ယူရေနီယမ်သတ္တု ကီလိုဂရမ် ၂၀၀ နီးပါးကို ပြင်သစ်နိုင်ငံထံ တင်ပို့ပေးခဲ့တယ်လို့
သိရပါတယ်။ အလေးချိန် အတိအကျအားဖြင့် ကီလိုဂရမ် ၁၈၀ ရှိတဲ့ အဆိုပါ ပြည့်ဝယူရေနီယံ တွေကို အမေရိကန် နျူကလီးယား ထိန်းသိမ်းရေး ကော်မရှင်အဖွဲ့ရဲ့ တင်ပို့ခွင့်လိုင်စင် အတည်ပြုချက်နဲ့  ပြင်သစ်နိုင်ငံဆီကို ရေကြောင်းကတဆင့် ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ယူရေနီယမ် သတ္တုတွေဟာ ၉၃ ရာခိုင်နှုန်း သန့်စင်တဲ့ U-235 အမျိုးအစားတွေ ဖြစ်တာကြောင့် နျူကလီးယား လက်နက်တွေအဖြစ် ပြောင်းလဲထုတ်လုပ် လိုက်နိုင်ပါတယ်။

အဲဒီလို ယူရေနီယံတွေ တင်ပို့ပေးခဲ့တဲ့ အကြောင်းကို အမေရိကန် အမျိုးသား နျူကလီးယား ဘေးကင်းလုံခြုံရေး ဦးစီးဌာနက ပြောခွင့်ရပုဂ်္ဂိုဟ်တစ်ဦး ဖြစ်သူ စတီဗင် ယတ် က ပြောကြားခဲ့ပေမယ့် ဘယ်အချိန်က ဘယ်လို ပို့ဆောင်ခဲ့လဲ ဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူ တွေကတော့ အဆိုပါ ယူရေနီယမ် သတ္တုတွေကို စွမ်းအားမြင့် သုတေသန ဓာတ်ပေါင်းဖို တစ်ခုမှာ အသုံးပြုဖို့ ပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်း ပြောကြားထားတယ်လို့ သိရှိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်