စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ညောင်ကုန်းရွာတွင် မဲပေးရေးကိစ္စ အချင်းများ မူဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ထိုသို့ဖြစ်ပွားရာတွင် NLD ပါတီမှ အဖွဲ့ဝင် တစ်ဦးက ပါတီအောင်နိုင်ရေးသာ အဓိက ဖြစ်ကြောင်းပြောကြားပြီး ရွာခံတစ်ဦး အား ဓားနှင့်ထိုးလိုက်ကြောင်းသိရှိရသည်။အထိုးခံရသူမှာ ကြံခိုင်ရေး အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း ရွာနေ ပြည်သူများ ပြောကြားချက်အရသိရှိရသည်။ပုလဲ မြို့နယ်တွင် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလိုင်နှင့် ကြံခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလိုင်တို့ ယှဉ်ပြိုင်အရွေးခံနေကြောင်းသိရှိရသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်