ဒီကနေ့ ကျင်းပ ပြီးဆုံးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲများရေတွက်ရာတွင် အချို့နေရာများတွင် NLD ပါတီမှ ကိုယ်စားလှယ်များ အနိုင်ရရှိနေပေမယ့် ဝေဖန်သူ အချို့က မသမာမှုတွေ တွေ့နေရကြောင်း ပြောကြားမှုတွေ ရှိနေပါတယ်။
ခုကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတ တဲ့ ရွေးကောက် ပွဲ ဖြစ်စေရ မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်က ပြောပေမယ့် ရွေး ကောက်ပွဲ လုပ်မယ့် နေရာ အတော် များများမှာ NLD ပါတီဝင်များက ခြိမ်းခြောက် မဲဆွယ်မှုတွေ မတရားမှုတွေရှိ နေတယ်လို့ သတင်း ရရှိပါတယ်။
မန္တလေး တိုင်းမှာ ကြားဖြတ် ရွေးကောက်ပွဲ မဲ ဆန္ဒနယ် တခုဖြစ်တဲ့ မဟာ အောင်မြေ မြို့ နယ်မှာ မဲပေးတဲ့ နေ့မှာ အချိန်တို အတွင်း မဲပေးသူတွေ အဆင်ပြေ မြန်ဆန်အောင် ထုတ်ပေးထားတဲ့ ကြိုတင် စီစစ်ပြီးသား မဲပေးခွင့် လက်မှတ်တွေကို သက်ဆိုင်ရာက ပြန်သိမ်းတာတွေ ရှိနေသလို နေရာ အတော် များများမှာ မဲဆန္ဒရှင်တွေမှာ မဲပေးခွင့် စီစစ်ပြီးသား ကဒ်ပြားတွေ မရသေးကြောင်း သိရပြီး NLD ပါတီက မတ်လ ၃၀ ရက်နေ့မှာ လူအင်အား များများနဲ့ လိုက်လံ ဝေငှ နေကြောင်း အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင် ဦးမျိုးနိုင်ကိုယ်တိုင်က ပြောပါတယ်။
ပဲခူးတိုင်း တောင်ငူမြို့မှာတော့ အန်အယ်လ်ဒီ ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့် မဲဆွယ် စည်းရုံး ဟောပြောဖို့ ကားပေါ်က အဆင်းမှာ လောက်လေးနဲ့ ပစ်ခံရတာကြောင့် ကားရှေ့ လေကာမှန် ကွဲသွားတယ်လို့ သိရပါတယ်။
Myanmar Express

.jpg) 
 
.jpg) 
 
.jpg) 
.jpg) 
.jpg) 
.jpg) 
 
.jpg) 
 
.jpg) 
 
1 comments:
ဖြစ်မှာပဲ။ မည်သို့ပင်ဆိုစေကာမူ NLD ရှုံးဖို့များနေပါတယ်ဗျ။ တောင်ငူကဘိုးတော်ကတော့ လောက်လေးခွစာ စားရလွန်းလို့ လူ့ဂွစာလို့တောင်ခေါ်ချင်ပါ့ ......ဟားဟားဟား.......။ http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2110182,00.html သမတကြီးကို မဲပေးလိုက်ပါဦး ကဘာမှာ အကျော်ကြားဆုံး ၁၀၀ ထဲမှာပါလာတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်